Saturday 29 October 2011
မျက်မှန်ချေ
မျက်မှန်ချေ တစ်လက်ကိုသတိရမိရေ
ဇာကြောင့်မှန်းမသိ
သာယာမှုတိနန့် အလှအပ သဘာဝတိကိုမြင်ကေ
ယင်းမျက်မှန်ချေစွာ အတွေးထဲ ရောက်ရောက်လာတတ်တေ။
တခါတလီဆိုကေ
ယင်းမျက်မှန်ချေမှာ ဆောင်းအကျီ င်္ံအနက်ဝတ်လို့ 
ထမိန်အပြာချေနန့် 
မျက်မှန်ချေ ပြောရေ စကားတိမှာ
ဂီတသံတိ ပါနိန်စွာ
မျက်မှန်ချေ ကြည့်ရေ အကြည့်တိမှာ
ပန်းရနံ့ တိ ပါနိန်စွာ
တခါက မျက်မှန်ချေ ပီးခရေ
ကဗျာတစ်ပုဒ်ကိုလည်း ကျနော် ချချွဲနွနွဲ့ ရွတ်ဆိုခဖူးရေ။
ဂု မင်းဇာရောက်နိန်လဲ မျက်မှန်ချေ
လှိုင်းပုတ်သံတိကြားကေ
ခေါင်းလောင်းထိုးသံနန့်  ရီတမာ ရနံ့ တိရကေ
လွယ်အိပ်နနီ ပန်းဖော် လည်ကတုံးနန့် 
ကတီဘာဖနပ် စီးခရေ နှစ်ကာလတိကို သတိရမိရေ
ပြီးကေ မင်းပါရေ ကဗျာတစ်ပုဒ်ကိုပါ မျက်မှန်ချေ။
မင်းနန့်  မလိခ သင်္ဘောထွက်ခွာလားချိန်
ငါ့ရင်မှာ ကျန်ခရေ လှိုင်းပွားမျက်ရည်တိစွာ
သက္ကရာဇ်တိ ဇာချား စွပ်စိုလားခရေ ဆိုစွာ
ထို အဝီးက မင်းသိခဖို့ ဆိုကေ
မျက်မှန်ချေ
ငါ မင်းကို သတိရကျိုးနပ်လိမေ ထင်ပါရေ။
                              ခိုင်ရမ္မာ
                          ၂၄.၁၂.၂၀၀၉
ရခိုင်စကားပြောပါမသျေ
မေသ်
နင်ရခိုင်စကားပြောကေ ကောင်းဖို့ 
ရခိုင်မသျေ တစ်ယောက်အနိန်နန့် 
ရခိုင်သွီးသားကို ပိုင်ဆိုင်
ယယိုင် ကျကျေး
အလှကေသာ အပြုံးမျက်ဝန်း
နင့်မှာ အားလုံးပြည့်စုံနိန်စွာ
နင်ရခိုင်စကားပြောကေ ကောင်းဖို့ ။
ပိုးဝါမင်းသမီးအကြောင်း နင်ကြားဖူးရေ မဟုတ်လား
စောသန္တာအကြောင်း နင်ကြားဖူးရေ မဟုတ်လား
စောပြည်ညိုအကြောင်းနင်ကြားဖူးရေမဟုတ်လား
ရှင်မဟာသီလဝံသ မြင်ခရေ ရခိုင်မင်းသမီးအကြောင်း နင်ကြားဖူးရေမဟုတ်လား။
ရခိုင်သမဖြစ်ကေ
ရခိုင်ပီသ
နိမ့်ကျနိန်ရေ အခြေအနေက
ကျရာနိန်ရာထမ်းဆောင်
