Tuesday 26 April 2011

အိမ်လွမ်းစိတ်

စိတ်အကြီးခွံတိ ကျွတ်ကျလုမတတ်
အိမ်လွမ်းစိတ်က ငါ့ကို မြှူနီရေ။
ရွက်ခြောက်တိ ကြွီနီဗျာယ်…
လက်ပံတိ ပွင့်နီဗျာယ်…
တစ်ခါက မင်းကျင်လည်ခဖူးရေ နယ်ချေ မှာလည်း
ပင်အိုတိ အရိုးပြိုင်းပြိုင်းထ ယိမ်းခါနီကတ်ဗျာယ်…။

နွီပူပြင်းလာလို့ 
ကမ်းနားကို အပန်းဖြေ ခိုနားလာကတ်တေ လှိုင်းတိ
တိမ်စိုင်တိမ်လိပ်တိ မြူးထူးရေ
လီရူးတောင်ပံခတ်သံ တစ်မွန်းတည့်မှာ
ရာသီစာ မြင်းခွာ ခရု ရကြက် ပလာတူးတိ လှိုင်လှိုင်ပေါနီလီဖို့ ဝေ…။

ချောင်းရီ ကန်ရီ ခန်းခြောက်စ
ကောက်ရိုးခြီ တစ်လွင်ပြင်လုံး နွီအာခေါင်ငွိ့ တိနန့် စီးယို
ယင်း တောင်ကြား ပင်လယ်ခြီရင်းသို့ 
နီလုံးဝါကြီး ပုန်းခိုလားဖို့ စွာကို ကြောက်တေ။
တစ်ခါက ယင်း ဆိုင်းဆာ တံထားအိုနားမှာ မလားယေ
အလွမ်းတိကို မြုံသီယင်း လူမသိ သူမသိ ငါငိုကြွီးခဖူးရေ။

နှစ်ကာလတိ ထုခြီလို့ 
အုတ်ခဲကျိုးတစ်ခဲပိုင် လွင့်စင်လခရေ ငါ့ ပင့်သက်ချသံ
ထုတ်မှာသတ် တိုင်မှာသတ်
အလွမ်းတိနန့်  ဗြွတ်ဗြွတ်ယို
နီထိုင်ခြင်း ငါ့နိန့် ရက်တိလည်း လောင်ကျွမ်းလုမတတ်
အိမ်လွမ်းစိတ်က ငါ့ကို မြှူ မြှူ နီလီယင့်ဝေ…..။
                                  
                                   26.4.2011

Saturday 23 April 2011

ပျံသန်းခြင်း

ငါ့သား....
ယား...လားလီ နိုင်ငံခြားသို့......
မိဘ အိုစာမင်းစာ စုထားရေ
ဖေသာ တစ်ပြား နှစ်ပြားနန့်
ဇာတိကို ကျောခိုင်းပနာ...
အဝီးပျံငှက်တစ်ကောင်အဖြစ် ပျံသန်းထွက်ခွာခရေ။

ဆွီမပါ မျိုးမပါ
သူငယ်ချင်းမပါ...မိတ်ဆွေမပါ....
သစိမ်းတရံဒေသ
ခရရိုင်းပြောရကေ
အကြောင်းရင်းက..ကျွန်ခံဖို့လတ်။
.
ဖေသာကို ချွေးနန့်ရင်း
မိုးရွာရွာ နီပူပူ
အလုပ်စွာ ဘဝရဲ့ လမ်းပြကြယ်ရာဖြစ်တေ။
ပျိုရွယ်မူတိနန့် လူငယ်ဘဝအခွင့်အရေးတိကိုစွန့်လွတ်
ချစ်သူရည်းစား
အပျော်အပါး..အပေါင်းအသင်း
အားလုံး..အားလုံးစွာ
ရင်းနှီးခြင်း အနာဂတ်တိရာဖြစ်တေ။

