Saturday 31 December 2011
၃၁ ဒီဇင်ဘာ
၃၁ ဒီဇင်ဘာ
တစ်နှစ်မှာ တစ်ခါ
နိဂုံး ကမ္ပတ် အဆုံးသတ်ဖို့  မင်းရောက်ဟိလာခြင်းက
ငါရို့ တိအတွက် "နာကြင်စရာ ကမ္ဘာ"
သွီးတိနန့် ရီးလို့ 
သမိုင်းစွာ မြင့်မြတ်ခြင်းကနိန် လက်အောင်ခံ ဘဝသို့  လားရာလမ်း
နှင်းရိုင်းခခါးတိ ပြုံးလှောင် ရယ်မောနိန်ကတ်တေ...
နှစ်ပေါင်း ၅၀၀၀ကျော် ကိုယ့်ထီးကိုယ့်နန်းခရီး
ခလုတ်တစ်ချက် သွီးတစ်စက် ကွဲစွာနန့် 
လူမျိုးတစ်ရပ်လုံး ကျွန်တွင်းကို ရောက်ခရရေ ဖြစ်ရပ်
ပြန်စဉ်းစားတိုင်း ရင်နာရရေ ...
သြော် .... ... ... ၃၁ ဒီဇင်ဘာ
နှစ်ပေါင်း ၂၂၇ နှစ်တာထိ ရင့်ရော်လို့ 
မျိုးဆက်တိ တစ်ရာသီပြီး တစ်ရာသီ ကြွီပြုန်း
လောင်းရိပ်မိ ကျိန်စာဆိုး ပြဇာတ် တစ်ပုဒ်လို့ ရာ ဆိုချင်ရေ...
လွတ်မြောက်ချင်ဗျာယ် ဝေ...
ဇာသူ့ လက်အောက်မှာ ဇာဘဝနန့် လည်း မနိန်ချင်
ကိုယ့်သွီး ကိုယ့်သား
ဆန္ဒ ... .... ဘဝ
လက်ဟိ ပစ္စက္ခက အိပ်မက်ကို အရောင်ဆိုးခြင်းပိုင်ရာ
သြော် ... ...  ၃၁ ဒီဇင်ဘာ
သက္ကရာဇ်တစ်ခု အဆုံး
နှစ်သစ်တစ်ခု အစ
အတိတ်မှာ ကပ်ငြိနိန်ရေ သွီးတိကိုလည်း ဆီးပစ်ချင်ဗျာယ်...
စိတ်သစ် လူသစ်နန့် တူးဖော်လို့ 
နစ်မြုတ်ခြင်းမဲ့ စာမျက်နှာသစ်တိ
ငါ ယုံကြည်ရေ ...
၃၁ ဒီဇင်ဘာ
တစ်နိန့် တစ်ရက်မှာ  မင်းစွာ
ရခိုင်ပြည်သားတိ အတွက် နှစ်သစ်ကူး ရက်တစ်ရက် လုံးဝဖြစ်လာဖို့ ဆိုစွာ
ငါရို့ ယင်းနိန့် ကို မျှော်လင့်နိန် ယင့်ဝေ...
                                                          ခိုင်ရမ္မာ(၃၁.၁၂.၂၀၁၁)
မင်း အယင်ထွက်လားပါ ဒီဇင်ဘာ
ဒီဇင်ဘာ
မင်းထပ်ရောက်လာပြန်ရေ
ဖိတ်ကြားခြင်း စည်းတိကို နင်းဖြတ်
လူ့ ကျင့်ဝတ်တိကို ထမိန်စုတ် တစ်ခုလောက်တောင် တန်ဖိုးမထားရေ မင်း
ညှင်းသသိုး အကြည့်တိနန့်  မင်းထပ်ရောက် လာပြန်ရေ မလားယေ...။
နှစ်ကာလတိ ရင့်ရော်လို့ 
ဒဏ်ရာဆိုစွာ ကျက်ချိန်တန်ကေ ကျက်တတ်တေ အရာ
ယေလဲ...ယင်းအတိတ် ဒဏ်ရာ
မင်းရောက်လာကေ
ပြန်ပနာ နာနာလတ်တတ်တေ...။
သက္ကရာဇ် ၁၁၄၆
မင်းမှတ်မိဖို့ လားမသိ
ယုတ်ညံ့ကောက်ကျစ်တေ ဆောင်းကျွီးသံ ခခါးအောက်
ငါရို့ ဖိုးဖီးဇူဇာတိ လိုင်ခြောင်းသွီးဖောက် ခံခရစွာ
နှစ်ပေါင်း ရာထောင်ချီ ငါရို့ အဖရခိုင်နိုင်ငံတော်ကြီး ပျက်သုန်းခရစွာ
လက်မှာ ကြိုးဖောက်သိမ်ပနာ တိရိစ္ဆာန်တိပိုင် အပြုကျင့်ခံခရစွာ
ယင်းမှာ.....ငဝိုင်း၊ ငပေါ်ရို့ အပြင် မင်းလည်း အပေါင်းပါ
ရခိုင် ဆောင်းရရင့်ထက်
ဒီဇင်ဘာ...မင်းစွာ ခါးထောက်ရယ်မော
ကိုယ်တီးလုံး ငါရို့ ဖိုးဖီးတိကို အအီးဆိပ်တိ ပက်ဖြန်းပခရေ မလား...
မင်းကို ငါမုန်းရေ ဒီဇင်ဘာ...။
မင်းက မသိလိုက် မသိဘာသာ
ခရစ်စမတ်ညတိမှာ မီးရောင်စုံတိနန့် ယစ်မူး
နှစ်သစ်ကူးဗျာယ်ဆိုပနာ ၁၂နာရီ တတိကို စောင့်ပနာ ခွီးတိပိုင်အူ
မင်း မာယာပရိယဉ်...
မင်း စိတ်နိန်စိတ်ထား...
အူထဲ အသဲထဲကပင် ငါရွံလိုက်တေ ဒီဇင်ဘာ
ငါ ဂသိုင်းကျလိုက်တေ မင်းကို...။
ကျေးဇူးပြုပနာ မင်းအယင်ထွက်လားပါ
မင်းနန့် တတူ ငါရို့ မျိုးနွယ်တစ်ခုလုံးကို မင်းလွှမ်းခြုံထားရေ အအီးဆိပ်ခခါးကိုလည်း ယူလားပီးပါ
ဒီဇင်ဘာ
နှစ်ပေါင်း ၂၂၇ နှစ်ဆိုစွာ ငါရို့ လွတ်လပ်သင့်ရေ အချိန်ပါဝေ
မင်း ထွက်လားပီးပါ...
မင်း အယင်ထွက်လားပီးပါ ...
မင်းနန့် တတူ ငါရို့ မလွတ်လပ်ခြင်းတိကိုလည်း ယူလားပီးပါ ဒီဇင်ဘာ...။
                                                              ခိုင်ရမ္မာ(၂၅.၁၂.၂၀၁၁)
အချစ်
အချစ်...
ငါ့ကိုယ်ငါ ချစ်တေ အချစ်
ငါ့လူမျိုးကိုငါ ချစ်တေ အချစ်
ငါ့နိုင်ငံကိုငါ ချစ်တေ အချစ်
ငါ့ကောင်မချေကိုငါ ချစ်တေ အချစ်
ငါ့ဝါသနာကိုငါ ချစ်တေ အချစ်
ငါ့ဘော်တာတိကိုငါ ချစ်တေ အချစ်
အချစ်....
မြစ်တစ်စင်းပိုင် မတန့် ဘဲစီးဆင်း
ကမ္ဘာတည်သရွိ့ မေတ္တာတရားလီညှင်းတိသင်းလို့ 
ယင်း...လူသားအားလုံး အီချမ်းပါဇီကြောင်း ကို....။
                                                          ၂၆.၁၁.၂၀၁၁
Thursday 8 December 2011
အဝီးပျံငှက်တိ ပျံသန်းရေ ရာသီ
ပျံသန်းခြင်းစွာ ဘဝတစ်ခုဖြစ်ပါဇီဝေ...
ကြံ့ ခိုင်သန်မာဖို့ 
မြတ်နိုးမှုတိ ကုံလုံရေ မွီးရပ်ကို စွန့် ခွာ
တောင်ပံခတ်သံ ... နှင်လီဖို့ ခရီး
သွီးတိ အီးခဲလားရေ အထိ
ဘဝစွာ လီပြင်းမုန်တိုင်းဆန်ရေ ကကြိုးကကွက်တစ်ခု
ငါ ယဉ်ပါးလာခရေ ...။
မာတီကာချရယ် နှင်းမှုန်တိကြား
တစ်ခါ တစ်ခါ ကိုယ့်အံဖတ်တိနန့် ကိုယ် ချမ်းခခိုက်တုန်ရီ
ရွီးချယ်ခွင့်မဟိရေ အနမ်း
အပြုံးစွာ အဆိပ်သင့်ဟန်ဆောင် ပန်းတစ်ပွင့်ရာဖြစ်တေ
ငါ တဖြည်းဖြည်း ပန်ဆင်ဖို့ တတ်လာခယင့်...။
ယင်းနိန်ရာ...
ဆူးတိ ပလပွနန့်  မာန်ထချင်တိုင်းထ
စမတ်အကျဆုံး နောက်ဆုံးပေါ်အသွီးအသားတိကို ပိုက်ပွိ့ လို့ 
မျက်တောင်မခတ် သူရဲကောင်းဆန်နိန်ပုံမှာဆိုကေ
ငါ ကြက်သီး ဖြဖြန်းထလောက်တေ...။
ယင်းပိုင်...
နေတဓူဝ ကာရံမဲ့ရူ့ ခင်း
အလွမ်းတိ ပြန့် ချင်ပိုင် ပြန့် ကြဲ ဝီသီ
ခေတ်...
စနစ်...
လူဖြစ်လာရေ သဘောတရားတမျှော်တခေါ်
ငါရို့  ပျံသန်းခြင်းရာ ဘဝဖြစ်လီ ယင့်ဝေ...။
                                               ခိုင်ရမ္မာ
                                               ၈.၁၁.၂၀၁၁
Thursday 17 November 2011
ခညံ့ညံ့တိ...
ခညံ့ညံ့ ညတိ
ခညံ့ညံ့ နိန်ထိုင်ခြင်းနန့် 
ခညံ့ညံ့ အတွေးအခေါ်တိ ကြီးစိုးရေ။
ခညံ့ညံ့ လူငယ်တစ်ယောက်
ခညံ့ညံ့ အရည်အသွေးတိနန့် 
ခညံ့ညံ့ စကားတိ အရူးချီးပန်းနိန်ယင့်။
ဟ ဟ...