နောင်တစ်ခေတ်မှာ ရရဲတောက် အာဇနီမိခင်ကောင်းတိ ဖြစ်ရဖို့ မနားယေ။
နင်ပြောခရေစကား ငါ့နားမှာ ကြားယောင်
အဆီအနစ်နန့် 
အပြစ်အနာအဆာ ကင်းကေလဲ
အောက်သားသံပါနိန်ရေ နင့်စကားက ရခိုင်ဓာတ်မပြည့်ဝ
နင်ရခိုင်စကားပြောသင့်ရေ မသျေ။
နင်ပြောရေ...သဇင်ပန်းကို မြတ်နိုးရေ
ရခိုင်မြီကိုချစ်တေ
ရခိုင်သခြင်းနားထောင်ရကေ ပျော်ရေ
ရခိုင်နွယ်ဖွားဖြစ်ရစွာလည်း ဂုဏ်ယူရေ
နင့်စကားကြောင့် ငါဝမ်းသာရေ မသျေ
ယေလဲ နင်ရခိုင်စကားတော့ ပြောသင့်ပါရေ။
ဒေနိန့် အခြေအနေက နင်လည်းသိရေပိုင်
ရခိုင်ဆိုစွာ ဂျောင်ကြားမှာရောက်နိန်ရေဘဝ
ရခိုင်သူရခိုင်သားအားလုံးညီညွတ်ပနာ
ရခိုင်ဂုဏ်ကိုမြှင့်တင်
ရခိုင်ယိုင်ကျေးမှုကိုမြတ်နိုး
ရခိုင်စကားကို တတွပ်တွပ်ပြောပြီးကေ
တစ်နိန့် ရခိုင်မြီမှာ
ရခိုင်အောင်လံ တလူလူလွင့်စီရဖို့ 
နင် ရခိုင်စကားပြောပနာ ဂုဏ်ယူပါမသျေ
နင် ရခိုင်စကားပြောပါ မသျေ။
                                                 ၂၀၀၉
သြော်...အဖ
သြော်...အဖ
အကျွန့် ကို အားပြင်းရေ မြားတစ်စင်းဖြစ်ခွင့်ပီးပါ...
ရခိုင်ပြည်အတွက် ပစ်မှတ်တစ်ခု ပစ်ခွင်းခွင့်ရချင်လို့ ။
သြော်...အဖ
အကျွန့် ကို  ကျယ်လောင်ရေ မိုးခြိမ်းသံတစ်ခုဖြစ်ခွင့်ပီးပါ...
အိမ်မောကျ ရခိုင်သားတိကို နိုးထလားအောင် အော်ပစ်ခွင့်ရချင်လို့ ။
သြော်...အဖ
အကျွန့် ကို  ရက်စက်တေ အက်တမ်ဗုံးတစ်လုံး ဖြစ်ခွင့်ပီးပါ...
ရခိုင်ပြည်က ဂုတ်သွီးစုပ် ဖွတ်တိရိစ္ဆာန်တိကို မီးလောင်တိုက် သွင်းခွင့်ရချင်လို့ ။
သြော်...အဖ
အကျွန့် ကို ရိုးစင်းသေသပ်တေ ကဗျာဆရာချေ တစ်ယောက်ဖြစ်ခွင့်ပီးပါ...
ရခိုင်ပြည်သူတိ ဒုက္ခသုက္ခကို ကမ္ဘာသိအောင် ထုဆစ်ဖော်ကျူးခွင့်ရချင်လို့ ။
သြော်...အဖ
မျိုးဆက်ထဲက သွီးတစ်စက်အဖြစ် တာဝန်သိခြင်းနန့် တာဝန်ကျီခြင်းကို ထမ်းဆောင်လိုပါရေ...
