Monday 24 December 2012

ဂိုးချေ သို့  ...


ဂိုးချေ
နှုတ်ဆက်စကား ငါမဆိုဗျာယ် ...
ပြန်လိုက် လာလိုက်ဆိုစွာ အကတ်ဆန်းရေ ကိစ္စတော့ မဟုတ်
ဂိုးချေက အတောင်မပါရေ ငှက်ကားမဟုတ်
လီဟုန်ခွင်းဖို့ 
တောင်ပံကောင်းကောင်းပါစွာ ငါသိပြီးသားရာ
ဂိုးချေမှာ ဖြူစင်ရေ နှလုံးသားဟိရေ
ဂိုးချေမှာ မျိုးချစ်တတ်တေ ရခိုင်သွီးစစ်စစ် ဟိရေ
ဂိုးချေမှာ တော်ရုံနန့်  ထိုင်မလားတတ်တေ မျက်လုံးတစ်စုံဟိရေ
ဂိုးချေ ...
အနာဂတ်ကို စီးချင်းထိုးဖို့  ဒေချင့်က အချေကစပ်စွာလောက်ရာ
ငါ ယုံရေ
ငါ ပြောဝံ့ရေ
ငါ သိနိန်ရေ
လောကဓံတိကို နင်းဖြတ်လို့ 
လက်ခမောင်းခတ်သံ တညံညံ မိုးယံထက်ဖျား
အဖပြည်အတွက် ကြယ်ကိုဆွတ်ဖို့ လူငယ်
ဂိုးချေ ...
ပြန်လာဖို့ ရက်ကိုရာ မျော်နိန်မေ
ငါနှုတ်ဆက်စကား မဆိုဗျာယ်။
                                 ဘရားသား ခိုင်ရမ္မာ(13/12/2012

No comments:

Post a Comment