ယင်းပိုင် ခညံ့ညံ့ ကံဇာတာ
ခညံ့ညံ့ အမူအကျင့်
ခညံ့ညံ့ စိတ်ဝိညာဉ်တိ နန့် ရာဆိုကေ...
မလွယ်ဝေ မောင်မောင်...
သတိထားဖိ မတ်။
                      ၁၆.၁၁.၂၀၁၁
ဆန္ဒ
နွီတေးချေတစ်ပုဒ် ပြန်ပနာဆိုချင်ရေ...
အလွမ်းတိနန့် 
အမှတ်တရတိနန့် 
နုပျိုမှုသစ်လွင်မှုတိနန့် 
ငါ...
ချချွဲနနွဲ့  ခံစားပနာ ပဝေ။
ခုနှစ်သက္ကရာဇ်တိ မလို
ကျောင်းသင်ခန်းစာတိ မလို
စိုးရွံ့ မှုတိ မလို
ပကတိ နွဲနှောင်းရေ အာသီသတိနန့် ပ
ငါ...
နွီတေးချေတစ်ပုဒ် ချချွဲနနွဲ့ ဆိုပစ်ချင်ယင့်ဝေ။  
                                     ၁၇.၁၁.၂၀၁၁
Sunday 13 November 2011
ယုန်ချေ ..... သို့ 
ယုန်ချေ...
သတိရ
တမ်းတ
လွမ်းရရေကား ဝေ...။
ယုန်ချေ...
မြတ်နိုး
တန်ဖိုးထား
အမှန်တရားတိပါ ဝေ...။
ယုန်ချေ...
ဇာလောက် ဝီးဝီး
ဇာလောက် ကြာကြာ
မင်းစွာ ကိုယ့်ထာဝရ
ကိုယ့်ဘဝအတွက် ဘုရင်မပါ ဝေ...။ 
                                   ၁၃.၁၁.၂၀၁၁
Friday 11 November 2011
အချစ်
ငါသိသလောက်
အချစ်ဆိုစွာ
အဆံကြကြီးနန့်  ခေါင်းလောင်းတစ်လုံး။
အသံမြည်ဖို့ တစ်ခုတည်းတင်မက
ဘောတိပြဖို့ လဲ အဆင်တန်ဆာ
ခေါင်းလောင်းစွာ ခေါင်းလောင်းဖြစ်နိန်ရုံနန့် မရ
အဆံကြီးရဖို့ 
မြည်အားကောင်းရဖို့ 
လူမြင်သျှင်မြင် ပွဲဝင်နိုင်ရေ ရုပ်သွင်လဲ ပေါ်ရဖို့ ။
အချစ်စွာ
သံကကောင်းနန့် လုပ်ထားရေ ခေါင်းလောင်းတစ်လုံး
အဆံကြကြီးနန့် 
ဝက်ဝက်ကွဲ မြည်ဖို့ စောင့်နိန်လီယင့်။
                                                               ခိုင်ရမ္မာ(8.11.2011)
Thursday 10 November 2011
ကန့် ကွက်ခြင်း
ဘုရင်ပင်ဖြစ်ဖြစ်...
သကြားမင်းပင်ဖြစ်ဖြစ်...
မော်ဒယ်ဂဲလ်ပင်ဖြစ်ဖြစ်...
ခွီးပင်ဖြစ်ဖြစ်...
ရခိုင်ပြည်စွာ ရခိုင်ပြည်...
ရခိုင်ပြည်စွာ ဗုဒ္ဓ နယ်မြီ...
ရခိုင်ပြည်စွာ ရခိုင်သွီးသားတိပိုင် တစ်ခုတည်း အမွီပစ္စည်း...
ရခိုင်ပြည်မှာ ရခိုင်သွီးသားတိ နိန်ရေ...
ကျန်ရေလူတိစွာ ကျန်ရေ လူတိရာဖြစ်တေ...
ရခိုင်ပြည်ကို ပြည်သူပိုင်ပစ္စည်းလုပ်လို့ မရ...
ရခိုင်ပြည်စွာ ရခိုင်သားတိုင်း ရင်ထဲက နှလုံးသားရာဖြစ်တေ...
ဘီဘီစီ...
Anna Jones...
ရိုဟင်ဂျာ...
ဘင်္ဂလီ ခေါ်တောကုလားတိစွာ ဘင်္ဂလီ ခေါ်တောကုလားတိရာ ဖြစ်တေ...
ရခိုင်ပြည်မှာ ရိုဟင်ဂျာဆိုရေ သစ်ပင်မပေါက်စီရ....
လာစိုက်တေကောင်ကို မောင်းထုတ်...
အပင်ပေါက်လာကေ ဆွဲနုတ်...
ရခိုင်သားပိုင် ရခိုင်မြီ တစ်လက်မတောင် အဆုံးယှုံးမခံနိုင်...
အရိပ်နိန်နိန် အခက်ချိုးချိုးလာပျင်ကေ နိဂုံးချုပ်ဆိုးလိမေ...
အအီးချချမ်း...လူပြည်မှာ လာနိန်စွာ အိမ်သျှင်ကို လာမဟောင်ကေ့...
လက်သီးလက်မောင်းတန်းပနာ ကန့် ကွက်ကတ်ရဖို့ ...
ဘီဘီစီ...
Anna Jones...
ဘင်္ဂလီ ခေါ်တောကုလားတိ...
ကမ္ဘာတည်သရွိ လုံးဝ ကန့် ကွက်တေ...
                                ခိုင်ရမ္မာ(10.11.2011)
Monday 7 November 2011
တိမ်းတိမ်းနိန်ပါ မောင်မောင်
မောင်မောင်
မတ် တိမ်းတိမ်းနိန်သင့်ရေ။
မတ် လုပ်စရာဟိစွာလုပ်
ဖတ်စရာဟိစွာဖတ်
ရီးစရာဟိစွာရီး
ဘဝစွာ မတ်ထင်သလောက်မလွယ်ဝေ။
ပြီးလမ်းမှန်ကိုရောက်ဖို့ 
မတ်ခြီထောက်တိစွာ သန်မာရိုးမှန်ယာလား
ဆန်းစစ် သုံးသပ်
တိုက်ပွဲစွာ လက်တစ်ကမ်းမှာ မတ်ကိုစောင့်နိန်လီယင့်။
မောင်မောင်
မတ် တိမ်းတိမ်းနိန်သင့်ရေ
မလိုအပ်စွာ မပြောဘဲ
မလိုအပ်စွာ မလားဘဲ
မလိုအပ်စွာ မလုပ်ဘဲ
ဘဝဆိုစွာ မတ်ထင်သလောက်မလွယ်ဝေ။
မတ် စိတ်တိကို ဖွင့်ထား
မတ် ဦးဏှောက်တိကို ရယ်ဒီလုပ်ထား
မတ် နှလုံးသားတိကို ယှင်းလင်းထား
အလင်းရောင်လာကေ ပန်းတိုင်အရောက် တာဝင် မှန်အောင်ပ။
မတ် ပြီးရဖို့ သိမ့်
မတ် တိုက်ပွဲဝင်ရဖို့ သိမ့်
မတ် စာမေးပွဲတိ ဖြေရဖို့ သိမ့်
မောင်မောင်
အသိနန့် သတိ မြဲဇီဝေ
ဇွဲမှန်မှန်နန့်  လောကဓံကို နပမ်းလုံးရဖို့ သိမ့်
သောကတိ လှိုင်ထုံရေ ညဇာတိကို နင်းဖြတ်ရဖို့ သိမ့်
မတ် စိတ်ပျော့မလားကေ့
မတ် သတ္တိနည်းမလားကေ့
မတ် ငြီးငွိ့ မလားကေ့
မောင်မောင်
မတ် တိမ်းတိမ်း နိန်သင့်ရေဝေ
ဘဝဆိုစွာ မတ်ထင်သလောက် မလွယ်ပါဝေ။
                                        ခိုင်ရမ္မာ(7/11/2011)
Saturday 5 November 2011
ညတု
ယင်း အိနြေ္ဒမဲ့ ကြဲချင်ပိုင် ကြဲနိန်ရေ မိုးကို မုန်းရေ။
ညတု
အဆိပ်သင့် အလင်းရောင်တုတိနန့် 
ညစွာ အမှောင်မဲ့ရာဆိုကေ ည မပီသ
ရယ်သံ ခခါးတိက တိုက်ကြိုတိုက်ကြား လျှပ်တိုက်ပြီးလွှားနိန်ကတ်တေ။
ဒေချင့် လူငယ်တစ်ယောက်လက်ထဲက ညလား
ဘုရား ဘုရား။
ပျော်ရွှင်မှုတိက
စာရွက်စုတ်တိပိုင် ကြွီမွှပြန့် ကြဲလို့ 
ရင်ခုန်သံ မဟိ
လဲလိုက် မှောက်လိုက်
အသက်ပြပြင်း ယှူပနာ ကိုကာကိုလာတစ်ငုံ စုပ်သောက်လို့ 
တောက်.... ဘဝက ညဥ့်နက်ဆန်လိုက်တေ။
သက်ပြင်းတိ အထိမ်းအကွပ်မဲ့ ကြွီကျလား
အုပ်ထရံကြားက လီရူးပျက်တိကလည်း အငြိမ်မနိန်
တိုးဝှိ့ ကျီစား.... လွန်းမသား စောက်ဆိုး
ပိုးစိုးပက်စက် ဆဲပလိုက်ချင်ရေ။
စိတ်က ဇာလို့ ဒေလောက် ကြွပ်ဆတ်နိန်လဲမသိ
ထလိုက် ထိုင်လိုက်
ခေါင်းကိုင်လိုက် သက်ပြင်းချလိုက်
ဝဝုန်းဒဒိုင်း ဆင်ရိုင်းဆိုးတစ်ကောင် ခေါင်းထဲဝင်ကြမ်းနိန်ရေ။
သတိ မဟိလိုက်ယာ
ယင်း အိနြေ္ဒမဲ့မိုးက ကြဲချင်ပိုင် ကြဲတုန်း
ညတု
အဆိပ်သီးတိ ပင်လုံးပြည့်နန့် ရာ။
ယုန်ဖြူမချေ ... သို့ 
ယုန်ဖြူမချေ
လိမ္မာ ပါဝေ
အိနြေ္ဒ ဟိပါဝေ
ယဉ်ကျေးမှုကို မြတ်နိုးပါဝေ
အမျိုးကို ချစ်ပါဝေ။
ယုန်ဖြူမချေ
မိန်းမ ပီသပါဝေ
အလှအပကို ထိမ်းသိမ်းပါဝေ
ကိုယ့်စကားကို ပြောပါဝေ
ကိုယ့်သမိုင်းကို လေ့လာပါဝေ။
ယုန်ဖြူမချေ
သတ္တိဟိပါဝေ
အမှန်တရားကို မြတ်နိုးပါဝေ
ဘာသာတရားကို ကိုင်းသျှိုင်းပါဝေ
မိဘကျေးဇူးကို သိပါဝေ။
ယုန်ဖြူမချေ
ကိုယ်ပြည်ကို ချစ်ပါဝေ
ကိုယ့်လူမျိုးကို ချစ်ပါဝေ
ကိုယ့်ဒေသကို ချစ်ပါဝေ
ကိုယ့်မိသားစုကို ချစ်ပါဝေ
ကိုယ့်ကိုကိုယ်လည်း ချစ်ပါဝေ။
                                              ခိုင်ရမ္မာ(6/11/2011)
                                              03:59am
Thursday 3 November 2011
ရီမြီခြားအလွမ်း
တစ်နွီပြီးလားတိုင်း
ရွက်ခြောက်ကြွီပသာဒတိကို ခံစား
ဥသြငိုသံကို နားစွင့်ပနာ ငါမင်းကို လွမ်းနိန်တတ်တေ။
တစ်မိုးလွန်လားတိုင်း
မိုးသီးငွိ့ တိကြား
တိမ်ညိုတိကို တမ်းတ မင်းအလှတိကို ငါသတိရနိန်တတ်တေ။
တစ်ဆောင်းပြောင်းလီတိုင်း
ခခိုက်တုန် နှင်းမြူတိနန့် ယစ်မူး
မြောက်လီရူးမြူးခ မင်းနန့် တွိစ အချိန်တိကို မှန်းဆရေ။
အဂုကား ဝေ
နွီလည်းမဟိ
မိုးလည်းမလာ
ဆောင်းလည်းမပေါက်တေ
ဒေ ရီမြီခြားဒေသမှာ
ဇာပိုင်မျိုး တမ်းတ လွမ်းရပါဖို့ လဲ မင်းဘားကို။
                                                   ခိုင်ရမ္မာ(၃.၁၁.၂၀၁၁)
Tuesday 1 November 2011
သငယ်ချင်း...သို့ 
သို့ ...