လူမျိုးခြားတိ
ခိုင်းဖက်ခြင်းအောက်မှာ
လက်ညှိးထိုးရာစီးဆင်း
အလိုက်တသိ သဘောတကျဖြစ်အောင်...
စိတ်ဓာတ်တိကိုလဲ
ကြိုးတိပိုင် ခြွီခြွီ ထားရရေ။
တစ်ခါ တစ်ခါဘာသာစကားတိကိုနားမလည်
ဒေသနန့် သဟဇာတမကျ
နီထိုင်ခြင်းတိမှာလဲ
ဆူးငြောင့်ခလုတ်
သောကတိက ပွင့်ပွင့်လာတတ်တေ
ဒေစွာ လောကဓံ ထင်ယင့်။

တစ်နာရီပြီးကေ တစ်နာရီ
တစ်နိန့် ပြီးကေတစ်နိန့်
တန်ဖိုးနန့် ကုန်ဆုံးခြင်းလုံ့လ
လူဘဝဆိုစွာ
ပန်းခင်းရေ လမ်းမဟုတ်
ဆူးခင်းလမ်းတိပြီးကေ
ကတ္တိပါတစ်ထပ် ကျော်ဖြတ်ခွင့်ရနိုင်ဖို့ လား
အားတင်းထားဝေ....ညီချေ...
အားတင်းထား......။
                      ခိုင်ရိန်ဇံ

Thursday 21 April 2011

ဝီးကွာခြင်းတိနန့်  ကျည်သင့်ခံထားရရေည

ဒေပိုင်နန့်  ဝီးရကတ်ဖို့ ဗျာယ်လား နှမချေ
စင်္ကာပူရရဲ့ 
ဟန်ဆောင်ကောင်းရေ ဆောင်းတုတိကြားမှာ
နွမ်းကြွီနီရေ အလွမ်းအပိုင်းအစ ချေနန့် 
အတိတ်က မင်းပျောက်ဆုံးလားခရေ ဆည်းဆာတစ်ထည်
ဥသြငှက်ချေ ငိုကြွီးဖို့  သစ်ခြောက်တစ်ကိုင်း
လွယ်အိပ်နနီ သက္ကရာဇ်တိမှာ မျက်ရည်စိုချွဲလို့ 
ငါ့ကိုငါ မေးခွန်းတိ ပျောက်ဆုံးခပါရေ ဝေ.....။

မင်းစိုက်ပျိုးပီးခလို့ 
ငါ့သမုဒ္ဒရာထက်က မျော်လင့်ခြင်းဆိုရေ ကောင်းကင်
နိန့် နိန့် ညည ကြယ်မိုးညိုတိရွာကေ
နုရွှရေ မင့်အပြုံးမိုးသားတိစွာ
ငါ့ရာသီဥတု ယိုင်နဲ့ နဲ့ မှာ စိမ်းစိုလာတတ်တေ
ထထီးကျကျန် ငါယစ်မူးမိခယင့် နှမချေ.....။

လှည့်စားဖို့  ခွန်းတေးတိ မသီကုံးပါကေ့ဖိ
မင်းနန့် အဝီးဆုံးဆိုရေ ဒဏ်ရာတိကိုပိုက်ထွီးယင်း
ငါ့နှလုံးသားမှာ လှိုင်းပုတ်သံတိ ပုံမှန်
ခေါင်းလောင်းထိုးသံတိ ပုံမှန်
မင်းတိုးရွရွ ရယ်သံချိုတိ ပုံမှန်
အဖြေမထွက်ခသီးရေ ပုစ္ဆာတစ်ပုဒ်လည်း
ယင်းတိုင်းလဲလျောင်းသီးဆုံးလို့ 
ငါ့ကိုငါ အဆိပ်လူးမြှားတိရာ တစ်စင်းပြီးတစ်စင်းပစ်ခတ်မိရေ....။


ဒေပိုင်နန့်  ထပ်ပနာ ဝီးရကတ်ဖို့ ဗျာယ်လားဝေ...
ပြောင်းလဲခြင်းဆိုရေ ကျိန်စာဆိုးတိ ကြားမှာ
အဆိပ်ည ကွဲကြေခြင်းပင်ပျို
ကျည်သင့်ခံထားရရေ ရှုံ့ တွတွ ဖဲချပ်တစ်ချပ်
ညတိ ဖရိုဖရဲ ပေါက်ပြဲ
စင်္ကာပူရရဲ့ လရောင်စိမ့်ချွဲချွဲတစ်ခင်း
ရှိုက်သံပြပြင်း ဝေဒနာဒိုင်ယာရီတစ်အုပ်
ငါ့ရင်ဖတ်မှာ
နာတာရှည်စီးကြောင်းတစ်ခုရာ
အတိတ်သို့  တတိုးညညင်းစီးဆင်း........။
                                          ခိုင်ရိန်ဇံ