ထာဝရ...ရခိုင်ပြည်နန့်  ရခိုင်လူမျိုးအဓွန့် ဟြှည်စီချင်လို့ ။
                                                                ခိုင်ရမ္မာ(၂၉.၁၀.၂၀၁၁)
Thursday 27 October 2011
သံတွဲပိုင်ကောင်မချေ (၃)
မင်းနန့် ၀ီးကွာခြင်း ၂၀၁၀ မှာ
ငါစွာ ရီထုမဲ့ ပင်လယ်ပြင်တခု
တိမ်လွှာမဲ့ ကောင်းကင်ပျို တစ်ထည်
ရင်ခုံသံတိ ခြစားခံထားရရေ သံစိုင်မဲ့လူသား။
မင်းလျှောက်တေ တာဝီးခရီးက
ငါ့အတွက် အသက်ရှူမွန်းကျပ်လွမ်းရေ။
မင်းပြောရေအတွေးအခေါ်တိက
ငါ့မျှော်လင့်ချက်တိကို မည်းမှောင်စီရေ။
ပြီးကေ .........မင်းစိမ်းကားမှုတိက
ငါ့နှလုံးသားကို ရခဲတောင် ဆန်လားစီရေ။
မင်းစွာ...........အရှိုန်အဟုန်
မြင့်ကြယ်စင်တစ်ပွင့်
မင်းမှာမွှီးကြိုင်ရေ အပြုံးတိဟိရေပိုင်
ခိုင်မာရေ စိတ်သံစိုင် တစ်ခုလေ့ပိုင်ဆိုင်ရေ။
မင်းစွာ ၂၁ ရာစုငါ့ဘုရင်မ
သွက်လက်ထက်မြ
သံတွဲပိုင်'' ခြိမ်လိန်ခြိမ်လိန်''
မြင်သူတကာကို ကြည်နူးမှုရောင်စိုင်တီဝီဖြာပီးရေ။
သံတွဲပိုင်ကောင်မချေ ....
ဒွါရာဝတီ ရနံ့ မပြယ်ဖို့
ကိုယ့်ကိုကိုယ် ရခိုင်မူပြုဖို့
သွီးရိုးသားရိုးရခိုင်စကားပြောဖို့
ထပ်ပနာ သဇင်ပီသယင်း
မင်းနန့် အာရက္ခပူရကို
ငါ အချိန်တိုင်းလွမ်းနီလီယင့်ဝေ။
                                        ၁၂.၁၂.၂၀၁၀
လူပို
ကိုယ့်ကိုကိုယ် လူပိုတစ်ယောက်ပိုင် ခွဲခြမ်းစိတ်ဖြာပစ်လိုက်မေ
အုပ်တစ်ချပ်သဲတစ်ပွင့်စာ
လောက ကိုင်းဖျားမှာ မာကျူရီမီးသီးတစ်လုံး အာသီသနန့် 
ဆန္ဒတိ လက်ထိုးအန်ချ
သွီးစိမ်းဟြှင် ခမ်းခြောက်လားရေ ထိ...။
လူ့ ယဉ်ကျေးမှု မြီတလင်း
ရင့်မှည့်ယင်း ကြွီကျလာရေ ခြီလှမ်းတိ
သမိုင်းအတွက်ဆို
ကြောရိုးတစ်ပြင်လုံး မီးဟဟုန်း တောက်လားပတ်စီ
ညဇာသား တစ်လှီ စီးလားဝံ့ယင့်...။
တောက်ပမှုစွာ
လူတိုင်း အရသာခံတွင်း
ချစ်ခ ရကေလဲ
လူငယ်ဆိုစွာ
အနာဂတ်လမ်းသွယ်အတိုင်း ဖြစ်တေပိုင် စီးဆင်း
လွတ်လပ်မှုပန်းရာ ပွင့်ဖို့ ဆိုကေ
ရီကုန်ရီခန်း
ရိုးတွင်ခြင်ဆီထိတိုင်
ကိုယ်ကိုကိုယ် လူပို တစ်ယောက်ပိုင် ခွဲခြမ်းစိတ်ဖြာပစ်လိုက်မေ...။
                                                    ၂.၅.၂၀၀၈
Wednesday 26 October 2011
တမ်းခြင်း ၁
ချစ်သူဟိရေ အရပ်ကို
အလွမ်းလက်တစ်ဖက်ဆန့် လို့ 
ယှိုက်ကြီးတငင် တမ်းတမိရေခါ
အမှတ်တရတိ
သွီးချောင်းစီး ပြိုဆင်းလာကတ်တေ...။
တစ်နိန်ရာရာမှာ
ချစ်သူစွာ ချစ်တေအကြောင်းတိ စဉ်းစား
ကိုယ်ကားပါနိုင်ဖို့ လား
ယကေလဲ...