     သငယ်ချင်း
     ငါသတိတရ စာရီးလိုက်တေ။ မတ်နိန်ကောင်းလား။ မတ်နန့် မတ်မိသားစု အားလုံးနိန်ကောင်းကတ်လိမေလို့  ငါမျှော်လင့်ရေ။
ငါ မတ်ကိုသတိရရေ။ မတ်နန့် အတူ ငါ့သငယ်ချင်းတိ အားလုံးကိုလည်း သတိရရေ။ မတ် အစစ အရာရာ အဆင်ပြေလား။မတ်ကောင်မချေ
နန့် ကား ဇာပိုင်လဲ။ ပုံမှန်လား။ ပုံမှန်ရာဖြစ်ဖို့ လို့ ငါယုံကြည်ရေ။ မတ်ရို့ နှစ်ယောက်က ယလောက်နားလည်မှုဟိကတ်စွာ။ဇာအရာတစ်ခုက
လည်း မတ်ရို့ တိကို စည်းမခြားနိုင်ဆိုစွာ ငါသိပြီးသားရာ။ ငါဝမ်းသာရေ ဝေး။
     ငါလည်း ပြည်ပရောက်စွာ ၂ နှစ်တောင်ဟိလားယာမလား။ တစ်ခုတောင် ကြာပိုင် မတွိလိုက်သိမ့်။ ရန်ကုန်က ငါထွက်လာရေနိန့် မတ်
ရို့ တိတောင် လီဆိပ်ကို လိုက်ပို့ ကတ်တေမလား။ ယင်းနိန့် ကို ငါသတိရ နိန်မိသိမ့်ရေ။ ယင်းနိန့် ကိုငါ ဟိုတစ်ရက်နိန့် ခါပိုင် ရာ  တွေးထင်နိန်မိသိမ့်ရေ။ ယင်းပိုင်ရာဝေ သငယ်ချင်း။ ဘဝဆိုစွာ ဂေါ်လီပိုင် ထိုလိမ့်ဒေလိမ့်။ တနိန့် နိန့် တော့ မတ်သငယ်ချင်းလည်း ကိုယ်ပြည်ကို ပြန်လိမ့် လာလိမေ။ ယင်းခါမှ ထိုင်နိန်ကျနိန်ရာချေမှာ ပြောနိန်ကျ စကားတိ ဆက်ပြောကတ်ဖို့ ပ။ ဟုတ်တေမလား။
     မတ် စာချေဘာချေ ရီးဖြစ်သိမ့်လား။ ကဗျာတိ...အက်ဆေးတိ...ဝတ္တုတိုတိ။ မတ်နန့် ငါနန့် က ရသလိုင်းတူကတ်စွာ မတ်ဖန်တီးမှုတိ အားလုံးကို ငါကြိုက်တေ သငယ်ချင်း။ မဂ္ဂဇင်းတိ ဘာတိကိုကား ပို့ ဖြစ်သိမ့်လား။ ပါကားပါလား။ ရန်ကုန်မှာက မတ်သိရေ အတိုင်းမလွယ်ဝေး သငယ်ချင်း။ အေး မတ်ကို ပြောရဖို့  ငါအဂု ဗမာစာထက် ရခိုင်စာကို ပိုရီးဖြစ်လားရေဝေး သငယ်ချင်း။ AMP ရို့ 
        ငါရို့ တိ ဗမာစာထက်ရခိုင်စာကို ရီးရဖို့ ဝေး။ ဇာဖြစ်လို့ လဲ လို့ မတ်မိန်းချင်မိန်းလိမေ။ ငါ့မှာ အဖြေဟိရေဝေး သငယ်ချင်း။ ရခိုင်သားတိ ရခိုင်စကားပြောကတ်တေ။ ပြီးကေ ဗမာစာကို ရီးကတ်တေ။ ရခိုင်စကားပြော ဗမာစာကို ရီးဆိုကေ အကတ် ပနံမရပိုင် ခံစားရရေ။ လုံးဝမရီး
ရလို့ တော့ မဆိုလိုပါဝေ။ လိုအပ်ကေ ရီးပ။ ယေလဲ လွန်ခါရေ နှစ်ကာလတိကဆိုကေ ရခိုင်သား ၈၀ ရာခိုင်နှုန်းလောက်က ယင်းအတိုင်း ဟိနိန်ခစွာ...။ ဇာဖြစ်လို့ လဲယင်းချင့်...။ ရခိုင်မှာ စာမဟိလို့ လား။ ရခိုင်တိ ရခိုင်စာကို မတတ်ကတ်လို့ လား။ မဟုတ်ဝေး သငယ်ချင်း။ ရခိုင်မှာ စာဟိရေ။ ရခိုင်စာကို ရခိုင်သားတိတတ်ကတ်တေ။ ဆိုကေ ဇာလို့ ရခိုင်သားတိ ရခိုင်စကားပြောပနာ ဗမာစာရီးနိန်ကတ်လဲ။ လူမျိုး
တစ်မျိုးအတွက် စာပီစွာ ဇာလောက်အရေးကြီးစွာ အားလုံးသူ သိရေအတိုင်းရာမလား။ ယင်းချင့်လည်းပြောဖို့ ခခက်ခက်ဝေး။ ပြောကေ
ကောင်းရှည်လားဖို့ သိမ့် ထားလိုက်ဖိ။
         ဇာပိုင်ပင်ဆိုဆို ဒေ ၄  ၅နှစ်လောက်အတွင်းမှာတော့ ရခိုင်စာပီလည်း အတိုင်းတာတစ်ခုထိ ရုပ်လုံးပေါ်လာယာထင်ရေ။ မဂ္ဂဇင်းစာမျက်နှာတိထဲမှာ၊ အွန်လိုင်းစာမျက်နှာတိထဲမှာ ဒေတဂြိုင်း အားရရေဝေး သငယ်ချင်း။ မတ်လည်း ရခိုင်စာကို ရီးနိုင်အောင်လေ့
ကျင့်။ မတ်က မာန်အောင်သားဖြစ်လို့  မာန်အောင်ပုံစံနန့် စရီးဖို့ ငါ အကြံပီးချင်ရေ။ နောက်ပိုင်း ရီးယင်း ရီးယင်း ဖတ်ယင်းဖတ်ယင်း အဆင်ပြေပနာ အသားကျလားလိမေ။ ငါလည်း ရမ်းဗြဲသားဖြစ်ကေလဲ ရမ်းဗြဲပုံစံကို ကျော်လွန်ပနာ ရခိုင်တစ်ပြည်လုံး ပုံစံကို ဖော်ဆောင်ရေ အရီးအသားချေတိ ရီးဖို့ တတ်နိန်ဗျာယ်။ ယေလဲ ပြီးပြည့်စုံယာလို့ တော့ ငါမဆိုလိုသိမ့်။ ငါအများကြီးဆိုစွာထက် အများကြီးလို သိမ့်ရေ။
        ကိုလိုနီခေတ်နှောင်းပိုင်းက ဗမာတိအော်ခရေပိုင် ငါလည်း ရခိုင်ပုံစံချေနန့် အော်ဖို့ တတ်နိန်ယာဝေး။ ရခိုင်စာသည် ငရို့ စာ... ရခိုင်စကားစွာ ငရို့ စကား...ရခိုင်ပြည်စွာ ငရို့ ပြည်...။ ဘာညာပဝေး။ ဇာလဲ မတ်ရယ်နိန်လား။ နိုင်ငံရေးစကားပြောစွာမဟုတ်။ ဒေချင့် ငါရို့ တိ အခွင့်အရေး။ ငါရခိုင်လူမျိုးစွာ ရခိုင်စကားကို ပြောခွင့်ဟိရဖို့ ...ရခိုင်စာ ရခိုင်သမိုင်းကို သင်ခွင့်ဟိရဖို့ ..ရခိုင့်ပြည်အနာဂတ်ကို ဖန်တီးခွင့်ဟိရဖို့ ။ ပြောကေ မကန်ဝေး။ စာကကောင်းရှည်လားဖို့ ။
        အေးဝေး။ အားလုံးကို သတိရရေလို့ ပြောလိုက်ပါ။ သငယ်ချင်းတိ အားလုံးကို။ ငါလည်း နောက်နှစ်ခါ အဆင်ပြေကေ တစ်ခေါက်ပြန် လာဖို့ ။ အချိန်တိုင်း မတ်ရို့ တိကို လွမ်းနိန်ပါရေ။ စကားမစပ် ဟိုယုန်ုဖြူမချေနန့် ပတ်သက်လို့ ကား သတင်းတိ ကြားမိသိမ့်လား။ ကြားကေ ငါ့ကို ပြောပြ ဦး။ မတ်လည်းစာချေ ဘာချေပြန်ဝေး။ အားကေ ငါဖုန်းဆက်မေ။ တော်ယာဝေ...သငယ်ချင်း။
                                                                                            အဝီးက မတ်သငယ်ချင်း
                                                                                             ခိုင်ရမ္မာ
                                                                                             ၁.၁၁.၂၀၁၁(ညည့် ၁၁:၄၅)