Tuesday 19 April 2011

ငြါ့ကီးမှုံပြင်မှာ


ငါစွာ အသက်ဝိညဉ် တစ်ဝက်ရာဟိရေ လူတစ်ယောက်
ငါ့ကိုယ်ထဲမှာ နိန့် တစ်နိန့် ထွန်းလင်းရေ
ပြီးကေ ညတစ်ည မှောင်မိုက်လို့ 
ငါစွာ ဝီဝါးခြင်း ကြီးမှုံပြင် တစ်ထည်။

ငါ့မှာ အသွားထက် အလူမီနီယံ ဓားတစ်လက် ဟိရေ
ငါ့မှာ မောင်းအားပြင်း (အမေရိကန်မိတ်) သေနတ်တစ်လက် ဟိရေ
ငါ့မှာ နောက်ဆုံးပေါ် လာဘူဂီနီ ကားတစ်စီး ဟိရေ
ငါ့မှာ ဆံပင်အဟြှည်နန့်  အနောက်တိုင်းသူ ဖလောင်းမချေတစ်ယောက် ဟိရေ
ပြီးကေ ငါ့မှာ ရခိုင်ပြည်ဖြစ် ခန္ဒာတစ်ခု… ရာစုနှစ်တိနန့် ချိုင်နှောင်လို့ ။

မိုးထစစော ငါစွာ လီယိုင်ပိုင်လော့ တစ်ယောက်ဖြစ်တေ
ညဇာသားဆိုကေ ငါစွာ ကူလီတစ်ယောက်
ရုံးပိတ်ရက်တိဆိုကေ ငါစွာ ဘုရားလူကြီးတစ်ယောက် ဖြစ်နီပြီးကေ
စနီနိန့် မှာဆိုကေ ငါစွာ ဗြိတိန်အိမ်ရှိမင်းသားတစ်ပါး ဖြစ်နီပြန်ရေ။

ငါစွာ ဆောင်းရာသီ တတွင်းလုံး နြူးကလီးယားဗုံးတစ်လုံးကို ဆာလောင်နီခရေ
ငါ့ရွာက တဲကုတ်ပျက်ချေမှာ ခရမ်းသီးတိကို ငပိနိုင်နိုင်နန့် ချက်
စင်းပြွန်းဖါးချေတိကို ရနွီးထဲမှာ ထည့်ဖျော်
တောမီးတိ လောင်မြိုက်လာကေနန့် ငါ့အစာအိမ်စွာ ဘွက်ဘွက်ဆူလာရေ
ယင်းစွာ ငါ့ဂေါင်းအုန်းအောက်က ဟြှင်သန်ခြင်းဗေဒ။

ငါစွာ သချိုင်းမြီကို တကူးတက ရောက်ခရေ
ယင်းမှာ……
မဟာသမ္မတရာဇာ
ဗိုလ်ကျော်ထွီး
ဗိုလ်ချင်းပျံ
ခိုင်ရာဇာ
ခိုင်မိုးလင်း
အဖိုးဦးသာထွန်း
ရဲဘော်ခိုင်မြဝင်း
သွီးသခြင်းတိစွာ မိုးများရေညတစ်ည။


ယင်းပိုင်နန့်  ငါ့ဥဏှောက်တိ စီးယို
ပင်လယ်ပြင်တစ်ဖက်
နိုင်ငံခြား
ခေတ်သက္ကရာဇ်တိ
အင်တာနက်…
မိုဘိုင်းဖုန်း
ဂျင်းဘောင်းဖီ
ငါ့ကိုယ်ထဲမှာ နိန့် တစ်နိန့် ထွန်းလင်းလို့ 
ပြီးကေ ညတစ်ည မှောင်မိုက်
ငါ့ကြီးမှုံပြင်မှာကား ပုံရိပ်တိ…ပုံရိပ်တိ…
လီဆောင်ရာဖက်ကို တလူလူ လွင့်နီကတ်ယင့်ဝေ။
                           ခိုင်ရိန်ဇံ
                           (20.4.2011) 1:30 am

