Tuesday 19 April 2011

ငြါ့ကီးမှုံပြင်မှာ


ငါစွာ အသက်ဝိညဉ် တစ်ဝက်ရာဟိရေ လူတစ်ယောက်
ငါ့ကိုယ်ထဲမှာ နိန့် တစ်နိန့် ထွန်းလင်းရေ
ပြီးကေ ညတစ်ည မှောင်မိုက်လို့ 
ငါစွာ ဝီဝါးခြင်း ကြီးမှုံပြင် တစ်ထည်။

ငါ့မှာ အသွားထက် အလူမီနီယံ ဓားတစ်လက် ဟိရေ
ငါ့မှာ မောင်းအားပြင်း (အမေရိကန်မိတ်) သေနတ်တစ်လက် ဟိရေ
ငါ့မှာ နောက်ဆုံးပေါ် လာဘူဂီနီ ကားတစ်စီး ဟိရေ
ငါ့မှာ ဆံပင်အဟြှည်နန့်  အနောက်တိုင်းသူ ဖလောင်းမချေတစ်ယောက် ဟိရေ
ပြီးကေ ငါ့မှာ ရခိုင်ပြည်ဖြစ် ခန္ဒာတစ်ခု… ရာစုနှစ်တိနန့် ချိုင်နှောင်လို့ ။

မိုးထစစော ငါစွာ လီယိုင်ပိုင်လော့ တစ်ယောက်ဖြစ်တေ
ညဇာသားဆိုကေ ငါစွာ ကူလီတစ်ယောက်
ရုံးပိတ်ရက်တိဆိုကေ ငါစွာ ဘုရားလူကြီးတစ်ယောက် ဖြစ်နီပြီးကေ
စနီနိန့် မှာဆိုကေ ငါစွာ ဗြိတိန်အိမ်ရှိမင်းသားတစ်ပါး ဖြစ်နီပြန်ရေ။

ငါစွာ ဆောင်းရာသီ တတွင်းလုံး နြူးကလီးယားဗုံးတစ်လုံးကို ဆာလောင်နီခရေ
ငါ့ရွာက တဲကုတ်ပျက်ချေမှာ ခရမ်းသီးတိကို ငပိနိုင်နိုင်နန့် ချက်
စင်းပြွန်းဖါးချေတိကို ရနွီးထဲမှာ ထည့်ဖျော်
တောမီးတိ လောင်မြိုက်လာကေနန့် ငါ့အစာအိမ်စွာ ဘွက်ဘွက်ဆူလာရေ
ယင်းစွာ ငါ့ဂေါင်းအုန်းအောက်က ဟြှင်သန်ခြင်းဗေဒ။

ငါစွာ သချိုင်းမြီကို တကူးတက ရောက်ခရေ
ယင်းမှာ……
မဟာသမ္မတရာဇာ
ဗိုလ်ကျော်ထွီး
ဗိုလ်ချင်းပျံ
ခိုင်ရာဇာ
ခိုင်မိုးလင်း
အဖိုးဦးသာထွန်း
ရဲဘော်ခိုင်မြဝင်း
သွီးသခြင်းတိစွာ မိုးများရေညတစ်ည။


ယင်းပိုင်နန့်  ငါ့ဥဏှောက်တိ စီးယို
ပင်လယ်ပြင်တစ်ဖက်
နိုင်ငံခြား
ခေတ်သက္ကရာဇ်တိ
အင်တာနက်…
မိုဘိုင်းဖုန်း
ဂျင်းဘောင်းဖီ
ငါ့ကိုယ်ထဲမှာ နိန့် တစ်နိန့် ထွန်းလင်းလို့ 
ပြီးကေ ညတစ်ည မှောင်မိုက်
ငါ့ကြီးမှုံပြင်မှာကား ပုံရိပ်တိ…ပုံရိပ်တိ…
လီဆောင်ရာဖက်ကို တလူလူ လွင့်နီကတ်ယင့်ဝေ။
                           ခိုင်ရိန်ဇံ
                           (20.4.2011) 1:30 am

No comments:

Post a Comment