                                                                                             စင်္ကာပူ
Saturday 29 October 2011
မျက်မှန်ချေ
မျက်မှန်ချေ တစ်လက်ကိုသတိရမိရေ
ဇာကြောင့်မှန်းမသိ
သာယာမှုတိနန့် အလှအပ သဘာဝတိကိုမြင်ကေ
ယင်းမျက်မှန်ချေစွာ အတွေးထဲ ရောက်ရောက်လာတတ်တေ။
တခါတလီဆိုကေ
ယင်းမျက်မှန်ချေမှာ ဆောင်းအကျီ င်္ံအနက်ဝတ်လို့ 
ထမိန်အပြာချေနန့် 
မျက်မှန်ချေ ပြောရေ စကားတိမှာ
ဂီတသံတိ ပါနိန်စွာ
မျက်မှန်ချေ ကြည့်ရေ အကြည့်တိမှာ
ပန်းရနံ့ တိ ပါနိန်စွာ
တခါက မျက်မှန်ချေ ပီးခရေ
ကဗျာတစ်ပုဒ်ကိုလည်း ကျနော် ချချွဲနွနွဲ့ ရွတ်ဆိုခဖူးရေ။
ဂု မင်းဇာရောက်နိန်လဲ မျက်မှန်ချေ
လှိုင်းပုတ်သံတိကြားကေ
ခေါင်းလောင်းထိုးသံနန့်  ရီတမာ ရနံ့ တိရကေ
လွယ်အိပ်နနီ ပန်းဖော် လည်ကတုံးနန့် 
ကတီဘာဖနပ် စီးခရေ နှစ်ကာလတိကို သတိရမိရေ
ပြီးကေ မင်းပါရေ ကဗျာတစ်ပုဒ်ကိုပါ မျက်မှန်ချေ။
မင်းနန့်  မလိခ သင်္ဘောထွက်ခွာလားချိန်
ငါ့ရင်မှာ ကျန်ခရေ လှိုင်းပွားမျက်ရည်တိစွာ
သက္ကရာဇ်တိ ဇာချား စွပ်စိုလားခရေ ဆိုစွာ
ထို အဝီးက မင်းသိခဖို့ ဆိုကေ
မျက်မှန်ချေ
ငါ မင်းကို သတိရကျိုးနပ်လိမေ ထင်ပါရေ။
                              ခိုင်ရမ္မာ
                          ၂၄.၁၂.၂၀၀၉
ရခိုင်စကားပြောပါမသျေ
မေသ်
နင်ရခိုင်စကားပြောကေ ကောင်းဖို့ 
ရခိုင်မသျေ တစ်ယောက်အနိန်နန့် 
ရခိုင်သွီးသားကို ပိုင်ဆိုင်
ယယိုင် ကျကျေး
အလှကေသာ အပြုံးမျက်ဝန်း
နင့်မှာ အားလုံးပြည့်စုံနိန်စွာ
နင်ရခိုင်စကားပြောကေ ကောင်းဖို့ ။
ပိုးဝါမင်းသမီးအကြောင်း နင်ကြားဖူးရေ မဟုတ်လား
စောသန္တာအကြောင်း နင်ကြားဖူးရေ မဟုတ်လား
စောပြည်ညိုအကြောင်းနင်ကြားဖူးရေမဟုတ်လား
ရှင်မဟာသီလဝံသ မြင်ခရေ ရခိုင်မင်းသမီးအကြောင်း နင်ကြားဖူးရေမဟုတ်လား။
ရခိုင်သမဖြစ်ကေ
ရခိုင်ပီသ
နိမ့်ကျနိန်ရေ အခြေအနေက
ကျရာနိန်ရာထမ်းဆောင်
နောင်တစ်ခေတ်မှာ ရရဲတောက် အာဇနီမိခင်ကောင်းတိ ဖြစ်ရဖို့ မနားယေ။
နင်ပြောခရေစကား ငါ့နားမှာ ကြားယောင်
အဆီအနစ်နန့် 
အပြစ်အနာအဆာ ကင်းကေလဲ
အောက်သားသံပါနိန်ရေ နင့်စကားက ရခိုင်ဓာတ်မပြည့်ဝ
နင်ရခိုင်စကားပြောသင့်ရေ မသျေ။
နင်ပြောရေ...သဇင်ပန်းကို မြတ်နိုးရေ
ရခိုင်မြီကိုချစ်တေ
ရခိုင်သခြင်းနားထောင်ရကေ ပျော်ရေ
ရခိုင်နွယ်ဖွားဖြစ်ရစွာလည်း ဂုဏ်ယူရေ
နင့်စကားကြောင့် ငါဝမ်းသာရေ မသျေ
ယေလဲ နင်ရခိုင်စကားတော့ ပြောသင့်ပါရေ။
ဒေနိန့် အခြေအနေက နင်လည်းသိရေပိုင်
ရခိုင်ဆိုစွာ ဂျောင်ကြားမှာရောက်နိန်ရေဘဝ
ရခိုင်သူရခိုင်သားအားလုံးညီညွတ်ပနာ
ရခိုင်ဂုဏ်ကိုမြှင့်တင်
ရခိုင်ယိုင်ကျေးမှုကိုမြတ်နိုး
ရခိုင်စကားကို တတွပ်တွပ်ပြောပြီးကေ
တစ်နိန့် ရခိုင်မြီမှာ
ရခိုင်အောင်လံ တလူလူလွင့်စီရဖို့ 
နင် ရခိုင်စကားပြောပနာ ဂုဏ်ယူပါမသျေ
နင် ရခိုင်စကားပြောပါ မသျေ။
                                                 ၂၀၀၉
သြော်...အဖ
သြော်...အဖ
အကျွန့် ကို အားပြင်းရေ မြားတစ်စင်းဖြစ်ခွင့်ပီးပါ...
ရခိုင်ပြည်အတွက် ပစ်မှတ်တစ်ခု ပစ်ခွင်းခွင့်ရချင်လို့ ။
သြော်...အဖ
အကျွန့် ကို  ကျယ်လောင်ရေ မိုးခြိမ်းသံတစ်ခုဖြစ်ခွင့်ပီးပါ...
အိမ်မောကျ ရခိုင်သားတိကို နိုးထလားအောင် အော်ပစ်ခွင့်ရချင်လို့ ။
သြော်...အဖ
အကျွန့် ကို  ရက်စက်တေ အက်တမ်ဗုံးတစ်လုံး ဖြစ်ခွင့်ပီးပါ...
ရခိုင်ပြည်က ဂုတ်သွီးစုပ် ဖွတ်တိရိစ္ဆာန်တိကို မီးလောင်တိုက် သွင်းခွင့်ရချင်လို့ ။
သြော်...အဖ
အကျွန့် ကို ရိုးစင်းသေသပ်တေ ကဗျာဆရာချေ တစ်ယောက်ဖြစ်ခွင့်ပီးပါ...
ရခိုင်ပြည်သူတိ ဒုက္ခသုက္ခကို ကမ္ဘာသိအောင် ထုဆစ်ဖော်ကျူးခွင့်ရချင်လို့ ။
သြော်...အဖ
မျိုးဆက်ထဲက သွီးတစ်စက်အဖြစ် တာဝန်သိခြင်းနန့် တာဝန်ကျီခြင်းကို ထမ်းဆောင်လိုပါရေ...
ထာဝရ...ရခိုင်ပြည်နန့်  ရခိုင်လူမျိုးအဓွန့် ဟြှည်စီချင်လို့ ။
                                                                ခိုင်ရမ္မာ(၂၉.၁၀.၂၀၁၁)
Thursday 27 October 2011
သံတွဲပိုင်ကောင်မချေ (၃)
မင်းနန့် ၀ီးကွာခြင်း ၂၀၁၀ မှာ
ငါစွာ ရီထုမဲ့ ပင်လယ်ပြင်တခု
တိမ်လွှာမဲ့ ကောင်းကင်ပျို တစ်ထည်
ရင်ခုံသံတိ ခြစားခံထားရရေ သံစိုင်မဲ့လူသား။
မင်းလျှောက်တေ တာဝီးခရီးက
ငါ့အတွက် အသက်ရှူမွန်းကျပ်လွမ်းရေ။
မင်းပြောရေအတွေးအခေါ်တိက
ငါ့မျှော်လင့်ချက်တိကို မည်းမှောင်စီရေ။
ပြီးကေ .........မင်းစိမ်းကားမှုတိက
ငါ့နှလုံးသားကို ရခဲတောင် ဆန်လားစီရေ။
မင်းစွာ...........အရှိုန်အဟုန်
မြင့်ကြယ်စင်တစ်ပွင့်
မင်းမှာမွှီးကြိုင်ရေ အပြုံးတိဟိရေပိုင်
ခိုင်မာရေ စိတ်သံစိုင် တစ်ခုလေ့ပိုင်ဆိုင်ရေ။
မင်းစွာ ၂၁ ရာစုငါ့ဘုရင်မ
သွက်လက်ထက်မြ
သံတွဲပိုင်'' ခြိမ်လိန်ခြိမ်လိန်''
မြင်သူတကာကို ကြည်နူးမှုရောင်စိုင်တီဝီဖြာပီးရေ။
သံတွဲပိုင်ကောင်မချေ ....
