Saturday 12 March 2011

မိမရ ဓညဝတီနိန့် ညများနန့် အတူ…၂


                                       ၂။
သင်္ဘောက သူ့ အရှိုန်နန့် သူ တရွိရွိပြီးနီရေ။ သင်္ဘောလားရေအရှိုန်ကြောင့် ပင်လယ်ကြော ပြင်ထက်မှာ သင်္ဘောခြီရာတိ ကြောင်းပနာ ပေါ်ကျန်ဟိလိုက်ကတ်တေ။ လှိုင်းချေတိက
လည်း ဗွက်တက် ဗွက်တက်ထလို့ ။ ယင်းသင်္ဘောခြီရာ လှိုင်းဗွက်ချေတိ နောက်မှာ
ကကြိုးစုံ ဇင်ယော်ငှက်ချေတိက အုပ်စုဖွဲ့ ပနာ လိုက်လာပျံသန်းလို့ ။ကောင်းကင်ပြာကြီး
ကလည်း နီရောင်မခို့ တရို့ နန့် ပင်လယ်ပြင်အလှကို အိနြေ္ဒရရပန်ဆင်ထားဗျာယ်။ ခရီး
စဗျာယ်။ ဝင်းမောင် သင်္ဘောလက်ရန်းကို မှိန်ပနာ အာရုဏ်ဦး ပင်လယ်ပြင်အလှတိကို  ခံစားနီမိရေ။ ပင်လယ်ပြင်စွာ ကြက်သရေဟိလိုက်တေကား…။ အခန်းထဲမှာက ခင်မောင်၊သာလှ နန့်  ညိုမှိုင်းရို့  ထိုင်ပနာ သံတွဲသားတိနန့် စကားပြောနီကတ်တေ ထင်ရေ။ တွေးယင်း သူငယ်ချင်းတိ အကြောင်းကို စိတ်က ရောက်လားမိရေ။ ညိုမှိုင်းက သူနန့် ငယ်သူငယ်ချင်း။ ခင်မောင်နန့် သာလှကတော့ သိစော်မကြာသိမ့်။ သူရို့  တိကလည်း နယ်နီးနားချင်းတိရာ။ အားလုံးက ဒေနှစ်ပထမနှစ်စတက်ကတ်ဖို့ ။ သူက ဥပဒေမေဂျာ၊ ညိုမှိုင်းက အင်္ဂလိပ်စာ၊ခင်မောင်က ဘူမိဗေဒ၊ သာလှက မြန်မာစာ။ အားလုံးက အသက်အရွယ်မတိမ်းမယိမ်းတိဂျေး။ ဘဝစွာ နံပတ်(၁) အစအနီနန့်  ရီခြားမြီခြားကို ရွက်လွှင့်တိုက်ပွဲဝင်နီဗျာယ်။ တွေးနီယင်း လှိုင်းဒဏ်ကြောင့်သင်္ဘော လားနှုန်းတိ ပြောင်းလားပနာ ယိမ်းထိုးခါ သိမ့်သိမ့် တုန် လားရေ။ အိန်း…. နောင်တော်ကြီး နောင်တော်ချေ နားကို ရောက်ဗျာယ်ထင်ရေ။
                         …………………………………………….
နီက စကေစကေ မှောင်လာဗျာယ်။ ဆည်းဆာရောင်နီနန့် ပင်လယ်ပြင် ကိုယ်သားထက်မှာ ဗျိုင်းအုပ်ဖြူ တိကလည်း ဟိုတစ်စု ဒေတစ်စု။ တိမ်ရောင်စုံတိကလည်း အာကာလီနှော့  တ့တော့မှာ ရုပ်ပုံမျိုးစုံ ဆီသားချယ်လို့ ။သဘာဝအလှတိက ဆန်းကြယ်နုရွှလွန်းပါရေ။