Monday 18 April 2011

အလွမ်းများ

အိမ်ကို လွမ်းရေ…
သင်္ကြန်ကို လွမ်းရေ…
အစိုင်အလာ ယိုင်ကျေးမှုစီးကြောင်းကို လွမ်းရေ…
ငယ်ပေါင်းဖော် သူငယ်ချင်းတိကို လွမ်းရေ…
ပိတောက်ပန်းကို လွမ်းရေ…
ကာရံရင့်ရင့် နွီဦးသရုပ်တိကို လွမ်းရေ…
ဥသြငိုသံကို လွမ်းရေ…
ရီလောင်းမဏ္ဍပ်ထဲက ရခိုင်သမချေတိကို လွမ်းရေ…
ရွက်ခြောက်ကြွီသံကို လွမ်းရေ…
သင်္ကြန်လက်ဆီးမိုး တစ်ပြိုက်နှစ်ပြိုက်ကို လွမ်းရေ...
နှစ်သစ်ကြို ရက္ခိုင်အတာ ဂီတတိကိုလွမ်းရေ…
နံသာသွီးသံတိကို လွမ်းရေ…
သံဂျပ်ထိုးတေးသွားတိကို လွမ်းရေ…
ယင်းပိုင်လွမ်းနီယင်း…
နှစ်တိုင်းရီလောင်းနီကျ အိမ်နံဘေးက ပါးပူမချေကိုလည်း ထပ်လွမ်းမိလီယင့်ဝေ…
                                                                          ခိုင်ရိန်ဇံ(စင်္ကာပူ)
                                                                          15.4.2011
မှတ်ချက်။      ။ ဒေနှစ်သင်္ကြန်မှာ အိမ်နံဘေးက ပါးပူမချေတစ်ယောက်ဇာပိုင်ဟိနီလီလေ့ဝေ…။

Wednesday 13 April 2011

အတာစကား


ရီတစ်ခွက်လောက် ပပိုက်နနှစ် လောင်းပလိုက်ချင်ရေ
မချေ
မင်းခွင့်ပြုနိုင်ဖို့ လား
မိတ္တာရီစင်…
အတာရီစင်…
နှစ်သစ်ရီစင်…
ယယိုင်ကျကျေး ရိုးရာဆန်ဆန် တန်ဖိုးထားလောင်းပီးမေ။

ပိတောက်တစ်ခက် လှတပတ ပန်ပီးချင်ရေ
မချေ
မင်းခွင့်ပြုနိုင်ဖို့ လား
မိတ္တာပန်း…
အတာပန်း…
နှစ်သစ်ပန်း…
မင်းကေသာမှာ စံမြန်းဖို့ အမွှီးပျံ့ ဆုံးရနံ့ တိနန့် ပါဝေ။

စကားချေတစ်ခွန်း ကြကြင်နနာ ပြောပြချင်ရေ
မချေ
မင်းနားထောင်ပီးနိုင်ဖို့ လား
မိတ္တာစကား…
အတာစကား…
နှစ်သစ်စကား…
ပါးစပ်ဖျားက သက်သက်မဟုတ် ရင်ထဲက လာရေ
မင်းနားထောင်ပီးပါဝေ……နန်း။
                                          ခိုင်ရိန်ဇံ
                                          ၁၃.၄.၂၀၁၁

Thursday 7 April 2011

ချစ်သူသို့ …….(ရည်းစားစာ)