ဒွါရာဝတီ ရနံ့ မပြယ်ဖို့
ကိုယ့်ကိုကိုယ် ရခိုင်မူပြုဖို့
သွီးရိုးသားရိုးရခိုင်စကားပြောဖို့
ထပ်ပနာ သဇင်ပီသယင်း
မင်းနန့် အာရက္ခပူရကို
ငါ အချိန်တိုင်းလွမ်းနီလီယင့်ဝေ။
                                        ၁၂.၁၂.၂၀၁၀
လူပို
ကိုယ့်ကိုကိုယ် လူပိုတစ်ယောက်ပိုင် ခွဲခြမ်းစိတ်ဖြာပစ်လိုက်မေ
အုပ်တစ်ချပ်သဲတစ်ပွင့်စာ
လောက ကိုင်းဖျားမှာ မာကျူရီမီးသီးတစ်လုံး အာသီသနန့် 
ဆန္ဒတိ လက်ထိုးအန်ချ
သွီးစိမ်းဟြှင် ခမ်းခြောက်လားရေ ထိ...။
လူ့ ယဉ်ကျေးမှု မြီတလင်း
ရင့်မှည့်ယင်း ကြွီကျလာရေ ခြီလှမ်းတိ
သမိုင်းအတွက်ဆို
ကြောရိုးတစ်ပြင်လုံး မီးဟဟုန်း တောက်လားပတ်စီ
ညဇာသား တစ်လှီ စီးလားဝံ့ယင့်...။
တောက်ပမှုစွာ
လူတိုင်း အရသာခံတွင်း
ချစ်ခ ရကေလဲ
လူငယ်ဆိုစွာ
အနာဂတ်လမ်းသွယ်အတိုင်း ဖြစ်တေပိုင် စီးဆင်း
လွတ်လပ်မှုပန်းရာ ပွင့်ဖို့ ဆိုကေ
ရီကုန်ရီခန်း
ရိုးတွင်ခြင်ဆီထိတိုင်
ကိုယ်ကိုကိုယ် လူပို တစ်ယောက်ပိုင် ခွဲခြမ်းစိတ်ဖြာပစ်လိုက်မေ...။
                                                    ၂.၅.၂၀၀၈
Wednesday 26 October 2011
တမ်းခြင်း ၁
ချစ်သူဟိရေ အရပ်ကို
အလွမ်းလက်တစ်ဖက်ဆန့် လို့ 
ယှိုက်ကြီးတငင် တမ်းတမိရေခါ
အမှတ်တရတိ
သွီးချောင်းစီး ပြိုဆင်းလာကတ်တေ...။
တစ်နိန်ရာရာမှာ
ချစ်သူစွာ ချစ်တေအကြောင်းတိ စဉ်းစား
ကိုယ်ကားပါနိုင်ဖို့ လား
ယကေလဲ...
ချစ်သူနန့် ဝီးရေ ညမှာ
ကိုယ့်အလွမ်းတိစွာ ချစ်သူလက်ဖဝါး နနုကိုပွိ့ ဖက်ထားရေ...။
ယင်းပိုင် ပင်လယ်နန့် ရီးရေ
ချစ်တမ်းစာ
ကောင်းကင်ပြပြာမှာ ကွေးညွှတ်
ကမ္ဘာဆွဲအားစွာလည်း
ကိုယ့်အလွမ်းတိအကြောင်း
အာကာသထိ ကြေငြာမောင်း ခတ်လားကတ်ပြန်ရေ...။
ကိုယ် မိန့် မျောလခရေ...
ချစ်သူ့  ရော်ရွက်ဝါ ဦးစမှာ
ကိုယ့်နွီနီဆန်း ချိုချိုတစ်ပုဒ်
တိုးဖွဖွချေ လွင့်မျောလို့ 
ယင်း အလွမ်းကြောင်း သံစဉ်အတိုင်းရာ...။
                                           ၂၆.၂.၂၀၀၈
Tuesday 25 October 2011
သံတွဲပိုင်ကောင်မချေ (၂)
တစ်လက်လက်တောက်နိန်ရေ ၂၀၀၇ မှာ
သံတွဲပိုင်ကောင်မချေ ပြုံးလိုက်ကေနန့် 
B.Sc ဘွဲ့ လက်မှတ်
ရိုးမတစ်ဖက်ကို လွင့်ထွက်လားရေ ။
ငြိမ့်ငြောင်းရေ သံစဉ်နန့် 
၂၆ ရက်နိန့် ရောက်တိုင်း
စစ်တွေက  သံမဏိတွဲ
ကောင်မချေ့ သံမဏိတွဲ
ကျောင်းကြီးလမ်းက သံမဏိတွဲ
သံတွဲတိ..... သံတွဲတိ.....
နွီရာသီတစ်ခုလုံး ပြပြီုးပြပြက် ဖြစ်လားကတ်တေ ။
အချစ်ရဲ့ ၁၅၀၀ အလှအပ
ယင်းကောင်မချေစွာ ခုန်ဆွ ခုန်ဆွ
အဂင့် ရခိုင်သမ
ဖြားကျချိန်မှာ
မျက်မှန်တစ်လက်နန့် ငြိမ့်လို့  ငြိမ့်လို့ 
အိမ်အပြန် မလိခသင်္ဘောဆိပ်မှာ ထမင်းကြော်တစ်ပွဲ စားလားစွာတောင်
ကြည့်စမ်... ဝမ်းချေ ပိန်ကပ်လို့ 
၂၀၀၉ အထိ ပျော်ဝင်နိန်ဖို့ သိမ့်လတ် ။
ယင်းပိုင် လင်လက်နိန်ရေ
သဇင်ပန်းခိုင် ပွင့်ဦးစ
ကောင်းကင်ယံ မိုးကိုထိုးဖို့ 
မြင့်မြတ်တေ နွယ်...နွယ်...နွယ်
ကောင်မချေစွာ
သံတွဲပိုင် ဖျတ်ဆိုကေနန့်  ပြိုးပြက်လားပြန်လီရေ ။
                                                      ၂၆.၄.၂၀၀၈
Monday 24 October 2011
နွီဦးတန်းခါးက မြင်ရရေ လမ်း
ညှာရင်းပြူတ် ရွက်ကြွီ ကစပ်သံနန့် 
ဒယိမ်းဒယိုင် လက်ချောင်းအိုတိ
သွီးအတိ ပြီးလို့ 
ကန္တာရလယ်တောထဲ
သဘာဝ အနက်ရောင်တေးတိ
ဆွဆွီးပပျစ် ကြားလာရရေ
ရယ်ထဲထိ လွမ်းတတ်လာခဗျာယ်...။
ပြာဟဟောက် ကျေးလက်ဟောင်းချေမှာ
ဖူပရစ်ဝီနိန်ရေ လူယိုင်ကျေးမှု
ချက်မြုတ်ပင်ခြီရင်း
ဘဝစွာ ဟန်ချက်ညီ စီးဆင်းတုန်း...
အကွိအကောက်မဲ့ရာဆိုကေ
လောကကို ငြိးငွိခြင်း ကမ်းပါးတစ်လျှောက်
ခေတ်အဆင်တံဆာတိနန့် 
ဒေအတိုင်း ငတ်မွတ်ခ...
ငတ်မွတ်ခြင်းစွာ အဂင့်ကား ပြည့်စုံခလို့ လား...။
သွီးသားက ဆာလောင်မှုနန့် 
ဆန့် ကျင်ဖက်အနာဂတ်
ဒေ အက်ကွဲ ခြောက်စိတ်နိန်ရေ တလင်းပြာချေမှာ
တပုံတပင် စိုက်ပျိုးချင်ခရေ
ပြီးကေ တစ်ပုံတစ်ပင် စားသုံးချင်ခရေ
ဆန္ဒထဲက ငြီးသံ ပ...။
ရီခြား မြီခြားမှာ လှိုင်းခတ်သံတိ ကြားကြားလာရယာ
ချစ်တေ လူတိ အိပ်မောကျနိန်ရေ
အာကာသ ပင်မြင့်တောစိမ်းကို
သသွိ့ ချေ အရာက်လားကတ်မေ...
ဆည်းဆာမတုံးခင်  ရွှီဒူပန်းတိ ဆွတ်ကတ်ဖို့ 
နီမညှိးချောင်မှာ မြစိမ်းရောင် သစ်ဖုတိတူးကတ်ဖို့ 
ကောင်းကင် ဒိုးယိုပေါက်ထိ
သွသွိ့ ချေ အရောက်လားကတ်မေ
လာ...နွီဦးလည်း ကြွီဖို့ ယာထင်ယင့်...။
                                       ခိုင်ရမ္မာ(၂၆.၂.၂၀၀၈)
                               (လွန်ခရေ ၃ နှစ်လောက်က ရမ်းဗြဲက ဇာတိ ကျွန်းရွာချေမှာ ရီးခရေ ကဗျာချေ)
Sunday 23 October 2011
ငါရို့ ဝီးလားကတ်တေခါ
ငါရို့ ဝီးလားကတ်တေခါ...
သငယ်ချင်း
ခင်မင်ခသမျှ ဘဝမှာပိုင်ဆိုင်စရာ အမှတ်တရတိပ
နားလည်မှု
ဖေးမ ကူညီမှု
သွီးတူရေ နှလုံးသားတိနန့် 
တတူတူ ရင်ခုန်ခြင်း ညဇာသားတိ
ငါရို့ မမိန့် စတမ်း
ထိမ်းသိမ်းထားကတ်မေ...။
ငါရို့ ဝီးလားကတ်တေခါ...
သငယ်ချင်း
လူငယ်ပပီ အပြစ်မကင်းခကတ်
တခါတရီက နုပျိုရူးသွပ်ခြင်း ရာသီတိကိုလည်း  မိန့် နိုင်ကတ်ဖို့ လား
လူသားဆန်ဖို့ 
ဘဝမှာ အပြစ်အနာအဆာတိလည်း လိုရေ..
ခြောက်ပြစ်ကင်း သဲလဲစင်
မျဉ်းဖြောင့်ဆန်ရေ ဘဝကိုကား ငါမလိုချင်မိ...။
ငါရို့ ဝီးလားကတ်တေခါ...
သငယ်ချင်း
မင်းလည်း မင်းဘဝနိန့် ညတိအတွက်
ငါလည်း ငါ့ဘဝ အနာဂတ်တနံတလျှား
မောစီ ပမ်းစီ
ညောင်းစီ ညာစီ
မငြီးမငြူ တတူတူ လူသားတာဝန်တိ ပဝေ...။
ငါရို့ ဝီးလားကတ်တေခါ...
သငယ်ချင်း
မင်းလည်း မင်းစိုက်တေသစ်ပင်
ငါလည်း ငါဆောက်တေအိမ်
နွီးထွီးပြည့်စုံဖို့ 
ယောက်ျားစွာ တာဝန်ဝတ္တရားကြီးရေ ဦဆောင်မှုသတ္တဝါ
ငါရို့ ကမ္ဘာတစ်ခုလုံးကို မဟုတ်ကေတောင်
လူအဖွဲ့ အစည်းတစ်ခုကိုတော့ ဦးဆောင်ကတ်ဖို့ ...။
ငါရို့ ဝီးလားကတ်တေခါ...
သငယ်ချင်း
ခင်မင်ခသမျှ
ဘဝမှာ ပိုင်ဆိုင်စရာ အမှတ်တရတိပ ဝေ...
ထာဝရ
ကမ္ဘာတည်သရွိ
ဇာလောက် ဝဝီး
ဇာလောက် ကွကွာ
သတိရနိန်ပါဝေ...
