Saturday, 23 April 2011

ပျံသန်းခြင်း

ငါ့သား....
ယား...လားလီ နိုင်ငံခြားသို့......
မိဘ အိုစာမင်းစာ စုထားရေ
ဖေသာ တစ်ပြား နှစ်ပြားနန့်
ဇာတိကို ကျောခိုင်းပနာ...
အဝီးပျံငှက်တစ်ကောင်အဖြစ် ပျံသန်းထွက်ခွာခရေ။

ဆွီမပါ မျိုးမပါ
သူငယ်ချင်းမပါ...မိတ်ဆွေမပါ....
သစိမ်းတရံဒေသ
ခရရိုင်းပြောရကေ
အကြောင်းရင်းက..ကျွန်ခံဖို့လတ်။
.
ဖေသာကို ချွေးနန့်ရင်း
မိုးရွာရွာ နီပူပူ
အလုပ်စွာ ဘဝရဲ့ လမ်းပြကြယ်ရာဖြစ်တေ။
ပျိုရွယ်မူတိနန့် လူငယ်ဘဝအခွင့်အရေးတိကိုစွန့်လွတ်
ချစ်သူရည်းစား
အပျော်အပါး..အပေါင်းအသင်း
အားလုံး..အားလုံးစွာ
ရင်းနှီးခြင်း အနာဂတ်တိရာဖြစ်တေ။

လူမျိုးခြားတိ
ခိုင်းဖက်ခြင်းအောက်မှာ
လက်ညှိးထိုးရာစီးဆင်း
အလိုက်တသိ သဘောတကျဖြစ်အောင်...
စိတ်ဓာတ်တိကိုလဲ
ကြိုးတိပိုင် ခြွီခြွီ ထားရရေ။
တစ်ခါ တစ်ခါဘာသာစကားတိကိုနားမလည်
ဒေသနန့် သဟဇာတမကျ
နီထိုင်ခြင်းတိမှာလဲ
ဆူးငြောင့်ခလုတ်
သောကတိက ပွင့်ပွင့်လာတတ်တေ
ဒေစွာ လောကဓံ ထင်ယင့်။

တစ်နာရီပြီးကေ တစ်နာရီ
တစ်နိန့် ပြီးကေတစ်နိန့်
တန်ဖိုးနန့် ကုန်ဆုံးခြင်းလုံ့လ
လူဘဝဆိုစွာ
ပန်းခင်းရေ လမ်းမဟုတ်
ဆူးခင်းလမ်းတိပြီးကေ
ကတ္တိပါတစ်ထပ် ကျော်ဖြတ်ခွင့်ရနိုင်ဖို့ လား
အားတင်းထားဝေ....ညီချေ...
အားတင်းထား......။
                      ခိုင်ရိန်ဇံ

No comments:

Post a Comment