Thursday 21 April 2011

ဝီးကွာခြင်းတိနန့်  ကျည်သင့်ခံထားရရေည

ဒေပိုင်နန့်  ဝီးရကတ်ဖို့ ဗျာယ်လား နှမချေ
စင်္ကာပူရရဲ့ 
ဟန်ဆောင်ကောင်းရေ ဆောင်းတုတိကြားမှာ
နွမ်းကြွီနီရေ အလွမ်းအပိုင်းအစ ချေနန့် 
အတိတ်က မင်းပျောက်ဆုံးလားခရေ ဆည်းဆာတစ်ထည်
ဥသြငှက်ချေ ငိုကြွီးဖို့  သစ်ခြောက်တစ်ကိုင်း
လွယ်အိပ်နနီ သက္ကရာဇ်တိမှာ မျက်ရည်စိုချွဲလို့ 
ငါ့ကိုငါ မေးခွန်းတိ ပျောက်ဆုံးခပါရေ ဝေ.....။

မင်းစိုက်ပျိုးပီးခလို့ 
ငါ့သမုဒ္ဒရာထက်က မျော်လင့်ခြင်းဆိုရေ ကောင်းကင်
နိန့် နိန့် ညည ကြယ်မိုးညိုတိရွာကေ
နုရွှရေ မင့်အပြုံးမိုးသားတိစွာ
ငါ့ရာသီဥတု ယိုင်နဲ့ နဲ့ မှာ စိမ်းစိုလာတတ်တေ
ထထီးကျကျန် ငါယစ်မူးမိခယင့် နှမချေ.....။

လှည့်စားဖို့  ခွန်းတေးတိ မသီကုံးပါကေ့ဖိ
မင်းနန့် အဝီးဆုံးဆိုရေ ဒဏ်ရာတိကိုပိုက်ထွီးယင်း
ငါ့နှလုံးသားမှာ လှိုင်းပုတ်သံတိ ပုံမှန်
ခေါင်းလောင်းထိုးသံတိ ပုံမှန်
မင်းတိုးရွရွ ရယ်သံချိုတိ ပုံမှန်
အဖြေမထွက်ခသီးရေ ပုစ္ဆာတစ်ပုဒ်လည်း
ယင်းတိုင်းလဲလျောင်းသီးဆုံးလို့ 
ငါ့ကိုငါ အဆိပ်လူးမြှားတိရာ တစ်စင်းပြီးတစ်စင်းပစ်ခတ်မိရေ....။


ဒေပိုင်နန့်  ထပ်ပနာ ဝီးရကတ်ဖို့ ဗျာယ်လားဝေ...
ပြောင်းလဲခြင်းဆိုရေ ကျိန်စာဆိုးတိ ကြားမှာ
အဆိပ်ည ကွဲကြေခြင်းပင်ပျို
ကျည်သင့်ခံထားရရေ ရှုံ့ တွတွ ဖဲချပ်တစ်ချပ်
ညတိ ဖရိုဖရဲ ပေါက်ပြဲ
စင်္ကာပူရရဲ့ လရောင်စိမ့်ချွဲချွဲတစ်ခင်း
ရှိုက်သံပြပြင်း ဝေဒနာဒိုင်ယာရီတစ်အုပ်
ငါ့ရင်ဖတ်မှာ
နာတာရှည်စီးကြောင်းတစ်ခုရာ
အတိတ်သို့  တတိုးညညင်းစီးဆင်း........။
                                          ခိုင်ရိန်ဇံ

No comments:

Post a Comment