ချစ်သူချေ…။
တိုးတတိတ် မျက်ဝန်းနက်တိနန့်  ကိုယ့်စကြာဝဠာထဲကို မင်းဇာဖြစ်လို့ 
ဝင်ရောက်လာလည်းဝေ။မင်းအပြုံးနုတိ ကိုယ့်နှလုံးသားကို ခခိုက်တုန်အောင် စိုချွဲ…။
မင်းပုံရိပ်ဖြူတိ ကိုယ့်အိပ်မက်တိမှာ မင်းမူ။ မင်းနန့် စတင်တွိဆုံခြင်းတဒင်္ဂစွာ ကိုယ့်
ဟြှင်သန်ခြင်းနိယာမရဲ့  မိုင်းထောင်ချီ နိဒါန်းအစ…။ ကိုယ့်နွီရာသီတိ
ပိတောက်၊ငု၊ခမောင်းတိ ပင်ယံဆင့် ပွင့်ပိုက်ကတ်တေ။ ကိုယ့်အာရုဏ်ပျိုတိ မင်းနိုးထခြင်း
ကိုကြိုဆိုယင်း...ရောင်စဉ်ကိုးမျိုးအလှတိုးလို့ ။ ကိုယ့်ဥယျာန်ချေမှာ သစ်လွင်မှုတိအားလုံး
မင်းအလာကို စောင့်ကြိုနီကတ်တေ။
အချစ်ဆိုစွာ ပူလောင်ခြင်းတိရဲ့ ဘုရင် လတ်။ ပြီးကေ အချစ်ဆိုစွာ ကြည်နူးခြင်းတိရဲ့  ကမ္ဘာ
လတ်။ ဇာပိုင်ပင်ဆိုဆို မင်းနန့် တွိဆုံခြင်းစွာ ကိုယ့်အမှောင်ညရဲ့  လမင်းကြီး…။
ကိုယ့်ခရီးကြမ်းရဲ့  မြရိပ်ညို…။ ကိုယ့်ပင်လင်ပြာရဲ့  စိုင်းဒြားမင်းခွာချေတစ်ကောင်…။
တေးသံစုံကြည်နူးမှုတိနန့်  ကိုယ့်နိစ္စဓူဝတိစွာ ပိုပြီးကေ အသက်ဝင်ပါလတ်တေ။ မင့်ညှိ့ 
ဓာတ်တိနန့်  ရစ်တွယ်မိခဗျာယ်။ ကိုယ့်နှလုံးသားစွာလည်း မင်းဝင်္ကာထဲမှာ လဲပြို…။
ထွက်ပေါက်မဲ့ ကိုယ် လုံးဝကျယှူံးးလခဗျာယ်ဝေ။
စိမ်းကားမှုပန်းတိ မဖူးပွင့်ဖို့  ကိုယ်မင်းကို မိတ္တာရပ်ခံပါရဇီ ချစ်သူချေ။ ပြီးကေ
ကိုယ့်ရင်ခုန်သံတိကို နားလည်ဖို့  ကိုယ့်မျှော်လင့်ခြင်းတိကို မင်းထံပါးမှာ ယစ်ပူဇော်ခံပါရဇီ။
မင်းစိတ်ကြိုက်…မင်းဆန္ဒအတိုင်း လွတ်လပ်စွာစီးဆင်းပီးပါ။ မိုးတိမ်သားတိနန့်  ယိမ်းနွဲ့ လို့ 
ကိုယ်စွာ မင်းတိုက်ခတ်ရာကို ဦးတည်နီခရေ။ ကိုယ့်ဝင်သက်ထွက်သက်တိုင်းစွာ
အလှပဆုံး စုပ်ချက်တိ စစီရရီ။ မင်းအတွက် အချစ်ပန်းချီကားတစ်ချပ် ယယုယယ့
ကိုယ်စိုက်ပျိုးနီမိလီရဲ့…..။
ကိုယ် မင်းကိုချစ်တေ။ အာဒံက ဧဝကိုပြောခရေစကား…။ ရိုမီယိုက ဂျူးလီးယက်ကို
ပြောခရေစကား…။ ကိုယ်ကမင်းကိုပြောရေစကား…။ဘာသာစကားချင်း ကွာချင်ကွာလိမေ
အဓိပ္ပာယ်ကတော့အတူတူပါရာဝေ။ မင်းနန့်  တစ်တောင်ပံတည်း အတူပျံသန်းချင်ရေ…။
မင်းပါရေ ကမ္ဘာတစ်ခုမှာ မင်းနန့်  ထာဝရလွင့်မျောချင်ရေ…။ ကန္တာရရိုင်းထဲကို
ရောက်ချင်ရောက်လီ…။ ဒေါမာန်ထ သမုဒ္ဒရာကြမ်း အလယ်မှာ လဲပြိုချင်လဲပြိုလီ…။
ကိုယ်နိန့် ရက်တိက မင်းနန့် ရာဆိုကေ သောကတိ ဆိတ်သုန်း
အမုန်းတိပြည်ဖုံးကားချပြီးသားရာ။
ထပ်ပနာ ကိုယ်ဟြှင်သန်ဖို့  မင်းပါးက ခွန်အားတိ တောင်းခံပါရဇီ။ မင်းအကြင်နာ
မင်းယုယမှုမင်းအပြုံးတိရာ ကိုယ့်ဝိညည်မှာပူးကပ်လာဖို့ ဆိုကေ… ချစ်သူချေ ကိုယ်စွာ
သူရဲကောင်းတိရဲ့ မြစ်ဖျားခံရာ ဖြစ်လိမေ။ အာဇနီတိရဲ့ အမြုတေ နန်းမြို့ ဖြစ်လိမေ။
ချစ်သူချေ… သံယောင်သားတိနန့်  နွဲ့ လျရေ မင်းချစ်စကား ကိုယ့်နှလုံးသားကို ပန်ဆင်ခွင့်
ပီးပါဝေ…။ ကိုယ့်အနာဂတ်တိမှာ မင်းအပြုံးလဲ့လဲ့တိ စီခြယ်ယင်း… တိမ်တောက်တေ
ဆည်းဆာတစ်ထည်… လီရူးပျော်ရေ ညဇာသားတစ်ခင်း… ကမ္ဘာ့နှစ်သက္ကရာဇ်တိ
အဆုံးမှာ ကိုယ်စွာ လူသားထဲက အပျော်ရွင်ဆုံးဇာတ်ကောင်တစ်ကောင်…ဖြစ်ပါရဇီ ဝေ။
ကိုယ်စွာ အပျော်ရွှင်ဆုံး ဇာတ်ကောင်တစ်ကောင်ဖြစ်ပါရဇီ ဝေ ချစ်သူချေ။

