Monday 4 April 2011

အလွမ်း

လွမ်းနီရေ…
ကမ္ဘာရာသီတစ်ပတ်လုံး
စွဲလန်းမှုတိကို ခြုံထည်တစ်ခုပိုင်ခြုံ
မြတ်နိုးမှုတိကို မိုးထသားတစ်ခုပိုင် ဖြန့် ခင်း
တတမ်းတတ့….မျက်ရည်မိုးသားတိ ပြိုဆင်းရေည။


ချစ်တေ…
လလှိုက်လလှဲ ပျော်ဝင်ကြည်နူးဖို့ 
‘အင်ဖင်နတီ’ ထိ ရောက်လားရေ တဒင်္ဂ
နှလုံးသားစွာ တိမ်ကင်းစင်လို့ လမင်းသာနီပြန်ယင့်။


ချစ်သူ့ မျက်နှာ…
ပင်လယ်ခြား အရပ်က အပြုံး
နူးညံ့သိမ်မွိ့ မှုတိ…ရင်ခွင်မှာ ဖူးပွင့်လာယင်းက
ဘဝစွာ…လွမ်းနီခြင်း သစ်ပင်တစ်ပင်။

ခိုင်ရိန်ဇံ
၁၁.၃.၂၀၁၁

No comments:

Post a Comment