ချစ်သူနန့် ဝီးရေ ညမှာ
ကိုယ့်အလွမ်းတိစွာ ချစ်သူလက်ဖဝါး နနုကိုပွိ့ ဖက်ထားရေ...။
ယင်းပိုင် ပင်လယ်နန့် ရီးရေ
ချစ်တမ်းစာ
ကောင်းကင်ပြပြာမှာ ကွေးညွှတ်
ကမ္ဘာဆွဲအားစွာလည်း
ကိုယ့်အလွမ်းတိအကြောင်း
အာကာသထိ ကြေငြာမောင်း ခတ်လားကတ်ပြန်ရေ...။
ကိုယ် မိန့် မျောလခရေ...
ချစ်သူ့  ရော်ရွက်ဝါ ဦးစမှာ
ကိုယ့်နွီနီဆန်း ချိုချိုတစ်ပုဒ်
တိုးဖွဖွချေ လွင့်မျောလို့ 
ယင်း အလွမ်းကြောင်း သံစဉ်အတိုင်းရာ...။
                                           ၂၆.၂.၂၀၀၈
Tuesday 25 October 2011
သံတွဲပိုင်ကောင်မချေ (၂)
တစ်လက်လက်တောက်နိန်ရေ ၂၀၀၇ မှာ
သံတွဲပိုင်ကောင်မချေ ပြုံးလိုက်ကေနန့် 
B.Sc ဘွဲ့ လက်မှတ်
ရိုးမတစ်ဖက်ကို လွင့်ထွက်လားရေ ။
ငြိမ့်ငြောင်းရေ သံစဉ်နန့် 
၂၆ ရက်နိန့် ရောက်တိုင်း
စစ်တွေက  သံမဏိတွဲ
ကောင်မချေ့ သံမဏိတွဲ
ကျောင်းကြီးလမ်းက သံမဏိတွဲ
သံတွဲတိ..... သံတွဲတိ.....
နွီရာသီတစ်ခုလုံး ပြပြီုးပြပြက် ဖြစ်လားကတ်တေ ။
အချစ်ရဲ့ ၁၅၀၀ အလှအပ
ယင်းကောင်မချေစွာ ခုန်ဆွ ခုန်ဆွ
အဂင့် ရခိုင်သမ
ဖြားကျချိန်မှာ
မျက်မှန်တစ်လက်နန့် ငြိမ့်လို့  ငြိမ့်လို့ 
အိမ်အပြန် မလိခသင်္ဘောဆိပ်မှာ ထမင်းကြော်တစ်ပွဲ စားလားစွာတောင်
ကြည့်စမ်... ဝမ်းချေ ပိန်ကပ်လို့ 
၂၀၀၉ အထိ ပျော်ဝင်နိန်ဖို့ သိမ့်လတ် ။
ယင်းပိုင် လင်လက်နိန်ရေ
သဇင်ပန်းခိုင် ပွင့်ဦးစ
ကောင်းကင်ယံ မိုးကိုထိုးဖို့ 
မြင့်မြတ်တေ နွယ်...နွယ်...နွယ်
ကောင်မချေစွာ
သံတွဲပိုင် ဖျတ်ဆိုကေနန့်  ပြိုးပြက်လားပြန်လီရေ ။
                                                      ၂၆.၄.၂၀၀၈
Monday 24 October 2011
နွီဦးတန်းခါးက မြင်ရရေ လမ်း
ညှာရင်းပြူတ် ရွက်ကြွီ ကစပ်သံနန့် 
ဒယိမ်းဒယိုင် လက်ချောင်းအိုတိ
သွီးအတိ ပြီးလို့ 
ကန္တာရလယ်တောထဲ
သဘာဝ အနက်ရောင်တေးတိ
ဆွဆွီးပပျစ် ကြားလာရရေ
ရယ်ထဲထိ လွမ်းတတ်လာခဗျာယ်...။
ပြာဟဟောက် ကျေးလက်ဟောင်းချေမှာ
ဖူပရစ်ဝီနိန်ရေ လူယိုင်ကျေးမှု
ချက်မြုတ်ပင်ခြီရင်း
ဘဝစွာ ဟန်ချက်ညီ စီးဆင်းတုန်း...