၁၉.၂.၂၀၁၁

Monday 4 April 2011

အိမ်

ဘဝမှာ အလုံခြုံဆုံး နီရာပ
မိဖရင်ခွင် ဟိရေ
ကမ္ဘာကြီးပေါ်က တစ်နီရာနန့် လည်း အစားထိုးမရရေ ခြံဝင်းချေတစ်ခု
ဆွီမျိုးရင်းချာ အသိုင်းအဝန်းတိ ဟိရေ
ငယ်ဘဝ ပုံရိပ်တိ ဟိရေ
နွီရောက်တိုင်း လီရူးတိ ဝီနီကျ ကွင်းပြင်ချေတစ်ခု ဟိရေ
ငါရို့ ပြီးပြီးနီကတ်ခ နိန့် ခင်းသားချေမှာ…..

ယင်းရိပ်မြုံချေမှာ
တစ်ခါက ငါ့အဖိုးအဘောင်တိ ဂေါင်းချလားရေ
ငါ့အစ်မတစ်ယောက် လူမမယ် သူမမယ် ဆုံးပါးလားရေ
ငါစိုက်ပျိုးခ စံပယ်ပုဒ်ချေတစ်ပုဒ် နပူလောင်သီဆုံးလားခရေ
ငါ့အိပ်ရာခြီရင်းမှာ လာလာအိပ်နီကျ ကြောင်ဖြူချေတစ်ကောင် ပျောက်ဆုံးဖူးခရေ
ဂုကား ငါက…ယင်းရိပ်မြုံချေနန့် အဝီးမှာ
အလွမ်းတေးခြင်းတိဆိုလို့ …..

