Saturday 18 January 2014

ဇီရိုးဖိုက် ဆစ်စတီးနိုင်း (05-69)

သွီးတူရေ မြစ်တိ ဆုံလာရေ ရွာတစ်ရွာ
လပျိုကြီးတိ ပေါရေ
Engineerတိ ပေါရေ
အသံကျယ်ကျယ်နန့် ပင်လယ်စကားတိပြော
ပင်လယ်စာ လတ်လတ်နန့်
အပူအစပ်တိ နိန်တိုင်းချက်စားကတ်တေ နိန်ရာ။

အားလပ်ချိန်ဆိုကေ
ယင်းရွာရေ လွတ်လပ်တေ ရခိုင်နိုင်ငံဖြစ်တေ
ရခိုင်စကားတိ ဆူညံ
ရခိုင်သခြင်းတိ ပျံ့လွင့်
ရခိုင်အစားအစာတိ ဗုန်းဘောလအော
ရခိုင့်ဇာတိမာန်တိလည်း တငွိ့ငွိ့ထွက်လို့ဟိရေ။

မိုးလင်းယာ ဆိုကေ
ယင်းရွာချေက ဝိညာည်တိစွာ
ရခိုင်ပြည်ကို ဝင်ရောက်ကတ်တေ
နိုင်ငံတကာကို ဝင်မွှီကတ်တေ
စင်္ကာပူမှာ ပြီးလွှားကတ်တေ
သင်းကွဲငှက် တစ်အုပ် ပျံသံစွာ
တဖုန်းဖုန်း တဖပ်ဖပ်
ဇာခရီး ဇာအဝီးထိလဲ မပြောနိုင်။

ယင်းငှက်တိစွာ မျိုးစစ်တေငှက်တိ
ဆိုက်ဘီးရီးယားငှက်
ဖီးနစ်ငှက်
အောက်ချင်းငှက်
ဒေါင်းရန်ငှက်
တောင်ပံတိကိုဖြန့်လို့ ဝဲလို့
ကောင်းကင်စွာ သူ့ရို့ စီးချင်းထိုးဖို့ တလင်းပြင်။

ယင်း သွီးတူရေ မြစ်တိဆုံလာရေ ရွာချေ
သမိုင်းသစ်အတွက် ကဗျည်းအက္ခရာတစ်ခု ဖြစ်လောက်တေ
အဝီးရောက် ဆိုက်ဘီးရီးယားတိ အတွက် မီးပြတိုက်တစ်ခု ဖြစ်လောက်တေ
မဟာသမ္မတအရှုံးအတွက် ထွက်ပေါက်တစ်ခု ဖြစ်လောက်တေ
အလင်းရောင်ကို ထွန်းညှိဖို့ မီးစတစ်ခု ဖြစ်လောက်တေ
လွတ်လပ်လုံခြူံ မှုကို ပီးနိုင်ဖို့ မျိုးစိတစ်စိ ဖြစ်လောက်တေ
ယင်းရွာချေစွာ အမြင့်ပျံငှက်တိ ခိုဝင်ရပ်နားရေ အရပ်
ဆူလို့ ညံလို့ 
ခမ်းလို့ နားလို့ 
သန့် လို့ ယှင်းလို့ 
နွီးနွီးထွီးနွီး ဟြှင်သန်နိန်ရေ ရွာတစ်ရွာ။

11/01/2014