အကွိအကောက်မဲ့ရာဆိုကေ
လောကကို ငြိးငွိခြင်း ကမ်းပါးတစ်လျှောက်
ခေတ်အဆင်တံဆာတိနန့် 
ဒေအတိုင်း ငတ်မွတ်ခ...
ငတ်မွတ်ခြင်းစွာ အဂင့်ကား ပြည့်စုံခလို့ လား...။
သွီးသားက ဆာလောင်မှုနန့် 
ဆန့် ကျင်ဖက်အနာဂတ်
ဒေ အက်ကွဲ ခြောက်စိတ်နိန်ရေ တလင်းပြာချေမှာ
တပုံတပင် စိုက်ပျိုးချင်ခရေ
ပြီးကေ တစ်ပုံတစ်ပင် စားသုံးချင်ခရေ
ဆန္ဒထဲက ငြီးသံ ပ...။
ရီခြား မြီခြားမှာ လှိုင်းခတ်သံတိ ကြားကြားလာရယာ
ချစ်တေ လူတိ အိပ်မောကျနိန်ရေ
အာကာသ ပင်မြင့်တောစိမ်းကို
သသွိ့ ချေ အရာက်လားကတ်မေ...
ဆည်းဆာမတုံးခင်  ရွှီဒူပန်းတိ ဆွတ်ကတ်ဖို့ 
နီမညှိးချောင်မှာ မြစိမ်းရောင် သစ်ဖုတိတူးကတ်ဖို့ 
ကောင်းကင် ဒိုးယိုပေါက်ထိ
သွသွိ့ ချေ အရောက်လားကတ်မေ
လာ...နွီဦးလည်း ကြွီဖို့ ယာထင်ယင့်...။
                                       ခိုင်ရမ္မာ(၂၆.၂.၂၀၀၈)
                               (လွန်ခရေ ၃ နှစ်လောက်က ရမ်းဗြဲက ဇာတိ ကျွန်းရွာချေမှာ ရီးခရေ ကဗျာချေ)
Sunday 23 October 2011
ငါရို့ ဝီးလားကတ်တေခါ
ငါရို့ ဝီးလားကတ်တေခါ...
သငယ်ချင်း
ခင်မင်ခသမျှ ဘဝမှာပိုင်ဆိုင်စရာ အမှတ်တရတိပ
နားလည်မှု
ဖေးမ ကူညီမှု
သွီးတူရေ နှလုံးသားတိနန့် 
တတူတူ ရင်ခုန်ခြင်း ညဇာသားတိ
ငါရို့ မမိန့် စတမ်း
ထိမ်းသိမ်းထားကတ်မေ...။
ငါရို့ ဝီးလားကတ်တေခါ...
သငယ်ချင်း
လူငယ်ပပီ အပြစ်မကင်းခကတ်
တခါတရီက နုပျိုရူးသွပ်ခြင်း ရာသီတိကိုလည်း  မိန့် နိုင်ကတ်ဖို့ လား
လူသားဆန်ဖို့ 
ဘဝမှာ အပြစ်အနာအဆာတိလည်း လိုရေ..
ခြောက်ပြစ်ကင်း သဲလဲစင်
မျဉ်းဖြောင့်ဆန်ရေ ဘဝကိုကား ငါမလိုချင်မိ...။
ငါရို့ ဝီးလားကတ်တေခါ...
သငယ်ချင်း
မင်းလည်း မင်းဘဝနိန့် ညတိအတွက်
ငါလည်း ငါ့ဘဝ အနာဂတ်တနံတလျှား
မောစီ ပမ်းစီ
ညောင်းစီ ညာစီ
မငြီးမငြူ တတူတူ လူသားတာဝန်တိ ပဝေ...။
ငါရို့ ဝီးလားကတ်တေခါ...
