Monday 4 April 2011

နွီအလွမ်း

နွီဝင်လာကေ ငါအသဲတိ နွမ်းရရေ
လီရူးနန့် မူးဝေလို့ 
ငါစွာ ဥသြငိုသံနန့်  ကျိန်စာသင့်နီရေ လူတစ်ယောက်…

မြူတိအုပ်ဆိုင်း
အရိုးပြိုင်းပြိုင်း သရုပ်တိက
အချစ်တိ ရိတ်သိမ်းခံထားရရေ ယာခင်းတစ်ခင်း
အလွမ်းတိ ဆောက်တည်ရာမဲ့ လွင့်မျောနီကတ်တေ…

သင်္ကြန်…
အပူမှာအပူဆင့်
မင့်အဝါရောင်သံစိုင်တိကို ကြားကေ
ငါ့ရင်ဖတ်တိ ကောင်းကင်ဆန်ပါလတ်တေ
ငါ့ရင်ခုန်သံတိ ကျေးလက်ဆန်ပါလတ်တေ…

ငါစွာ အဝီးမှာ အလွမ်းတိနန့် ကားစင်တင်ခံထားရရေ အကျဉ်းသား
ရီသစ် မြီသစ် ဘဝသရုပ်သစ်နန့် သွီဖီလို့ 
နီညိုတိုင်း အဖပြည်ကို တမ်းတ နီမိရေကား
ဂုလည်းကြည့်…..
ငါ့ရင်ထဲမှာ နွီရာသီတစ်ထည်
နပူပြင်းပြင်း သစ်ရွက်ခြောက်တိနန့် လဲလျှောင်းလို့ 
ယင်း အဆိပ်သင့် အခန်းကျိုင်းချေထဲမှာ…
                                         ခိုင်ရိန်ဇံ
                                        ၃.၄.၂၀၁၁

No comments:

Post a Comment