Monday 24 December 2012

ငါရို့ လွတ်လပ်လားရေခါ


ငါရို့  လွတ်လပ်လားရေခါ
ငါရို့ ရယ်သံတိကို ငါရို့  ကြားကတ်ရဖို့ 
ငါရို့ အနာဂတ်တိကို ငါရို့ ဆုပ်ကိုင်နိုင်ကတ်ဖို့ 
ငါရို့  သမိုင်းတိကို ငါရို့  အသံကျယ်ကျယ် ဖတ်နိုင်ကတ်ဖို့  ...

ငါရို့  လွတ်လပ်လားရေခါ
ငါရို့ တိရေ ကမ္ဘာကြီးထက်က လူတိဖြစ်လာကတ်တေ
ငါရို့ သခြင်းတိကို ငါရို့ ဆိုကတ်တေ
ငါရို့ စကားတိကို ငါရို့ ပြောကတ်တေ
ငါရို့  အိမ် ကျောင်း ဘုရား ပုထိုး
အရာအရာစွာ ငါရို့ လက် ငါရို့ ခြီ ...

ငါရို့ လွတ်လပ်လားရေခါ
ငါရို့ ပင်လယ်ပြင်ရေ အသန့် ရှင်းဆုံး လီးညှင်းတိ တိုက်ခတ်လိမ့်မယ်
ငါရို့ ကောင်းကင်ပြင်လဲ ကြင်လင်ဝင်းပ
အနာဂတ်ကြယ်ပွင့်ချေတိ ထိုတစ်ပွင့် ဒေတစ်ပွင့်
ယင်းချင့်စွာရာ ငါရို့ ဘဝစစ်စစ်တိ ဖြစ်လိမ့်မယ် ...

ငါရို့ လွတ်လပ်လားရေခါ
ဖိနှိပ် ဂုတ်သွီးစုပ်မှုတိ မီးလောက်ပြာကျ
နိန့် သစ်ကိုစတင်ရေ ပန်းချေတိလည်း မကန် နမ်းသျှိုက်ခွင့်ရလိမ့်မယ်
အကြောက်တရားတိ ရာသက်ပန်ပျောက်ဆုံး
ခေတ်တစ်ခေတ် နိဂုံး ... သို့ မဟုတ်
ခေတ်တစ်ခေတ် နိဒါန်း ပ
ငါရို့  လွတ်လပ်လားရေခါ
ငါရို့ တိရေ အမှန်တကယ် ငါရို့ တိ ဖြစ်လာကတ်လိမ့်မယ် ...။
                                             ခိုင်ရမ္မာ(17/12/2012)

No comments:

Post a Comment