သငယ်ချင်း
မင်းလည်း မင်းစိုက်တေသစ်ပင်
ငါလည်း ငါဆောက်တေအိမ်
နွီးထွီးပြည့်စုံဖို့ 
ယောက်ျားစွာ တာဝန်ဝတ္တရားကြီးရေ ဦဆောင်မှုသတ္တဝါ
ငါရို့ ကမ္ဘာတစ်ခုလုံးကို မဟုတ်ကေတောင်
လူအဖွဲ့ အစည်းတစ်ခုကိုတော့ ဦးဆောင်ကတ်ဖို့ ...။
ငါရို့ ဝီးလားကတ်တေခါ...
သငယ်ချင်း
ခင်မင်ခသမျှ
ဘဝမှာ ပိုင်ဆိုင်စရာ အမှတ်တရတိပ ဝေ...
ထာဝရ
ကမ္ဘာတည်သရွိ
ဇာလောက် ဝဝီး
ဇာလောက် ကွကွာ
သတိရနိန်ပါဝေ...
သငယ်ချင်း...ငါရို့ ဝီးလားကတ်တေခါ...။
                                ခိုင်ရမ္မာ(၂၃.၁၀.၂၀၁၁)
Saturday 22 October 2011
ချစ်သူ...သို
ချစ်သူ...
နားလည်ပီးပါ...
မင်းစွာငါ့ဘဝ မင်းစွာငါ့မျှော်လင့်ချက်
ငါစွာ မင်းပုံရိပ်တိနန့် တည်ဆောက်ထားရေ ကမ္ဘာ...
မင်းနန့် စတွိရေ အချိန်ကစ ဒေနိန်အချိန်ထိ
ငါ့ရင်ခုန်သံတိစွာ မင်းအပြုံး
ငါအိမ်မက်တိစွာလည်း မင်းရယ်သံ
ငါ...တစ်ယောက်တည်းရူးသွပ်နိန်ခရေ...
မင်းပါရေ...ယင်းသိုက်မြုံချေကို ငါမြတ်နိုးရေ
ငါစွာ မင်းခိုနားဖို့ သစ်ကိုင်းချေ တစ်ကိုင်း
ငါစွာ မင်းပန်ဆင်ဖို့  ပန်းနနီချေ တစ်ပွင့်
မင်းကိုငါ နီရောင်ခြည်ချေ တစ်ခင်းပိုင် ပွိ့ ဖက်ထားချင်ရေ
မင်းရုန်းဖို့ လား...
မရုန်းပါကေ့...နန်း
မင်းနန်းဝီးရကေ ငါရူးသွပ်လားနိုင်ရေ...
မင်းကို ချစ်တေ...ထာဝရ...ထာဝဆိုစွာထက် ထာဝရ
ဘဝကို နှလုံးသားနန့် ထပ်လို့ ချစ်မေ
ရင်ခုန်သံတိကို အိပ်မက်နန့် ထပ်လို့ ချစ်မေ
မင်းနူးညံ့မှုတိကို မြတ်နိုးခြင်းတိနန့် ပုံလို့ ချစ်မေ
ချစ်သူ...
ချစ်ခွင့်ပီးပါဝေ...
မြမြတ်နနိုး...ယယုယယ့
တစ်ဘဝအတွက်ပါရာ ချစ်သူချေ...
                                     ခိုင်ရမ္မာ(၂၃.၁၀.၂၀၁၁)
(လူငယ်တိုင်း အချစ်နန့် ပတ်သက်ကေ ရူးသွပ်တတ်ကတ်ပါရေ။အချိန်ရာသီဆိုစွာ ဟိရေမလား။ အသက်ကြီးမှ အသဲကွဲပြနိန်ကေ လူရယ်စရာဖြစ်လိမေ။ ယင်းဖြစ်လို့  ဘော်ဒါတိ...လုပ်ကတ်။ ချစ်စရာဟိစွာချစ်။ ကွဲစရာဟိကေကွဲ။ ပျော်စရာဟိကေ ပျော်။ ယေမှ လူပီသဖို့ ။)
ပစ္စက္ခလွမ်းချင်း
ဂုလောက်ဆိုကေ
ပင်လယ်ရီသောက်တေ ကျောင်းကြီးလမ်းမှာ
မျက်နှာသိ ရွက်စိမ်းနုတိနန့် 
၂၀၀၈ သားပေါက်တိ
ထွီးရောယှက်တင် ဝီနိန်လောက်တေ...
