Saturday 24 March 2012

အဝီးရောက် ဥသြပျို

အပူလှိုင်းတိကြား...
လီရူးကို မျှော်ရေ ဥသြပျို
ပြည်ပ ကန္တာရ
ရီကြည်ရာ မြက်နုရာ နိန့် ရက်တိမှာ ကျင့်သားရလို့ 
ဒဏ်ရာပေါင်း ထောင်သောင်း
ရင်ဘတ်တိ ဟောင်းလောင်းပွင့်နိန်ရေ နိန်ရာ။

ရွက်ခြောက်တိ ကြွီဗျာယ်...
အရိုးပြပြိုင်း နွီနိန့် ရက်တိကို ကြိုဆိုဖို့ 
သြော် ... အဝီးရောက် ဥသြပျို
နီညိုတိုင်း အလွမ်းတိနန့်  ဆိုနစ် နိန်ရေကား။

မြို့ ပြနွီ ... လေ
အပူလှိုင်းတိမှာ လီပွီတိ ထထောင်းထလို့ 
ကာလာပြိုးပြက် အဆိပ်တက် ဝေဒနာ
မြူဆိုင်း အာကာအောက်
ငါစွာ အဝီးရောက် ငှက်တေလေ တစ်ကောင်
လွမ်းရေ ...
ရီမြီခြားသို့  တမ်းတရရေ ဘဝ
ထာဝရ ... အဖမြီလေ အဖမြီ
ဒေ တစ်နွီ ဆန်းပြန်ဖို့ ယာကား ဝေ။
                               ခိုင်ရမ္မာ(စင်္ကာပူ)
                               (22/03/2012)

မြို့ပြ စင်္ကာပူရ

မြို့ပြ စင်္ကာပူရ ...
အလှအပတိကို ပင်လုံးပြည့် ပန်ဆင်လို့ 
အိနြေ္ဒရရ ထိုင်နိန်ရေ ကလေ့မေချေ တစ်ယောက် ပ။

မာယာ များရေ ...
ခေတ်မီ အရောင်အသွီးတိ ထိမ်ညီး
၂၁ ရာစု ရွှီရောင် အပြုံးပိုင်သျှင်မချေ တစ်ပါးလို့ လဲတင်စားချင်ရေ ဝေ။

ရီခြင်္သေ့မြို့ တော် ...
ကိုစမိုပိုလီတန် အသွီးအသားတိ ဖွာထ
အကျိုးပဲ့ ဘာသာစကားနန့် 
ခန္ဒာကိုယ် ဝဖိုင်းချင်တိုင်း ဝဖိုင်း
ငါရို့ တိ တစ်ဝမ်းတစ်ခါးအတွက် ကူးခတ်နိန်ကတ်တေ ပင်လယ်ပြင် ကမ္ဘာ။

မြို့ ပြ စင်္ကာပူရ ...
အမှတ်တရ Peninsula ညဇာသားတိမှာ
ငါရို့  ပျိုရွယ်မှုတိ
ငါရို့  ရင်ခုန်သံတိ
ငါရို့  ဘဝတိုးတက်ရာ တိုးတက်ကြောင်းတိ
ဟိမဲ့ စုမဲ့ ရက္ခိတ မျိုးစောင့်တရားတိကို ရင်မှာပိုက်လို့ 
ယင်း ... ကာလာစုံ လှိုင်းတိထဲမှာ
အဝေ ....
သမရိုးကျ ဖိုးဖီးစဉ်လာ တချို့ ကို သွီဖီ
ယင်း ကျွန်းနိုင်ငံချေ စီးကြောင်းထဲက
အနှစ်နှစ် ... အလလ
ဘဝ ဘဝ ... ဘဝတိ
စင်္ကာပူရ
မင်းစွာ အိနြေ္ဒရရေ ကလေ့မေချေ တစ်ယောက်ရာ ဖြစ်တေ ဝေ။

                                                             ခိုင်ရမ္မာ(စင်္ကာပူ)
                                                            (20/3/2012) 01:00am

အဝီးရောက် နွီ

နိန့် ရက်တိ ရှည်လွန်းအား ကြီးရေ ...
နေတဓူဝ နာရီလက်တံတိကို သွီဖီယင်း
တစ်ယောက်တည်း ငေးငေး နိန်တတ်တေ ရာသီ
နွီ ...
ယင်း ရွက်ခြောက်ကြွီ ပသာဒတိကြား
ငါစွာ ဥသြငှက် မမဲချေ တစ်ကောင် ပ
အဖော်ကွဲ ...
အလွမ်းတေးခြင်းတိဆို
တစ်ခါတစ်ခါ ရွက်ကြွီသာယာသံတိနန့် လဲ ယစ်မူးနိန်တတ်တေ ...
ပြင်းသထက် ပြင်းလာရေ မီး
ဝီးကွာခြင်း
ခြားနားခြင်း
ကာရံမဲ့ သံစဉ်အကျိုးအစတိ မကန် ထုတ်ပိုးလို့ 
အပြင် ကမ္ဘာချေ တစ်ခုမှာ
အမည်နာမ "ပြည်ပ" ဒေသန္တရ
ဖောက်ပြန်ညဇာသားတိကို မှီတည်ခစားယင်း
ငါ့ အိမ်ပြန်ချင်စိတ်တိကို ငါမထိမ်းသိမ်းနိုင်လိုက်ဗျာယ် ဝေ...။
                                 ခိုင်ရမ္မာ(၁၈.၃.၂၀၁၂)