ကမ္ဘာမြီထက်က တစ်ခုတည်းဖြစ်တေနီရာချေ
အနွီးထွီးဆုံး
အပြည့်စုံဆုံး
အလုံခြုံဆုံးဖြစ်သင့်စွာ
ယင်းနီရာချေမှာလေ….
ငါရို့ ကိုယ့်အိမ်မှာ ကိုယ်နီယင်း အာဂန္တုတိဖြစ်ခရရေ
ကိုယ့်ထမင်းကိုယ် ဟြှာစားယင်း ရွာထိပ်က လငတ်တစ်မိသားကို ကြောက်နီခရရေ
စိတ်ပျက်လက်ပျက် ကျေးလက်တောထဲကျွံကျ
ကိုယ့်ရိပ်မြုံချေကို စုန်ကန်ယင်း
ဟိုးအဝီး ရီမြီသစ်တိကို လွင့်လာခကတ်ရရေ...

ရီမြီသစ်မှာ ဘဝသစ်တိနန့် ယစ်မူး
ယင်း ယစ်မူးမှုတိစွာ ငါ့ရိပ်မြုံချေထက် လုံခြုံမှုဟိနီပြန်ရေ
ငါ့မိဖရင်ခွင်ထက် ပြည့်စုံမှုဟိနီပြန်ရေ
ငါ့ ဆွီမျိုးရင်းချာတိထက် နွီးထွီးမှုတိကုံလုံနီပြန်ရေ
ယင်း ရီမြီသစ်ချေမှာ…
ငါစွာ အသက် ၅၀ကျော် မလေးကြီးတစ်ယောက်နန့်  ခင်မင်ခွင့်ရခရေ
၅လွာ တိုက်ခန်းသစ်ချေမှာ စိတ်ချလက်ချ ခိုနားခွင့်ရခရေ
နှစ်ပေါင်း ၂၀၀ ကျော်ညှိးနွမ်းခ ကိုယ့်အမျိုးသားဟန်ပန်ကို  ဂေါင်းရင်းမှာချိတ်ဆွဲယင်း ညလုံးပေါက် ကြည်နူးမှုတိနန့် ပျော်ဝင်နီခရေ
နိန့် ရက်တိစွာ အမာရွက်တိနန့် အသားကျ ထုံကျိုင်လို့ …

ကမ္ဘာမြီထက်က တစ်ခုတည်းဖြစ်တေ နီရာချေ
နွီရောက်လို့  ရွက်ခြောက်ချေတိ ကြွီတိုင်း
အရိုးပြိုင်းပြိုင်း ရွက်ပြတ်ပင်အိုတိကြား ငါ့အလွမ်းတိကိုငါ ကြားကြားလာနီမိပြန်ရေ
ဘာဘာ မေမေ...
ယင်း ရင်ခွင်ထဲမှာလေ
လောင်းရိပ်ကကင်းနန့် ထာဝရ ခိုနားခွင့်ရခဖို့ ဆိုကေ
ဘဝစွာ ဇာလောက်ထိ ချိုမြိန်လီဖို့ လဲဝေ…

                         ခိုင်ရိန်ဇံ
                        4.4.2011(11:55PM)ရက္ခဝဏ္ဏရင်ခွင်

ချစ်သူသို့ …….

ချစ်သူဖတ်ဖို့ 
ကျနော်စွာ ရနံ့ စုံရေ ပန်းတစ်ပွင့်ရာဖြစ်တေ…
နိန့် တိုင်း ညတိုင်း
ချစ်သူ့ ကိုင်းဖျားမှာ နားခို
ချစ်သူရာ မွှီးပျံ့ ခွင့်ရဖို့ ဆိုကေ
ကိုယ့်ရင်ခုန်သံတိ ဖူးပွင့်ရကျိုးနပ်ပါရေ ဝေ။

နွီနံကင်းကင်း မိုးသားထဲ
ချစ်သူပြုံးရိပ်တိနန့်  လွင့်မျော
ဂီတတေးသွား
ချစ်သူစကားရာ အချိုမြဆုံးဖြစ်ပါစီ။