ဆောင်းရရင့်ထက်မှာ
ပင်လယ်ကမ်းစပ်အတိုင်း
ဆားငံငွိတိနန့် တတူပျော်ဝင်ဖို့ 
သတ္တိမဟိခစွာ မဟုတ်ပါ စစ်တွေ
အဂင့် လွမ်းယင်းနန့်  ငါလွင့်ကြွီခစွာပါ...
ဖြစ်ချင်ရေ ဆိုတိုင်း
ရီတမာပင်တန်း အဓိပဓိလမ်းမှာ
ထာဝရ မနွမ်းမကြွီချင်ခကေလဲ
တစ်ခါ တစ်ခါ ဘဝဆိုစွာက
နွီဦးရွက်ဝါတိပိုင်
ပင်ယံမမြဲထင်တိုင်းကြဲတတ်စွာ မင်းလည်းသိရေ အတိုင်းရာ...
သံသယ ကကင်း
နောက်ဆုံးနှုတ်ဆက်ခြင်းစွာ
လာရေအချိန်က အတိုင်း လုံးချင်တည်း
လှိုင်းပုတ်သံတိကြား
ဂစ္ဆပနဒီ မျက်ရည်တိ
ဝမ်းပမ်းတနည်း မြစ်ဖျားခံ ပြည့်လျှံစီခ ပ
လားယာ အဝေ...ပင်ရိပ်မြုံကြီး...
ဂုလောက်ဆိုကေ
ကျောင်းဖွင့်ချိန် ကျောင်တက်ရက်တိက
DAY နိန့် ညတိမှာ
နိစ္စဓူဝ အနာဂတ် တနံတလျှား
နွယ်ခရေ သံယောဇဉ်တိလည်း
ဝိုးတဝါးနန့် ...
သမရိုး သင်ခန်းစာတိ
ညစာ မိုးသောက်
ငါ ထထ ယောင်အော်မိရေ အထိ...
                                       ၈.၂.၂၀၀၈
(တက္ကသိုလ် ပြီးစ ညတစ်ညမှာ အလွမ်းတိနန့် အိမ်မှာရီးဖြစ်ခရေ ကဗျာချေ)
Wednesday 19 October 2011
ဒေညမိုးမရွာပါကေ့
ဒေည...
မိုးမရွာစီဖို့ ငါဆုတောင်းရေ...။
ခခိုက်တုန်အောင်စိုချွဲလို့ 
မိုးမုန်တိုင်းမိ...အတွေးတိ
လီပြင်းချေ မြူးလာကေ
ရင်ဘတ်က...တစစ အောင့်လာရေ
ကျိန်စာကြောင့် ထင်ယင့်...။
ဟိုမနှစ် ဒေအချိန်ကလည်း တစ်ကြိမ်
ငါ့ရင်တိ အက်ကွဲ...
ငါ့အသဲတိ လဲပြို...
မျှော်လင့်ချက်ငိုသံတိကြား အူယားဖားယား ဖြစ်ခရစွာ ငါဂုထိ မမိန့် သိမ့်...။
ငါ့အသွီးအသားတိ
ငါ့ ကြွက်သားမျှင်ပြတ်စတိ
င/မိုက်သား လက်ဝါးညိုကြီးအောက် မှောက်ခုံပက်လက်
ယင်း ရက်စက်ခြင်း ရသတ္တပတ်ကို ငါမုန်းရေ...။
ဂုလဲ...ကြည့် ဒေမှာ
အုန်းလှီးဓားပိုင် ပါးလျှလျှရယ်သံတိနန့် 
ငါ့နှလုံးသားကို ထိုးဖောက်
ငါ့ ကမ်းခြီတစ်လျှောက် လမ်းလျှောက်ထွက်လာပြန်ယင့်
ငါ စိုးရိန်ရေ...
