အိမ်ကို လွမ်းရေ…
သင်္ကြန်ကို လွမ်းရေ…
အစိုင်အလာ ယိုင်ကျေးမှုစီးကြောင်းကို လွမ်းရေ…
ငယ်ပေါင်းဖော် သူငယ်ချင်းတိကို လွမ်းရေ…
ပိတောက်ပန်းကို လွမ်းရေ…
ကာရံရင့်ရင့် နွီဦးသရုပ်တိကို လွမ်းရေ…
ဥသြငိုသံကို လွမ်းရေ…
ရီလောင်းမဏ္ဍပ်ထဲက ရခိုင်သမချေတိကို လွမ်းရေ…
ရွက်ခြောက်ကြွီသံကို လွမ်းရေ…
သင်္ကြန်လက်ဆီးမိုး တစ်ပြိုက်နှစ်ပြိုက်ကို လွမ်းရေ...
နှစ်သစ်ကြို ရက္ခိုင်အတာ ဂီတတိကိုလွမ်းရေ…
နံသာသွီးသံတိကို လွမ်းရေ…
သံဂျပ်ထိုးတေးသွားတိကို လွမ်းရေ…
ယင်းပိုင်လွမ်းနီယင်း…
နှစ်တိုင်းရီလောင်းနီကျ အိမ်နံဘေးက ပါးပူမချေကိုလည်း ထပ်လွမ်းမိလီယင့်ဝေ…
ခိုင်ရိန်ဇံ(စင်္ကာပူ)
15.4.2011
မှတ်ချက်။ ။ ဒေနှစ်သင်္ကြန်မှာ အိမ်နံဘေးက ပါးပူမချေတစ်ယောက်ဇာပိုင်ဟိနီလီလေ့ဝေ…။

No comments:
Post a Comment