Sunday 22 July 2012

ရခိုင် - ဖြစ်တည်ခွင့်

ဘဝမှာ တံဆိပ်တပ်ခွင့် ရခရေ ...
"ရခိုင်"
အကြွင်းမဲ့ ကြေနပ်မှုတိက သံသယဖြစ်စရာ မဟိ
ဘဝစွာ ရခိုင်ဖြစ်တေ
အသက်စွာ ရခိုင်ဖြစ်တေ
အနာဂတ်စွာလည်း ရခိုင်ဖြစ်တေ
ငါချစ်လိုက်တေ ငါ့အဖပြည်။

ဒေဘဝတင်မက ...
နောက်ဘဝဆက်တိုင်းလည်း ရခိုင်ဘဝဖြစ်ရေးကိုရာ ငါဆုတောင်းဖို့ 
ငါ့အမိ ရခိုင်
ငါ့အဖရခိုင်
ငြါ့မီရခိုင်
ငါ့နှလုံးသားစွာလည်း သွီးသားပြည့်ဝရေ ရခိုင်ရာဖြစ်လီ ယေ။

ငါမြတ်နိုးရေ ရခိုင်
သမိုင်းကျိန်စာအောက်မှာ ပြုန်းပြုန်းကုန်အောင် အတိုက်စားခံလားရကေလဲ
ငါကား ရခိုင်ဘဝကို ညဉ်းညူလားလီဖို့ မဟုတ်
ရခိုင်သားစွာ သမိုင်းဟိရေ လူမျိုး ဖြစ်တေ
ရခိုင်သားစွာ ဇဟိရေ လူမျိုးဖြစ်တေ
စိတ်မပျက်ကတ်ပါကေ့
သွီးမကြောင်လားကတ်ပါကေ့
အဖရခိုင် ဆောက်ခြင်ထထိုင်နိုင်ဖို့  ငါရို့ အားထုတ်ကတ်ပါမေ
အဖရခိုင် ပြန်ပနာ နလံထလာစီဖို့  ငါရို့ စွန့် စားကတ်ပါမေ
ငါရို့ တိရေ ... အမှန်တရားအတွက် ပီးဆပ်ဝံ့ရေ လူမျိုးတိ ဖြစ်သင့်ရေ မလား။

ဘဝမှာ "ရခိုင်"ဆိုရေ ဖြစ်တည်ခွင့်တစ်ခုအတွက် သင့်ကြေနပ်တေ မလား
ရခိုင် ဆိုရေ လူမျိုးတစ်ခု ဆက်ပနာ ဂုဏ်သရေဟိဟိ ရပ်တည်ခွင့်ရချင်ရေ မလား
အနာဂတ် ရခိုင် မျိုးဆက်သစ်တိ ဘဝ လှပစီချင်ရေ မလား ...
ယင်းပိုင်ဆိုကေ ...
သြော် မျိုးချစ်ရခိုင် ... ပီးဆပ်ခြင်းရာ သမိုင်းသက်သီဖြစ်လိမေ
သြော် မျိုးချစ်ရခိုင် ... စွန့် လွတ်ခြင်းရာ သမိုင်းသက်သီဖြစ်လိမေ
သြော် မျိုးချစ်ရခိုင် ... ငါရို့ တိ နာကြင်မှု၊ ဒဏ်ရာ၊ သွီး၊ ချွေးတိစွာ သမိုင်းအတွက် သက်သီဖြစ်လိမေ ဝေ။

                                                       ခိုင်ရမ္မာ(၂၁/၀၇/၂၀၁၂)

Wednesday 18 July 2012

စလုံးနွီ

                     အမှတ်တရ စင်္ကာပူ ရခိုင်ကဗျာည ...

ကိုယ့်ကြမ္မာ ကိုယ်ဖန်တီးခွင့်

လူမျိုးတိုင်း ကိုယ့်မြီမှာ ကိုယ့်ကြမ္မာကိုယ်ဖန်တီးခွင့် ဟိရဖို့ 
လွတ်လပ်ခြင်းစွာ ရနံ့ ထုံသင်းရေ ပန်းတစ်ပွင့်ရာ ဖြစ်တေ။

ကိုယ့်စာပီကို ကိုယ်သင်ယူခွင့်
ကိုယ့်ရာဇဝင်မှန်ကို ကိုယ်သိခွင့်
ကိုယ့်ဘာသာစကားကို ကိုယ်ပြောခွင့်
ကိုယ့်မြီကို ကိုယ်ကာကွယ်ခွင့်
ယင်းပိုင် အလှပဆုံး အမျိုးသားရေ အရံအတားတိ။

အလင်းနည်းရေ လမိုက်ညကို
အမှန်တရားလို့  ဇာပိုင်သတ်မှတ်ရဖို့ လဲ
ဂုတ်သွီးစုပ် တောင်ပံခတ်သံရေ
ငှက်ဆိုးတစ်ကောင်ရဲ့ ကောက်ကျစ်စဉ်းလဲမှုတိရာ ဖြစ်တေ။

အလင်းကို ငါရို့ တောင့်တရေ
လွတ်လပ်ခြင်းကို ငါရို့ ငတ်မွတ်တေ
မျိုးဆက်သစ်တိတလျှောက်လုံး လှပစီဖို့ 
ငါရို့ တိ ...
သွီးထွက်သံယို နိန့် ရက်တိကိုလည်း  ကွိ့ ရှောင်လားလီဖို့ မဟုတ်
ကိုယ့်ကြမ္မာကိုယ်ဖန်တီးခွင့်ရေ ငါရို့ လုံးဝရရဖို့  အမှန်တရားရာ ဖြစ်တေ။

                                                          ခိုင်ရမ္မာ(15/7/2012)

တာဝန်

ဒေလူမျိုးမှာ ဒေမျိုးဆက်ဝင်ဖြစ်လာလို့ 
ဒေတာဝန်တိကို ငါရို့ ယူဖို့ ဆုံးဖြတ်စွာ ဆန်းလား
ရှိက နော်တော်ကြီးတိ လျှောက်လားခကတ်တေ ခြီရာတိ
ကွင်းပနာ ငါရို့ မြင်နိန်ရရေ
လက်ဆင့်ကမ်းခြင်း အနုပညာ ခမ်းခြောက်ခလို့ 
အစိကဂျေး ပြန်စိုက်ပျိုးနိန်ရကေလဲ
ညောင်းရေ ညာရေကား ငါရို့  ကြိုင်းနိန်လီဖို့ မဟုတ်
တာဝန်စွာ တာဝန်ရာဖြစ်တေ
အမျိုးမှန်ရေ သွီးစွာ ကာလာပြောင်းလားရိုးထုံးစံမဟိ
ငါရို့ တိ သမိုင်းသစ်ကို ထမ်းဖို့  ပက်ခုံးတိ ယားကျိနိန်မိကတ်ယင့်
ညီညွတ်မှုတိ လိုရေ
အသီအကြီ ကြိုးပမ်းအားထုတ်မှုတိ လိုရေ
ပျားတစ်ကောင်၏ လီပြီ ညဇာသားတိကို ပြန်ရဖို့ 
ငါရို့ တိ  ... ဒေ
ကိုယ့်သွီးလည်းပတ်မှု စနစ်တိကိုလည်း ပြန်ပနာ ဆန်းစစ်ဖို့  လိုသီးယင့် ယေ။
                                               ခိုင်ရမ္မာ(၁၁.၀၇.၂၀၁၂)