Wednesday 20 March 2013

ရန်သူတိနန့် တတူနိန်ထိုင်ခြင်း


ငါရို့ ပတ်ပတ်လည်မှာ
ငါရို့ နိန်ထိုင်ခြင်းတိကို သွီးလည်ပတ်ဖို့ ပိုင်
ရှောင်မရ ဆီးမရ ဇာဘုံဘဝကလူတိလဲ။

ယင်းသူရို့ ရေ ငါရို့ အနာဂတ်တိကို ယူထားကတ်တေ
ငါရို့ အတိတ်ကိုလည်း ဖျက်လိုဖျက်ဆီး
ငါရို့ ပစ္စုပ္ပန်လည်း ယင်းသူတိကြောင့် စုတ်ပြတ်သတ် ပဲ့ရွဲ့ နိန်ယင့်။

ယင်းသူတိရေ ငါရို့ နန့် ဓာတ်မတူရေ ဗိုင်းရပ်တိကို ရီလာမြောင်းပီးပနာ
သူရို့ ချည်နှောင်ရေ ခုံးတိုင်မှာ ငါရို့ တိကို မြဲစီဖို့ ကြိုးစားရေ
ဗိုင်းရပ်တိနန့် လည်း ထွီးရောချက်တင် ဟြှင်သန်စီလို့ 
ဗိုင်းရပ်တိက ငါရို့ ကို ကိုက်လိုကိုက် ...
ငါရို့ အသက်အိုးအိမ်စည်းစိမ်တိကို လုလိုလု လို့ 
သူရို့ တံခါးကိုတော့ သံထရံ အချပ်ပေါင်းမကန်နန့်  ကာထားလီရေ။

ယင်းသူရို့ က ငါရို့ တိစွာ သူရို့ ရဲ့ လုံးဝခွဲခြားလို့ မရရေ ညီအစ်ကိုတိလတ်
ယင်းပိုင်ပြောပနာ ငါရို့ တိပါးက တန်ဖိုးအဟိဆုံး ပစ္စည်းတိကို ယူလားကတ်တေ
ငါရို့ သွီးသားတိကိုလည်း မက်လုံးမျိုးစုံနန့်  သူရို့ လောင်းရိပ်အောက်ကို သိမ်းသွင်း
နောက်ဆုံး ငါရို့ အဆန်ဆုံးငါရို့ တိတောင် ငါရို့ အကြောင်းတိကို ယောင်ယောင်ဝါးဝါးဖြစ်လာကတ်တေ။

အားလုံးထဲမှာ အဆိုးဆုံး တစ်ခုက ငါရို့ တိစွာ ငါရို့ တိမဟုတ်ဆိုကား
ငါရို့ တိစွာလည်း ယင်းသူရို့ ဖြစ်တေလတ်
ယင်းပိုင်ပြောဖို့  ယင်းသူရို့ စွာ သူရို့ ပစကို ကာလာအမျိုးမျိုးဆိုး
သာမန်မဟုတ်တေ စပ်ရာတိမကန်နန့် ဝတ်ရို့ ကို ခြုံပနာ
မရှက်တန်း မကြောက်တန်း ခြီလှမ်းတိ လှမ်းနိန်လီရေ။

နေ့ တဓူဝ ငါရို့ ပတ်ပတ်လည်မှာ
ငါရို့ ထက် တစ်လက္မလောက်ထူရေ ဖိနပ်တိကို စီးပနာသူရို့ ဟိနိန်လီရေ
မျက်နှာဖုံး မျိုးစုံကို ဝတ်ဆင်လို့ 
တချို့ က လုပ်ဖော်ကိုင်ဖက်
တချို့ က အတန်းဖော်၊ဆရာ/ဆရာမ
တချို့ က သထီး၊အထက်အရာဟိ
တချို့ က ငါရို့ တိကို ကကောင်းကြင်နာရေ မိတ်ဆွေစစ် မိတ်ဆွေမှန်
ကြက်သီး ဖြဖြန်းထကောင်းထမန်း
တချို့ က ငါရို့ ခန္ဒာထဲကသွီးသားတိကို တစ်ဝက်၊သုံးပုံနှစ်ပုံထိအောင် ယူငင်နိန်ကတ်ယင့်။

ငါရို့ တိစွာ လှုပ်မရ ရုန်းမရ
နှစ်ပေါင်း(၂၀၀)ကျော် ညောင်နွယ်ကြမ်းကြီးက ငါရို့ ခန္ဒာမှာ တင်းတင်းကျပ်ကျပ် ရစ်ပတ်
အထဲမှာ ငါရို့ ဆဲလ်နုနုတိနန့်  ဗိုင်းရပ်တိ ဗလဗွီထလို့ 
မွမ်းရေ ... အသက်ရှုကျပ်တေ
စိတ်ပျက်ဖို့ အကောင်းဆုံး နာရီလက်တံတိကို ထမ်းပိုးလို့ 
ဇာနိန့်  ဇာကာလ ဒေဘဝက လွတ်မြောက်နိုင်ဖို့ လဲဝေ။

                                              ခိုင်ရမ္မာ(၁၉.၀၃.၂၀၁၃)

No comments:

Post a Comment