ငါ ကြောင့်ကြရေ...
မာယာများရေ ယင်းသူ့ စရိုက် ငါ ကကောင်းသိရေ
ရက်စက်တတ်မှန်း...
သွီးအီးကောက်ကျစ်တတ်မှန်း...
ဟန်ဆောင်ပြုစားပနာ ငါရို့ ကမ္ဘာငယ်ချေကို ထင်ပိုင်မြင်ပိုင် ဖျက်ဆီးပစ်နိုင်ရေ...။
ငါ့ စိတ်တိ အစိုးမရ
အသက်ယှူလည်း မဝ
ဘုရားကိုတ တရားကိုတ
ရလာရေ ဒေတစ်ဘဝတာချေကို အအီးချချမ်း ဟြှင်သန်ခွင့်ပီးပလင့်ဝေ...
ဒေည...
မိုးမရွာစီဖို့  ဆုတောင်းမိရေ
ခခိုက်တုန်နိန်ရေ အတွေးတိနန့် 
အဝေ... ကျေးဇူးပြုလို့ ဒေည မိုးမရွာပါကေ့လားဝေ...။
ပြိုကျလာရေ အလွမ်းတိ
ဇာဖြစ်လို့ ငါဒေနိန်ရာကို ရောက်လာရလဲ...
ပိုးကျနိန်ရေ ခံစားချက်တိနန့် 
သွီးသားပြောင်းပြန်ရာသီ
မြို့ ပြလက္ခဏာ အဆီအရီတိကြားမှာ
ဘဝစွာ နီလောင်ခံပြဇာတ်တစ်ပုဒ်
ငါ ငြီးငွေလာယာ...။
လူ့ ဘဝအရသာတိ အားလုံးပျောက်ဆုံး
နှလုံးသားအတုနန့်  နိန့် ရက်အတုတိ ဟြှင်သန်ရေ အချိန်
စိတ်ခံစားမှုတိလည်း အားလုံး လဲကွဲ ပြိုအက်စီခရေ
ဇာပိုင် နွီထွီးရေ အသိုက်င်္မြုချေ ဖြစ်စီဖို့ လဲ
ဇာပိုင် ကဗျာဆန်ရေ ညဇာသားတိ ဟိနိန်နိုင်ဖို့ လဲ...။
ယင်းပိုင်မွမ်းကျပ်မှုတိကြား
မိုးတစ်ဆုံးမြီတစ်ဆုံး အလွမ်းတိနန့် ထူဝီ
ညက ညမဆန်ယာ
နိန့် က နိန့် မဆန်လိုက်ယာ
လွတ်လပ်မှုတိအားလုံးကို ကျောပိုးအိပ်တစ်လုံးထဲ ထည့်လွယ်လို့ 
ဟြှင်သန်ခြင်းမြို့ ပြဗေဒအလှအပ
ငါ...
ကျေးလက်က ဆည်းဆာညိုချေတိကို
အောက်မိန့် တမ်းတနိန်တတ်ယာ...။
ဇာနိန့် အိမ်ပြန်ခွင့်ရဖို့ လဲ
မွတ်သိပ်မှုတိနန့်  လက်ချိုးရီတွက်
အလုပ်အားချိန်တိုင်း အတွေးတိနန့် မှန်းမျှော်
ကျိန်စာသင့် ခုနှစ်သက္ကရာဇ်တိထဲမှာ ကာလတစ်ခုကြာတော့ ပျော်ဝင်ကတ်ရဖို့ သိမ့်...
သက်ပြင်းတိကို မျိုချ
သတိရခြင်းတိကို လုံးခြွီ
မျက်ရည်တိ စီးကျလာကေတောင်
သုပ်ပစ်ဖို့ လက်တစ်ဖက်က အသင့်
ယင်းပိုင်ရာ...
ဘဝမှာ ဆန္ဒအတိုင်း ဂျေး ဇာခါ ဟြှင်သန်ခွင့်ရနိုင်ကတ်ဖို့ လဲ...။
                                                                      ၁၂.၉.၂၀၁၁