Monday 4 April 2011

ချစ်သူသို့ …….

ချစ်သူဖတ်ဖို့ 
ကျနော်စွာ ရနံ့ စုံရေ ပန်းတစ်ပွင့်ရာဖြစ်တေ…
နိန့် တိုင်း ညတိုင်း
ချစ်သူ့ ကိုင်းဖျားမှာ နားခို
ချစ်သူရာ မွှီးပျံ့ ခွင့်ရဖို့ ဆိုကေ
ကိုယ့်ရင်ခုန်သံတိ ဖူးပွင့်ရကျိုးနပ်ပါရေ ဝေ။

နွီနံကင်းကင်း မိုးသားထဲ
ချစ်သူပြုံးရိပ်တိနန့်  လွင့်မျော
ဂီတတေးသွား
ချစ်သူစကားရာ အချိုမြဆုံးဖြစ်ပါစီ။

ကျနော်စွာ ချစ်သူစီဆင်းဖို့  စန်းချောင်းတစ်ခု
အီးမြ ညင်သာ နူးညံ့ သိမ်မွိ့ 
ချစ်သူ့ အရိပ်စွာ ကမ္ဘာတစ်ခုဖြစ်နီပြန်ရေ…
စီးဆင်းပါ ချစ်သူ
ကိုယ်နှလုံးသား စန်းချောင်းထဲ။

မရုန်းပစ်ပါကေ့ ချစ်သူ
မင်းရင်ခုန်သံတိကို ကိုယ်ပွိ့ ဖက်ထားချင်လို့ ပါ။
မင်းနန့် အတူ ယယုယယ ဖူးဝေဖို့ 
လီသင့်တိုင်း ပွင့်ဖတ်တိ လှုပ်ယမ်းလာစီဖို့ 
ချစ်သူ…ကျေးဇူးပြုလို့ 
တစ်ချက် ကျေးဇူးပြုလို့ …
ကိုယ့်အိပ်မက်တိ ကျကွဲလွင့်စင်လားဖို့ စော်ကို တဘျင်းကြောက်နီမိရေ။
                                                    ခိုင်ရိန်ဇံ
                                                    21.3.2011

No comments:

Post a Comment