သငယ်ချင်း...ငါရို့ ဝီးလားကတ်တေခါ...။
                                ခိုင်ရမ္မာ(၂၃.၁၀.၂၀၁၁)
Saturday 22 October 2011
ချစ်သူ...သို
ချစ်သူ...
နားလည်ပီးပါ...
မင်းစွာငါ့ဘဝ မင်းစွာငါ့မျှော်လင့်ချက်
ငါစွာ မင်းပုံရိပ်တိနန့် တည်ဆောက်ထားရေ ကမ္ဘာ...
မင်းနန့် စတွိရေ အချိန်ကစ ဒေနိန်အချိန်ထိ
ငါ့ရင်ခုန်သံတိစွာ မင်းအပြုံး
ငါအိမ်မက်တိစွာလည်း မင်းရယ်သံ
ငါ...တစ်ယောက်တည်းရူးသွပ်နိန်ခရေ...
မင်းပါရေ...ယင်းသိုက်မြုံချေကို ငါမြတ်နိုးရေ
ငါစွာ မင်းခိုနားဖို့ သစ်ကိုင်းချေ တစ်ကိုင်း
ငါစွာ မင်းပန်ဆင်ဖို့  ပန်းနနီချေ တစ်ပွင့်
မင်းကိုငါ နီရောင်ခြည်ချေ တစ်ခင်းပိုင် ပွိ့ ဖက်ထားချင်ရေ
မင်းရုန်းဖို့ လား...
မရုန်းပါကေ့...နန်း
မင်းနန်းဝီးရကေ ငါရူးသွပ်လားနိုင်ရေ...
မင်းကို ချစ်တေ...ထာဝရ...ထာဝဆိုစွာထက် ထာဝရ
ဘဝကို နှလုံးသားနန့် ထပ်လို့ ချစ်မေ
ရင်ခုန်သံတိကို အိပ်မက်နန့် ထပ်လို့ ချစ်မေ
မင်းနူးညံ့မှုတိကို မြတ်နိုးခြင်းတိနန့် ပုံလို့ ချစ်မေ
ချစ်သူ...
ချစ်ခွင့်ပီးပါဝေ...
မြမြတ်နနိုး...ယယုယယ့
တစ်ဘဝအတွက်ပါရာ ချစ်သူချေ...
                                     ခိုင်ရမ္မာ(၂၃.၁၀.၂၀၁၁)
(လူငယ်တိုင်း အချစ်နန့် ပတ်သက်ကေ ရူးသွပ်တတ်ကတ်ပါရေ။အချိန်ရာသီဆိုစွာ ဟိရေမလား။ အသက်ကြီးမှ အသဲကွဲပြနိန်ကေ လူရယ်စရာဖြစ်လိမေ။ ယင်းဖြစ်လို့  ဘော်ဒါတိ...လုပ်ကတ်။ ချစ်စရာဟိစွာချစ်။ ကွဲစရာဟိကေကွဲ။ ပျော်စရာဟိကေ ပျော်။ ယေမှ လူပီသဖို့ ။)
ပစ္စက္ခလွမ်းချင်း
ဂုလောက်ဆိုကေ
ပင်လယ်ရီသောက်တေ ကျောင်းကြီးလမ်းမှာ
မျက်နှာသိ ရွက်စိမ်းနုတိနန့် 
၂၀၀၈ သားပေါက်တိ
ထွီးရောယှက်တင် ဝီနိန်လောက်တေ...
ဆောင်းရရင့်ထက်မှာ
ပင်လယ်ကမ်းစပ်အတိုင်း
ဆားငံငွိတိနန့် တတူပျော်ဝင်ဖို့ 
သတ္တိမဟိခစွာ မဟုတ်ပါ စစ်တွေ
အဂင့် လွမ်းယင်းနန့်  ငါလွင့်ကြွီခစွာပါ...
ဖြစ်ချင်ရေ ဆိုတိုင်း
ရီတမာပင်တန်း အဓိပဓိလမ်းမှာ
ထာဝရ မနွမ်းမကြွီချင်ခကေလဲ
တစ်ခါ တစ်ခါ ဘဝဆိုစွာက
နွီဦးရွက်ဝါတိပိုင်
ပင်ယံမမြဲထင်တိုင်းကြဲတတ်စွာ မင်းလည်းသိရေ အတိုင်းရာ...
သံသယ ကကင်း
နောက်ဆုံးနှုတ်ဆက်ခြင်းစွာ
လာရေအချိန်က အတိုင်း လုံးချင်တည်း
လှိုင်းပုတ်သံတိကြား
ဂစ္ဆပနဒီ မျက်ရည်တိ
ဝမ်းပမ်းတနည်း မြစ်ဖျားခံ ပြည့်လျှံစီခ ပ
လားယာ အဝေ...ပင်ရိပ်မြုံကြီး...
ဂုလောက်ဆိုကေ
ကျောင်းဖွင့်ချိန် ကျောင်တက်ရက်တိက
DAY နိန့် ညတိမှာ
နိစ္စဓူဝ အနာဂတ် တနံတလျှား
နွယ်ခရေ သံယောဇဉ်တိလည်း
ဝိုးတဝါးနန့် ...
သမရိုး သင်ခန်းစာတိ
ညစာ မိုးသောက်
ငါ ထထ ယောင်အော်မိရေ အထိ...
                                       ၈.၂.၂၀၀၈
(တက္ကသိုလ် ပြီးစ ညတစ်ညမှာ အလွမ်းတိနန့် အိမ်မှာရီးဖြစ်ခရေ ကဗျာချေ)
Wednesday 19 October 2011
ဒေညမိုးမရွာပါကေ့
ဒေည...
မိုးမရွာစီဖို့ ငါဆုတောင်းရေ...။
ခခိုက်တုန်အောင်စိုချွဲလို့ 
မိုးမုန်တိုင်းမိ...အတွေးတိ
လီပြင်းချေ မြူးလာကေ
ရင်ဘတ်က...တစစ အောင့်လာရေ
ကျိန်စာကြောင့် ထင်ယင့်...။
ဟိုမနှစ် ဒေအချိန်ကလည်း တစ်ကြိမ်
ငါ့ရင်တိ အက်ကွဲ...
ငါ့အသဲတိ လဲပြို...
မျှော်လင့်ချက်ငိုသံတိကြား အူယားဖားယား ဖြစ်ခရစွာ ငါဂုထိ မမိန့် သိမ့်...။
ငါ့အသွီးအသားတိ
ငါ့ ကြွက်သားမျှင်ပြတ်စတိ
င/မိုက်သား လက်ဝါးညိုကြီးအောက် မှောက်ခုံပက်လက်
ယင်း ရက်စက်ခြင်း ရသတ္တပတ်ကို ငါမုန်းရေ...။
ဂုလဲ...ကြည့် ဒေမှာ
အုန်းလှီးဓားပိုင် ပါးလျှလျှရယ်သံတိနန့် 
ငါ့နှလုံးသားကို ထိုးဖောက်
ငါ့ ကမ်းခြီတစ်လျှောက် လမ်းလျှောက်ထွက်လာပြန်ယင့်
ငါ စိုးရိန်ရေ...
ငါ ကြောင့်ကြရေ...
မာယာများရေ ယင်းသူ့ စရိုက် ငါ ကကောင်းသိရေ
ရက်စက်တတ်မှန်း...
သွီးအီးကောက်ကျစ်တတ်မှန်း...
ဟန်ဆောင်ပြုစားပနာ ငါရို့ ကမ္ဘာငယ်ချေကို ထင်ပိုင်မြင်ပိုင် ဖျက်ဆီးပစ်နိုင်ရေ...။
ငါ့ စိတ်တိ အစိုးမရ
အသက်ယှူလည်း မဝ
ဘုရားကိုတ တရားကိုတ
ရလာရေ ဒေတစ်ဘဝတာချေကို အအီးချချမ်း ဟြှင်သန်ခွင့်ပီးပလင့်ဝေ...
ဒေည...
မိုးမရွာစီဖို့  ဆုတောင်းမိရေ
ခခိုက်တုန်နိန်ရေ အတွေးတိနန့် 
အဝေ... ကျေးဇူးပြုလို့ ဒေည မိုးမရွာပါကေ့လားဝေ...။
ပြိုကျလာရေ အလွမ်းတိ
ဇာဖြစ်လို့ ငါဒေနိန်ရာကို ရောက်လာရလဲ...
ပိုးကျနိန်ရေ ခံစားချက်တိနန့် 
သွီးသားပြောင်းပြန်ရာသီ
မြို့ ပြလက္ခဏာ အဆီအရီတိကြားမှာ
ဘဝစွာ နီလောင်ခံပြဇာတ်တစ်ပုဒ်
ငါ ငြီးငွေလာယာ...။
လူ့ ဘဝအရသာတိ အားလုံးပျောက်ဆုံး
နှလုံးသားအတုနန့်  နိန့် ရက်အတုတိ ဟြှင်သန်ရေ အချိန်
စိတ်ခံစားမှုတိလည်း အားလုံး လဲကွဲ ပြိုအက်စီခရေ
ဇာပိုင် နွီထွီးရေ အသိုက်င်္မြုချေ ဖြစ်စီဖို့ လဲ
ဇာပိုင် ကဗျာဆန်ရေ ညဇာသားတိ ဟိနိန်နိုင်ဖို့ လဲ...။
ယင်းပိုင်မွမ်းကျပ်မှုတိကြား
မိုးတစ်ဆုံးမြီတစ်ဆုံး အလွမ်းတိနန့် ထူဝီ
ညက ညမဆန်ယာ
နိန့် က နိန့် မဆန်လိုက်ယာ
လွတ်လပ်မှုတိအားလုံးကို ကျောပိုးအိပ်တစ်လုံးထဲ ထည့်လွယ်လို့ 
ဟြှင်သန်ခြင်းမြို့ ပြဗေဒအလှအပ
ငါ...
ကျေးလက်က ဆည်းဆာညိုချေတိကို
အောက်မိန့် တမ်းတနိန်တတ်ယာ...။
ဇာနိန့် အိမ်ပြန်ခွင့်ရဖို့ လဲ
မွတ်သိပ်မှုတိနန့်  လက်ချိုးရီတွက်
အလုပ်အားချိန်တိုင်း အတွေးတိနန့် မှန်းမျှော်
ကျိန်စာသင့် ခုနှစ်သက္ကရာဇ်တိထဲမှာ ကာလတစ်ခုကြာတော့ ပျော်ဝင်ကတ်ရဖို့ သိမ့်...
သက်ပြင်းတိကို မျိုချ
သတိရခြင်းတိကို လုံးခြွီ
မျက်ရည်တိ စီးကျလာကေတောင်
သုပ်ပစ်ဖို့ လက်တစ်ဖက်က အသင့်
ယင်းပိုင်ရာ...
