Monday 4 April 2011

အိမ်

ဘဝမှာ အလုံခြုံဆုံး နီရာပ
မိဖရင်ခွင် ဟိရေ
ကမ္ဘာကြီးပေါ်က တစ်နီရာနန့် လည်း အစားထိုးမရရေ ခြံဝင်းချေတစ်ခု
ဆွီမျိုးရင်းချာ အသိုင်းအဝန်းတိ ဟိရေ
ငယ်ဘဝ ပုံရိပ်တိ ဟိရေ
နွီရောက်တိုင်း လီရူးတိ ဝီနီကျ ကွင်းပြင်ချေတစ်ခု ဟိရေ
ငါရို့ ပြီးပြီးနီကတ်ခ နိန့် ခင်းသားချေမှာ…..

ယင်းရိပ်မြုံချေမှာ
တစ်ခါက ငါ့အဖိုးအဘောင်တိ ဂေါင်းချလားရေ
ငါ့အစ်မတစ်ယောက် လူမမယ် သူမမယ် ဆုံးပါးလားရေ
ငါစိုက်ပျိုးခ စံပယ်ပုဒ်ချေတစ်ပုဒ် နပူလောင်သီဆုံးလားခရေ
ငါ့အိပ်ရာခြီရင်းမှာ လာလာအိပ်နီကျ ကြောင်ဖြူချေတစ်ကောင် ပျောက်ဆုံးဖူးခရေ
ဂုကား ငါက…ယင်းရိပ်မြုံချေနန့် အဝီးမှာ
အလွမ်းတေးခြင်းတိဆိုလို့ …..

ကမ္ဘာမြီထက်က တစ်ခုတည်းဖြစ်တေနီရာချေ
အနွီးထွီးဆုံး
အပြည့်စုံဆုံး
အလုံခြုံဆုံးဖြစ်သင့်စွာ
ယင်းနီရာချေမှာလေ….
ငါရို့ ကိုယ့်အိမ်မှာ ကိုယ်နီယင်း အာဂန္တုတိဖြစ်ခရရေ
ကိုယ့်ထမင်းကိုယ် ဟြှာစားယင်း ရွာထိပ်က လငတ်တစ်မိသားကို ကြောက်နီခရရေ
စိတ်ပျက်လက်ပျက် ကျေးလက်တောထဲကျွံကျ
ကိုယ့်ရိပ်မြုံချေကို စုန်ကန်ယင်း
ဟိုးအဝီး ရီမြီသစ်တိကို လွင့်လာခကတ်ရရေ...

ရီမြီသစ်မှာ ဘဝသစ်တိနန့် ယစ်မူး
ယင်း ယစ်မူးမှုတိစွာ ငါ့ရိပ်မြုံချေထက် လုံခြုံမှုဟိနီပြန်ရေ
ငါ့မိဖရင်ခွင်ထက် ပြည့်စုံမှုဟိနီပြန်ရေ
ငါ့ ဆွီမျိုးရင်းချာတိထက် နွီးထွီးမှုတိကုံလုံနီပြန်ရေ
ယင်း ရီမြီသစ်ချေမှာ…
ငါစွာ အသက် ၅၀ကျော် မလေးကြီးတစ်ယောက်နန့်  ခင်မင်ခွင့်ရခရေ
၅လွာ တိုက်ခန်းသစ်ချေမှာ စိတ်ချလက်ချ ခိုနားခွင့်ရခရေ
နှစ်ပေါင်း ၂၀၀ ကျော်ညှိးနွမ်းခ ကိုယ့်အမျိုးသားဟန်ပန်ကို  ဂေါင်းရင်းမှာချိတ်ဆွဲယင်း ညလုံးပေါက် ကြည်နူးမှုတိနန့် ပျော်ဝင်နီခရေ
နိန့် ရက်တိစွာ အမာရွက်တိနန့် အသားကျ ထုံကျိုင်လို့ …

ကမ္ဘာမြီထက်က တစ်ခုတည်းဖြစ်တေ နီရာချေ
နွီရောက်လို့  ရွက်ခြောက်ချေတိ ကြွီတိုင်း
အရိုးပြိုင်းပြိုင်း ရွက်ပြတ်ပင်အိုတိကြား ငါ့အလွမ်းတိကိုငါ ကြားကြားလာနီမိပြန်ရေ
ဘာဘာ မေမေ...
ယင်း ရင်ခွင်ထဲမှာလေ
လောင်းရိပ်ကကင်းနန့် ထာဝရ ခိုနားခွင့်ရခဖို့ ဆိုကေ
ဘဝစွာ ဇာလောက်ထိ ချိုမြိန်လီဖို့ လဲဝေ…

                         ခိုင်ရိန်ဇံ
                        4.4.2011(11:55PM)ရက္ခဝဏ္ဏရင်ခွင်

No comments:

Post a Comment