ကျနော်စွာ ချစ်သူစီဆင်းဖို့  စန်းချောင်းတစ်ခု
အီးမြ ညင်သာ နူးညံ့ သိမ်မွိ့ 
ချစ်သူ့ အရိပ်စွာ ကမ္ဘာတစ်ခုဖြစ်နီပြန်ရေ…
စီးဆင်းပါ ချစ်သူ
ကိုယ်နှလုံးသား စန်းချောင်းထဲ။

မရုန်းပစ်ပါကေ့ ချစ်သူ
မင်းရင်ခုန်သံတိကို ကိုယ်ပွိ့ ဖက်ထားချင်လို့ ပါ။
မင်းနန့် အတူ ယယုယယ ဖူးဝေဖို့ 
လီသင့်တိုင်း ပွင့်ဖတ်တိ လှုပ်ယမ်းလာစီဖို့ 
ချစ်သူ…ကျေးဇူးပြုလို့ 
တစ်ချက် ကျေးဇူးပြုလို့ …
ကိုယ့်အိပ်မက်တိ ကျကွဲလွင့်စင်လားဖို့ စော်ကို တဘျင်းကြောက်နီမိရေ။
                                                    ခိုင်ရိန်ဇံ
                                                    21.3.2011

အလွမ်း

လွမ်းနီရေ…
ကမ္ဘာရာသီတစ်ပတ်လုံး
စွဲလန်းမှုတိကို ခြုံထည်တစ်ခုပိုင်ခြုံ
မြတ်နိုးမှုတိကို မိုးထသားတစ်ခုပိုင် ဖြန့် ခင်း
တတမ်းတတ့….မျက်ရည်မိုးသားတိ ပြိုဆင်းရေည။


ချစ်တေ…
လလှိုက်လလှဲ ပျော်ဝင်ကြည်နူးဖို့ 
‘အင်ဖင်နတီ’ ထိ ရောက်လားရေ တဒင်္ဂ
နှလုံးသားစွာ တိမ်ကင်းစင်လို့ လမင်းသာနီပြန်ယင့်။


ချစ်သူ့ မျက်နှာ…
ပင်လယ်ခြား အရပ်က အပြုံး
နူးညံ့သိမ်မွိ့ မှုတိ…ရင်ခွင်မှာ ဖူးပွင့်လာယင်းက
ဘဝစွာ…လွမ်းနီခြင်း သစ်ပင်တစ်ပင်။

ခိုင်ရိန်ဇံ
၁၁.၃.၂၀၁၁

နွီအလွမ်း

နွီဝင်လာကေ ငါအသဲတိ နွမ်းရရေ
လီရူးနန့် မူးဝေလို့ 
ငါစွာ ဥသြငိုသံနန့်  ကျိန်စာသင့်နီရေ လူတစ်ယောက်…

မြူတိအုပ်ဆိုင်း
အရိုးပြိုင်းပြိုင်း သရုပ်တိက
အချစ်တိ ရိတ်သိမ်းခံထားရရေ ယာခင်းတစ်ခင်း
အလွမ်းတိ ဆောက်တည်ရာမဲ့ လွင့်မျောနီကတ်တေ…

သင်္ကြန်…
အပူမှာအပူဆင့်
မင့်အဝါရောင်သံစိုင်တိကို ကြားကေ
ငါ့ရင်ဖတ်တိ ကောင်းကင်ဆန်ပါလတ်တေ
ငါ့ရင်ခုန်သံတိ ကျေးလက်ဆန်ပါလတ်တေ…

ငါစွာ အဝီးမှာ အလွမ်းတိနန့် ကားစင်တင်ခံထားရရေ အကျဉ်းသား
ရီသစ် မြီသစ် ဘဝသရုပ်သစ်နန့် သွီဖီလို့ 
နီညိုတိုင်း အဖပြည်ကို တမ်းတ နီမိရေကား
ဂုလည်းကြည့်…..
ငါ့ရင်ထဲမှာ နွီရာသီတစ်ထည်
နပူပြင်းပြင်း သစ်ရွက်ခြောက်တိနန့် လဲလျှောင်းလို့ 
ယင်း အဆိပ်သင့် အခန်းကျိုင်းချေထဲမှာ…
                                         ခိုင်ရိန်ဇံ
                                        ၃.၄.၂၀၁၁