ဘဝမှာ ဆန္ဒအတိုင်း ဂျေး ဇာခါ ဟြှင်သန်ခွင့်ရနိုင်ကတ်ဖို့ လဲ...။
                                                                      ၁၂.၉.၂၀၁၁
Saturday 27 August 2011
ဒဏ်ရာ
ငါ  ချစ်မိလားခရေ
မထင်မှတ်ဘဲ
မရည်စူးဘဲ
အငိုက်မိခံလိုက်ရရေ သားကောင်တစ်ကောင်ပိုင်
သတိထားမိခါမှာကား
ရင်မှာမြှားစူးတန်းလန်း
နှလုံးသားရပ်ဝှန်းမှာ သွီးတိပန်းလို့ 
ရင်ခုန်သံတိ ဗြောင်းဆန်လားဗျာယ်
ဒုက္ခ ဝေဒနာ
ဒဏ်ရာက လှုပ်လီနာလီ
ကြာကေ သွီးလွန်မူးနောက်
အသက်ပါပျောက်လားနိုင်ရေ....
                                                  ၂၄.၈.၂၀၁၁
Sunday 21 August 2011
မွီးနိန့် 
ဒေနိန့် 
ငါ့အမိ ငါ့ကို မြီးခ
နာမေက “ရခိုင်လတ်”။
၁၀၀% သွီးသားသန့် စင်မှုအတွက်
ကျေးဇူးပါ ကမ္ဘာလောကကြီး....
ရဲဝံ့စွာတိုက်ပွဲ ဝင်ပါ့မယ်
ဂုဏ်သိက္ခာဟိစွာ ဟြှင်သန်ပါမယ်
အနာဂတ်စာမျက်နှာသစ်တိအတွက်
သတ္တိမြစ်ကြောင်းတစ်ခုအဖြစ် စီးဆင်းခွင့်ပြုပါ သြော် အဖ။
Monday 2 May 2011
အချစ်ဆိုစွာ..
အချစ်ဆိုစွာ...နွီဦးရာသီရဲ့ ဥသြသံချိုချေ  တစ်ခွန်းရာဖြစ်တေ...။
အချစ်ဆိုစွာ...ရခဲတောင်ထက်က ဝက်ဝံဖြူချေ တစ်ကောင်ရာဖြစ်တေ...။
အချစ်ဆိုစွာ...ပန်းပွင့်နုချေထက်က ဖလံချေတိရဲ့ ပျံသန်းရေ ဂီတရာဖြစ်တေ...။
အချစ်ဆိုစွာ...လူငယ်တိရဲ့ နုပျိုခြင်းကို လောင်မြိုက်ရာ လှောင်အိမ်ချေ တစ်ခုရာဖြစ်တေ...။
အချစ်ဆိုစွာ...ကဗျာတစ်ပုဒ်ရဲ့ ရီသောက်မြစ်ရာဖြစ်တေ...။
အချစ်ဆိုစွာ...ဘဝဆိုရေကားကို မောင်းနှင်ရေ မောင်းတံတစ်ခုရာဖြစ်တေ...။
အချစ်ဆိုစွာ...လူပျိုကြီး အပျိုကြီးတိ မစားဖူးရေ သစ်သီးတစ်လုံးရာဖြစ်တေ...။
အချစ်ဆိုစွာ...ကန္တာရအလယ်က အိုအေစစ်ချေ တစ်ခုရာဖြစ်တေ...။
အချစ်ဆိုစွာ...ရန်ကုန်မြိုထဲက ရခိုင်မုန့် တီ တစ်ခွက်ရာ ဖြစ်တေ...။
အချစ်ဆိုစွာ...နိုင်ငံခြားရောက် လူငယ်ချေတစ်ယောက်ရဲ့ မျက်ရည်တိရာဖြစ်တေ...။
အချစ်ဆိုစွာ...မိုးထစစော အဆာပြေစားရေ ထမင်းချမ်းခဲ တစ်ခဲရာဖြစ်တေ...။
အချစ်ဆိုစွာ...သောက်လီ ငတ်လီ ပင်လယ်ရီရာဖြစ်တေ...။
အချစ်ဆိုစွာ...သူ့ အချိန်ရောက်ကေ ပြန်ပေါ်တတ်တေ ငှက်ဖျားရောဂါရာ ဖြစ်တေ...။
အချစ်ဆိုစွာ...ဗန်ဂိုးမဆွဲဖြစ်ခရေ ပဂျီကား တစ်ချပ်ရာဖြစ်တေ...။
အချစ်ဆိုစွာ...ယက်ဖတူချင်ကို မရီစပ်ဖြစ်ခရေ မော်ဒန်ကဗျာ တစ်ပုဒ်ရာဖြစ်တေ...။
အချစ်ဆိုစွာ...ဆန်းသစ်စ ရခိုင်စာပီနန့် ရီးထားရေ ရည်းစားစာ တစ်စောင်ရာ ဖြစ်တေ...။
အချစ်ဆိုစွာ...မြီးကောင်ပေါက်မချေတစ်ယောက်နန့်  ခုံတစ်ခုံမှာ တတူထိုင်ချင်ရေ စိတ်တစ်ခုရာဖြစ်တေ...။
အချစ်ဆိုစွာ...အရောင် အဆင်း အနံ အရသာ မဟိရေ ဂဗ္ဘီရ မှော်ဝိညာဉ်တစ်ခုရာဖြစ်တေ...။
အချစ်ဆိုစွာ.......................?
အချစ်ဆိုစွာ.......................?                    
အချစ်ဆိုစွာ.......................?
.................................................
.................................................
.................................................
                                       (2.5.2011)
Tuesday 26 April 2011
အိမ်လွမ်းစိတ်
စိတ်အကြီးခွံတိ ကျွတ်ကျလုမတတ်
အိမ်လွမ်းစိတ်က ငါ့ကို မြှူနီရေ။
ရွက်ခြောက်တိ ကြွီနီဗျာယ်…
လက်ပံတိ ပွင့်နီဗျာယ်…
တစ်ခါက မင်းကျင်လည်ခဖူးရေ နယ်ချေ မှာလည်း
ပင်အိုတိ အရိုးပြိုင်းပြိုင်းထ ယိမ်းခါနီကတ်ဗျာယ်…။
နွီပူပြင်းလာလို့ 
ကမ်းနားကို အပန်းဖြေ ခိုနားလာကတ်တေ လှိုင်းတိ
တိမ်စိုင်တိမ်လိပ်တိ မြူးထူးရေ
လီရူးတောင်ပံခတ်သံ တစ်မွန်းတည့်မှာ
ရာသီစာ မြင်းခွာ ခရု ရကြက် ပလာတူးတိ လှိုင်လှိုင်ပေါနီလီဖို့ ဝေ…။
ချောင်းရီ ကန်ရီ ခန်းခြောက်စ
ကောက်ရိုးခြီ တစ်လွင်ပြင်လုံး နွီအာခေါင်ငွိ့ တိနန့် စီးယို
ယင်း တောင်ကြား ပင်လယ်ခြီရင်းသို့ 
နီလုံးဝါကြီး ပုန်းခိုလားဖို့ စွာကို ကြောက်တေ။
တစ်ခါက ယင်း ဆိုင်းဆာ တံထားအိုနားမှာ မလားယေ
အလွမ်းတိကို မြုံသီယင်း လူမသိ သူမသိ ငါငိုကြွီးခဖူးရေ။
နှစ်ကာလတိ ထုခြီလို့ 
အုတ်ခဲကျိုးတစ်ခဲပိုင် လွင့်စင်လခရေ ငါ့ ပင့်သက်ချသံ
ထုတ်မှာသတ် တိုင်မှာသတ်
အလွမ်းတိနန့်  ဗြွတ်ဗြွတ်ယို
နီထိုင်ခြင်း ငါ့နိန့် ရက်တိလည်း လောင်ကျွမ်းလုမတတ်
အိမ်လွမ်းစိတ်က ငါ့ကို မြှူ မြှူ နီလီယင့်ဝေ…..။
                                   26.4.2011
Saturday 23 April 2011
ပျံသန်းခြင်း
ငါ့သား....
ယား...လားလီ နိုင်ငံခြားသို့......
မိဘ အိုစာမင်းစာ စုထားရေ
ဖေသာ တစ်ပြား နှစ်ပြားနန့်
ဇာတိကို ကျောခိုင်းပနာ...
အဝီးပျံငှက်တစ်ကောင်အဖြစ် ပျံသန်းထွက်ခွာခရေ။
ဆွီမပါ မျိုးမပါ
သူငယ်ချင်းမပါ...မိတ်ဆွေမပါ....
သစိမ်းတရံဒေသ
ခရရိုင်းပြောရကေ
အကြောင်းရင်းက..ကျွန်ခံဖို့လတ်။
.
ဖေသာကို ချွေးနန့်ရင်း
မိုးရွာရွာ နီပူပူ
အလုပ်စွာ ဘဝရဲ့ လမ်းပြကြယ်ရာဖြစ်တေ။
ပျိုရွယ်မူတိနန့် လူငယ်ဘဝအခွင့်အရေးတိကိုစွန့်လွတ်
ချစ်သူရည်းစား
အပျော်အပါး..အပေါင်းအသင်း
အားလုံး..အားလုံးစွာ
ရင်းနှီးခြင်း အနာဂတ်တိရာဖြစ်တေ။
လူမျိုးခြားတိ
ခိုင်းဖက်ခြင်းအောက်မှာ
လက်ညှိးထိုးရာစီးဆင်း
အလိုက်တသိ သဘောတကျဖြစ်အောင်...
စိတ်ဓာတ်တိကိုလဲ
ကြိုးတိပိုင် ခြွီခြွီ ထားရရေ။
တစ်ခါ တစ်ခါဘာသာစကားတိကိုနားမလည်
ဒေသနန့် သဟဇာတမကျ
နီထိုင်ခြင်းတိမှာလဲ
ဆူးငြောင့်ခလုတ်
သောကတိက ပွင့်ပွင့်လာတတ်တေ
ဒေစွာ လောကဓံ ထင်ယင့်။
တစ်နာရီပြီးကေ တစ်နာရီ
တစ်နိန့် ပြီးကေတစ်နိန့်
တန်ဖိုးနန့် ကုန်ဆုံးခြင်းလုံ့လ
လူဘဝဆိုစွာ
ပန်းခင်းရေ လမ်းမဟုတ်
ဆူးခင်းလမ်းတိပြီးကေ
ကတ္တိပါတစ်ထပ် ကျော်ဖြတ်ခွင့်ရနိုင်ဖို့ လား
အားတင်းထားဝေ....ညီချေ...