အေး…ယေလဲ မနုရွှ မလှပနိုင်စွာတိက သင်္ဘောထက်မှာ။ တဒုန်းဒုန်းနန့်  ခုတ်မောင်းနီရေ သင်္ဘောက အပြုံးမပျက် အမှောင်ထဲကိုတိုးဝင်လို့ ။ လျှပ်စစ်မီးရောင်မှိန်ပျပျမှာ လူတိက ဟိုနားတစ်စု ဒေနားတစ်စု့ ။သင်္ဘောလက်ရန်းနားမှာ၊ အိမ်သာဒေါင့်နားမှာ၊ သင်္ဘောနောက်ဖက်ပြင်မှာ… လူတိ လူတိ။ မကန် မကန်…မကန်ဆိုမှ မကန်။ ပြွတ်သိပ် ပိတ်ညုပ် နီရာယူလို့ ။ ခြီချစရာတောင် နီရာမဟိ။ ယင်းစော်မှာ ဝါကြီး ဝါကြီးမလည်းပါရေ။ အပျိုမချေ လည်းပါရေ။ နို့ စို့ ချေသားအမိလည်းပါရေ။ ယေတင်မက စစ်ယူနီဖောင်းနန့်  စစ်သားတိ တောင်ပါရေ။ အားလုံး ဝလုံးချသုတ် နီရာယူလို့ ။ ပဇောင်ပိုင် ယင်းသဘာဝအလှတိကို ခံစားနိုင်ကတ်ဖို့ လဲ။ ဝင်းမောင် မြင်ကွင်းထဲက ပြယုဂ်တိအားလုံးကို ဖယ်ခွာပနာ အခန်းထဲကို ဝင်လာခရေ။ လွန်း…အထဲမှာ ငါ့ကောင်တိ အားလုံးခြွီနီကတ်ဗျာယ်ကား။
                    ……………………………………………………
ယင်းပိုင်နန့် တစ်ညလုံး အိပ်စက်ခြင်းရာသီမှာ သောကတိလည်း အားလုံးသီဆုံး၊ သင်္ဘော
ကြီးလည်း ဇာကိုဦးတည်လို့ ဦးတည်နီမှန့်းမသိဗျာယ် ။ ည….ည...ည...။အိမ်မက်တိ လှိုင်း
သံနန့် ယိမ်းထိုးနီယင့်ဝေ။
                   ………………………………………………………...
ပယ်လယ်၊မြစ်၊ချောင်း……နိန့် ရက်၊ အချိန်နာရီ…ဆိုက်ကပ်ပခရေ မြို့ ရွာ ဆိပ်ကမ်းတိ။ ဝီးလို့ မှုန်လို့  ဝါးလို့ ။ ဘေးက အစ်ကိုတစ်ယောက်က စစ်တွေမြို့ ကိုမြင်ရဗျာယ်လို့ ပြောမှ ထပနာ လှမ်းမျှော်ကြည့်မိလိုက်တေ။ ကျွန်းဆန်ဆန်မြီသားကုန်းမြီ ၊ တိုက်တာအိမ်ခေါင် မိုးတိ ဆိုက်ကပ်ထားရေ သင်္ဘော ဘုတ် ကြီးငယ်တိ၊ ထထိုးထထောင် အုန်းပင်စိမ်းစိမ်းတိ။ သံတွဲသားအစ်ကိုကြီးကဒေဖက်အစွန်ကစွာ ပွိုင့်လတ်။ သီးသန့် အငူချေဆန်ဆန် ကျွန်းလက်တက်ချေ ထက်ကမြင်းကွင်းတိ၊ မျှော်စင်လိုလို မီးပြတိုက်လိုလိုလည်းမြင်ရရေ။ အားလုံးက အထူးအဆန်းတိဂျေးရာ။ ရောက်ကားမရောက်ဖူး။ သင်္ဘောက လက်ယာရစ် ပတ်ပြီးကေ ဆိပ်ကမ်းထဲက တဖြည်းဖြည်းဝင်လာခရေ။ သင်္ဘောအရှိုန်ကလည်း သိသိသာသာ လျှော့ လားခရေ။ လူတိ အိမ်မြီ တိုက်တာတိ ပိုလို့ ပီပြင်လာရေ။ လူအားလုံး
လည်းနိုးထလန်းဆန်းလာဗျာယ်။ အထုပ်အပိုးကိုပြင်ဆင် ကမ်းကပ်ဖို့ လိုအပ်ချက်အတွက် ခရီးသည်အားလုံး လှုပ်လှုပ်ရွှရွှဖြစ်နီကတ်ဗျာယ်။ အချိန်က ညဇာသား ၄နာရီဝန်းကျင်… နီဖူးညိုစ ရောင်စုံရှူခင်း။
             …………………………………………………………………..
                                                      ခိုင်ရိန်ဇံ(13.3.2011)
                                                            အပိုင်း ၃ မျှော်….

No comments:

Post a Comment