Thursday 7 April 2011

ချစ်သူသို့ …….(ရည်းစားစာ)

ချစ်သူချေ…။
တိုးတတိတ် မျက်ဝန်းနက်တိနန့်  ကိုယ့်စကြာဝဠာထဲကို မင်းဇာဖြစ်လို့ 
ဝင်ရောက်လာလည်းဝေ။မင်းအပြုံးနုတိ ကိုယ့်နှလုံးသားကို ခခိုက်တုန်အောင် စိုချွဲ…။
မင်းပုံရိပ်ဖြူတိ ကိုယ့်အိပ်မက်တိမှာ မင်းမူ။ မင်းနန့် စတင်တွိဆုံခြင်းတဒင်္ဂစွာ ကိုယ့်
ဟြှင်သန်ခြင်းနိယာမရဲ့  မိုင်းထောင်ချီ နိဒါန်းအစ…။ ကိုယ့်နွီရာသီတိ
ပိတောက်၊ငု၊ခမောင်းတိ ပင်ယံဆင့် ပွင့်ပိုက်ကတ်တေ။ ကိုယ့်အာရုဏ်ပျိုတိ မင်းနိုးထခြင်း
ကိုကြိုဆိုယင်း...ရောင်စဉ်ကိုးမျိုးအလှတိုးလို့ ။ ကိုယ့်ဥယျာန်ချေမှာ သစ်လွင်မှုတိအားလုံး
မင်းအလာကို စောင့်ကြိုနီကတ်တေ။
အချစ်ဆိုစွာ ပူလောင်ခြင်းတိရဲ့ ဘုရင် လတ်။ ပြီးကေ အချစ်ဆိုစွာ ကြည်နူးခြင်းတိရဲ့  ကမ္ဘာ
လတ်။ ဇာပိုင်ပင်ဆိုဆို မင်းနန့် တွိဆုံခြင်းစွာ ကိုယ့်အမှောင်ညရဲ့  လမင်းကြီး…။
ကိုယ့်ခရီးကြမ်းရဲ့  မြရိပ်ညို…။ ကိုယ့်ပင်လင်ပြာရဲ့  စိုင်းဒြားမင်းခွာချေတစ်ကောင်…။
တေးသံစုံကြည်နူးမှုတိနန့်  ကိုယ့်နိစ္စဓူဝတိစွာ ပိုပြီးကေ အသက်ဝင်ပါလတ်တေ။ မင့်ညှိ့ 
ဓာတ်တိနန့်  ရစ်တွယ်မိခဗျာယ်။ ကိုယ့်နှလုံးသားစွာလည်း မင်းဝင်္ကာထဲမှာ လဲပြို…။
ထွက်ပေါက်မဲ့ ကိုယ် လုံးဝကျယှူံးးလခဗျာယ်ဝေ။
စိမ်းကားမှုပန်းတိ မဖူးပွင့်ဖို့  ကိုယ်မင်းကို မိတ္တာရပ်ခံပါရဇီ ချစ်သူချေ။ ပြီးကေ
ကိုယ့်ရင်ခုန်သံတိကို နားလည်ဖို့  ကိုယ့်မျှော်လင့်ခြင်းတိကို မင်းထံပါးမှာ ယစ်ပူဇော်ခံပါရဇီ။
မင်းစိတ်ကြိုက်…မင်းဆန္ဒအတိုင်း လွတ်လပ်စွာစီးဆင်းပီးပါ။ မိုးတိမ်သားတိနန့်  ယိမ်းနွဲ့ လို့ 
ကိုယ်စွာ မင်းတိုက်ခတ်ရာကို ဦးတည်နီခရေ။ ကိုယ့်ဝင်သက်ထွက်သက်တိုင်းစွာ
အလှပဆုံး စုပ်ချက်တိ စစီရရီ။ မင်းအတွက် အချစ်ပန်းချီကားတစ်ချပ် ယယုယယ့
ကိုယ်စိုက်ပျိုးနီမိလီရဲ့…..။
ကိုယ် မင်းကိုချစ်တေ။ အာဒံက ဧဝကိုပြောခရေစကား…။ ရိုမီယိုက ဂျူးလီးယက်ကို
ပြောခရေစကား…။ ကိုယ်ကမင်းကိုပြောရေစကား…။ဘာသာစကားချင်း ကွာချင်ကွာလိမေ
အဓိပ္ပာယ်ကတော့အတူတူပါရာဝေ။ မင်းနန့်  တစ်တောင်ပံတည်း အတူပျံသန်းချင်ရေ…။
မင်းပါရေ ကမ္ဘာတစ်ခုမှာ မင်းနန့်  ထာဝရလွင့်မျောချင်ရေ…။ ကန္တာရရိုင်းထဲကို
ရောက်ချင်ရောက်လီ…။ ဒေါမာန်ထ သမုဒ္ဒရာကြမ်း အလယ်မှာ လဲပြိုချင်လဲပြိုလီ…။
ကိုယ်နိန့် ရက်တိက မင်းနန့် ရာဆိုကေ သောကတိ ဆိတ်သုန်း
အမုန်းတိပြည်ဖုံးကားချပြီးသားရာ။
ထပ်ပနာ ကိုယ်ဟြှင်သန်ဖို့  မင်းပါးက ခွန်အားတိ တောင်းခံပါရဇီ။ မင်းအကြင်နာ
မင်းယုယမှုမင်းအပြုံးတိရာ ကိုယ့်ဝိညည်မှာပူးကပ်လာဖို့ ဆိုကေ… ချစ်သူချေ ကိုယ်စွာ
သူရဲကောင်းတိရဲ့ မြစ်ဖျားခံရာ ဖြစ်လိမေ။ အာဇနီတိရဲ့ အမြုတေ နန်းမြို့ ဖြစ်လိမေ။
ချစ်သူချေ… သံယောင်သားတိနန့်  နွဲ့ လျရေ မင်းချစ်စကား ကိုယ့်နှလုံးသားကို ပန်ဆင်ခွင့်
ပီးပါဝေ…။ ကိုယ့်အနာဂတ်တိမှာ မင်းအပြုံးလဲ့လဲ့တိ စီခြယ်ယင်း… တိမ်တောက်တေ
ဆည်းဆာတစ်ထည်… လီရူးပျော်ရေ ညဇာသားတစ်ခင်း… ကမ္ဘာ့နှစ်သက္ကရာဇ်တိ
အဆုံးမှာ ကိုယ်စွာ လူသားထဲက အပျော်ရွင်ဆုံးဇာတ်ကောင်တစ်ကောင်…ဖြစ်ပါရဇီ ဝေ။
ကိုယ်စွာ အပျော်ရွှင်ဆုံး ဇာတ်ကောင်တစ်ကောင်ဖြစ်ပါရဇီ ဝေ ချစ်သူချေ။

၁၉.၂.၂၀၁၁

No comments:

Post a Comment