Wednesday 8 May 2013

ပင်လယ်ကမ်းစပ် မြို့တစ်မြို့မှာ


ဒ တိတ်ဆိတ်ခြင်းတိမှာ
တစ်ချိန်က ငါယစ်မူးမိခရေ ...
ချစ်သူ ...
ပင်လယ်ကမ်းစပ် မြို့ တစ်မြို့ မှာ
လှိုင်းခေါင်းဖြူတိနန့်  တတူတူအိပ်မောကျ
အဖြူစင်ဆုံး လူငယ်ဘဝ
ရင်ခုန်သံတိကို စသိခရေ အချိန် မှာလေ။

စိုင်းဒြားမြင်းခွာ တစ်ကောင်ပိုင်
ပယ်လယ်ကမ်းနား လက်နှစ်ဖက်ဆန့် လို့  စက်ဘီးစီးဖူးရေ
ဝင်ခါနီး နီလုံးကိုငေးလို့ 
ဆည်းဆာကျောက်ဆောင်တိထက်
ချစ်သူ နန့်  ပင်လယ်အကြောင်းကို ကဗျာစပ်ဖူးရေ
တစ်ခါ တစ်ခါလည်း
လှိုင်းသံတိကြား ဖွင့်မပြောဝံ့ရေ စကားတိ ပွင့်အံထွက်လို့ ပ။

ယင်း ပင်လယ်ကမ်းစပ်မြို့ က
အကောင်းစားမဟုတ်တေ လဖက်ရည်ဆိုင်ချေ တစ်ဆိုင်မှာလည်း အစွဲအလန်းထိုင်ခဖူးရေ
ရိုးရာ ခေတ်ပေါ်တေးခြင်းတိကို နားထောင်ယင်း
ချစ်သူ ပုံရိပ်ကို စောင့်မျှော်
ညလုံးပေါက်နီးပါး ...
ညစွာ အမှောင်ဆုံး ဂီတာသံနန့် ဆိုကေ ပိုလှရေ
အနုပျိုဆုံး လူငယ်ဘဝတိထဲမှာလေ။

ဒေ တိတ်ဆိတ်ခြင်းတိမှာ မလားယေ
တစ်ဘဝလုံး မိပစ်လို့ မရရေ အမှတ်တရတိ
ကျောင်းတော်
သူငယ်ချင်းဘော်ဒါ
ပြီးကေ ရခိုင်စကား မပီရေ ကောင်မချေတစ်ယောက်
ပင်လယ်ကမ်းစပ်မြို့ တစ်မြို့  ....

တစ်ချိန်က ငါ ယစ်မူးမိခရေ ညဇာသားတိ မလား။

ခိုင်ရမ္မာ(၂၉၊၀၄၊၂၀၁၃)

No comments:

Post a Comment