အားတင်းထား......။
                      ခိုင်ရိန်ဇံ
Thursday 21 April 2011
ဝီးကွာခြင်းတိနန့်  ကျည်သင့်ခံထားရရေည
ဒေပိုင်နန့်  ဝီးရကတ်ဖို့ ဗျာယ်လား နှမချေ
စင်္ကာပူရရဲ့ 
ဟန်ဆောင်ကောင်းရေ ဆောင်းတုတိကြားမှာ
နွမ်းကြွီနီရေ အလွမ်းအပိုင်းအစ ချေနန့် 
အတိတ်က မင်းပျောက်ဆုံးလားခရေ ဆည်းဆာတစ်ထည်
ဥသြငှက်ချေ ငိုကြွီးဖို့  သစ်ခြောက်တစ်ကိုင်း
လွယ်အိပ်နနီ သက္ကရာဇ်တိမှာ မျက်ရည်စိုချွဲလို့ 
ငါ့ကိုငါ မေးခွန်းတိ ပျောက်ဆုံးခပါရေ ဝေ.....။
မင်းစိုက်ပျိုးပီးခလို့ 
ငါ့သမုဒ္ဒရာထက်က မျော်လင့်ခြင်းဆိုရေ ကောင်းကင်
နိန့် နိန့် ညည ကြယ်မိုးညိုတိရွာကေ
နုရွှရေ မင့်အပြုံးမိုးသားတိစွာ
ငါ့ရာသီဥတု ယိုင်နဲ့ နဲ့ မှာ စိမ်းစိုလာတတ်တေ
ထထီးကျကျန် ငါယစ်မူးမိခယင့် နှမချေ.....။
လှည့်စားဖို့  ခွန်းတေးတိ မသီကုံးပါကေ့ဖိ
မင်းနန့် အဝီးဆုံးဆိုရေ ဒဏ်ရာတိကိုပိုက်ထွီးယင်း
ငါ့နှလုံးသားမှာ လှိုင်းပုတ်သံတိ ပုံမှန်
ခေါင်းလောင်းထိုးသံတိ ပုံမှန်
မင်းတိုးရွရွ ရယ်သံချိုတိ ပုံမှန်
အဖြေမထွက်ခသီးရေ ပုစ္ဆာတစ်ပုဒ်လည်း
ယင်းတိုင်းလဲလျောင်းသီးဆုံးလို့ 
ငါ့ကိုငါ အဆိပ်လူးမြှားတိရာ တစ်စင်းပြီးတစ်စင်းပစ်ခတ်မိရေ....။
ဒေပိုင်နန့်  ထပ်ပနာ ဝီးရကတ်ဖို့ ဗျာယ်လားဝေ...
ပြောင်းလဲခြင်းဆိုရေ ကျိန်စာဆိုးတိ ကြားမှာ
အဆိပ်ည ကွဲကြေခြင်းပင်ပျို
ကျည်သင့်ခံထားရရေ ရှုံ့ တွတွ ဖဲချပ်တစ်ချပ်
ညတိ ဖရိုဖရဲ ပေါက်ပြဲ
စင်္ကာပူရရဲ့ လရောင်စိမ့်ချွဲချွဲတစ်ခင်း
ရှိုက်သံပြပြင်း ဝေဒနာဒိုင်ယာရီတစ်အုပ်
ငါ့ရင်ဖတ်မှာ
နာတာရှည်စီးကြောင်းတစ်ခုရာ
အတိတ်သို့  တတိုးညညင်းစီးဆင်း........။
                                          ခိုင်ရိန်ဇံ
Tuesday 19 April 2011
ငြါ့ကီးမှုံပြင်မှာ
ငါစွာ အသက်ဝိညဉ် တစ်ဝက်ရာဟိရေ လူတစ်ယောက်
ငါ့ကိုယ်ထဲမှာ နိန့် တစ်နိန့် ထွန်းလင်းရေ
ပြီးကေ ညတစ်ည မှောင်မိုက်လို့ 
ငါစွာ ဝီဝါးခြင်း ကြီးမှုံပြင် တစ်ထည်။
ငါ့မှာ အသွားထက် အလူမီနီယံ ဓားတစ်လက် ဟိရေ
ငါ့မှာ မောင်းအားပြင်း (အမေရိကန်မိတ်) သေနတ်တစ်လက် ဟိရေ
ငါ့မှာ နောက်ဆုံးပေါ် လာဘူဂီနီ ကားတစ်စီး ဟိရေ
ငါ့မှာ ဆံပင်အဟြှည်နန့်  အနောက်တိုင်းသူ ဖလောင်းမချေတစ်ယောက် ဟိရေ
ပြီးကေ ငါ့မှာ ရခိုင်ပြည်ဖြစ် ခန္ဒာတစ်ခု… ရာစုနှစ်တိနန့် ချိုင်နှောင်လို့ ။
မိုးထစစော ငါစွာ လီယိုင်ပိုင်လော့ တစ်ယောက်ဖြစ်တေ
ညဇာသားဆိုကေ ငါစွာ ကူလီတစ်ယောက်
ရုံးပိတ်ရက်တိဆိုကေ ငါစွာ ဘုရားလူကြီးတစ်ယောက် ဖြစ်နီပြီးကေ
စနီနိန့် မှာဆိုကေ ငါစွာ ဗြိတိန်အိမ်ရှိမင်းသားတစ်ပါး ဖြစ်နီပြန်ရေ။
ငါစွာ ဆောင်းရာသီ တတွင်းလုံး နြူးကလီးယားဗုံးတစ်လုံးကို ဆာလောင်နီခရေ
ငါ့ရွာက တဲကုတ်ပျက်ချေမှာ ခရမ်းသီးတိကို ငပိနိုင်နိုင်နန့် ချက်
စင်းပြွန်းဖါးချေတိကို ရနွီးထဲမှာ ထည့်ဖျော်
တောမီးတိ လောင်မြိုက်လာကေနန့် ငါ့အစာအိမ်စွာ ဘွက်ဘွက်ဆူလာရေ
ယင်းစွာ ငါ့ဂေါင်းအုန်းအောက်က ဟြှင်သန်ခြင်းဗေဒ။
ငါစွာ သချိုင်းမြီကို တကူးတက ရောက်ခရေ
ယင်းမှာ……
မဟာသမ္မတရာဇာ
ဗိုလ်ကျော်ထွီး
ဗိုလ်ချင်းပျံ
ခိုင်ရာဇာ
ခိုင်မိုးလင်း
အဖိုးဦးသာထွန်း
ရဲဘော်ခိုင်မြဝင်း
သွီးသခြင်းတိစွာ မိုးများရေညတစ်ည။
ယင်းပိုင်နန့်  ငါ့ဥဏှောက်တိ စီးယို
ပင်လယ်ပြင်တစ်ဖက်
နိုင်ငံခြား
ခေတ်သက္ကရာဇ်တိ
အင်တာနက်…
မိုဘိုင်းဖုန်း
ဂျင်းဘောင်းဖီ
ငါ့ကိုယ်ထဲမှာ နိန့် တစ်နိန့် ထွန်းလင်းလို့ 
ပြီးကေ ညတစ်ည မှောင်မိုက်
ငါ့ကြီးမှုံပြင်မှာကား ပုံရိပ်တိ…ပုံရိပ်တိ…
လီဆောင်ရာဖက်ကို တလူလူ လွင့်နီကတ်ယင့်ဝေ။
                           ခိုင်ရိန်ဇံ
                           (20.4.2011) 1:30 am
Monday 18 April 2011
အလွမ်းများ
အိမ်ကို လွမ်းရေ…
သင်္ကြန်ကို လွမ်းရေ…
အစိုင်အလာ ယိုင်ကျေးမှုစီးကြောင်းကို လွမ်းရေ…
ငယ်ပေါင်းဖော် သူငယ်ချင်းတိကို လွမ်းရေ…
ပိတောက်ပန်းကို လွမ်းရေ…
ကာရံရင့်ရင့် နွီဦးသရုပ်တိကို လွမ်းရေ…
ဥသြငိုသံကို လွမ်းရေ…
ရီလောင်းမဏ္ဍပ်ထဲက ရခိုင်သမချေတိကို လွမ်းရေ…
ရွက်ခြောက်ကြွီသံကို လွမ်းရေ…
သင်္ကြန်လက်ဆီးမိုး တစ်ပြိုက်နှစ်ပြိုက်ကို လွမ်းရေ...
နှစ်သစ်ကြို ရက္ခိုင်အတာ ဂီတတိကိုလွမ်းရေ…
နံသာသွီးသံတိကို လွမ်းရေ…
သံဂျပ်ထိုးတေးသွားတိကို လွမ်းရေ…
ယင်းပိုင်လွမ်းနီယင်း…
နှစ်တိုင်းရီလောင်းနီကျ အိမ်နံဘေးက ပါးပူမချေကိုလည်း ထပ်လွမ်းမိလီယင့်ဝေ…
                                                                          ခိုင်ရိန်ဇံ(စင်္ကာပူ)
                                                                          15.4.2011
မှတ်ချက်။      ။ ဒေနှစ်သင်္ကြန်မှာ အိမ်နံဘေးက ပါးပူမချေတစ်ယောက်ဇာပိုင်ဟိနီလီလေ့ဝေ…။
Wednesday 13 April 2011
အတာစကား
ရီတစ်ခွက်လောက် ပပိုက်နနှစ် လောင်းပလိုက်ချင်ရေ
မချေ
မင်းခွင့်ပြုနိုင်ဖို့ လား
မိတ္တာရီစင်…
အတာရီစင်…
နှစ်သစ်ရီစင်…
ယယိုင်ကျကျေး ရိုးရာဆန်ဆန် တန်ဖိုးထားလောင်းပီးမေ။
ပိတောက်တစ်ခက် လှတပတ ပန်ပီးချင်ရေ
မချေ
မင်းခွင့်ပြုနိုင်ဖို့ လား
မိတ္တာပန်း…
အတာပန်း…
နှစ်သစ်ပန်း…
မင်းကေသာမှာ စံမြန်းဖို့ အမွှီးပျံ့ ဆုံးရနံ့ တိနန့် ပါဝေ။
စကားချေတစ်ခွန်း ကြကြင်နနာ ပြောပြချင်ရေ
မချေ
မင်းနားထောင်ပီးနိုင်ဖို့ လား
မိတ္တာစကား…
အတာစကား…
နှစ်သစ်စကား…
ပါးစပ်ဖျားက သက်သက်မဟုတ် ရင်ထဲက လာရေ
မင်းနားထောင်ပီးပါဝေ……နန်း။
                                          ခိုင်ရိန်ဇံ
                                          ၁၃.၄.၂၀၁၁