Saturday 31 December 2011

မင်း အယင်ထွက်လားပါ ဒီဇင်ဘာ

ဒီဇင်ဘာ
မင်းထပ်ရောက်လာပြန်ရေ
ဖိတ်ကြားခြင်း စည်းတိကို နင်းဖြတ်
လူ့ ကျင့်ဝတ်တိကို ထမိန်စုတ် တစ်ခုလောက်တောင် တန်ဖိုးမထားရေ မင်း
ညှင်းသသိုး အကြည့်တိနန့်  မင်းထပ်ရောက် လာပြန်ရေ မလားယေ...။

နှစ်ကာလတိ ရင့်ရော်လို့ 
ဒဏ်ရာဆိုစွာ ကျက်ချိန်တန်ကေ ကျက်တတ်တေ အရာ
ယေလဲ...ယင်းအတိတ် ဒဏ်ရာ
မင်းရောက်လာကေ
ပြန်ပနာ နာနာလတ်တတ်တေ...။

သက္ကရာဇ် ၁၁၄၆
မင်းမှတ်မိဖို့ လားမသိ
ယုတ်ညံ့ကောက်ကျစ်တေ ဆောင်းကျွီးသံ ခခါးအောက်
ငါရို့ ဖိုးဖီးဇူဇာတိ လိုင်ခြောင်းသွီးဖောက် ခံခရစွာ
နှစ်ပေါင်း ရာထောင်ချီ ငါရို့ အဖရခိုင်နိုင်ငံတော်ကြီး ပျက်သုန်းခရစွာ
လက်မှာ ကြိုးဖောက်သိမ်ပနာ တိရိစ္ဆာန်တိပိုင် အပြုကျင့်ခံခရစွာ
ယင်းမှာ.....ငဝိုင်း၊ ငပေါ်ရို့ အပြင် မင်းလည်း အပေါင်းပါ
ရခိုင် ဆောင်းရရင့်ထက်
ဒီဇင်ဘာ...မင်းစွာ ခါးထောက်ရယ်မော
ကိုယ်တီးလုံး ငါရို့ ဖိုးဖီးတိကို အအီးဆိပ်တိ ပက်ဖြန်းပခရေ မလား...
မင်းကို ငါမုန်းရေ ဒီဇင်ဘာ...။

မင်းက မသိလိုက် မသိဘာသာ
ခရစ်စမတ်ညတိမှာ မီးရောင်စုံတိနန့် ယစ်မူး
နှစ်သစ်ကူးဗျာယ်ဆိုပနာ ၁၂နာရီ တတိကို စောင့်ပနာ ခွီးတိပိုင်အူ
မင်း မာယာပရိယဉ်...
မင်း စိတ်နိန်စိတ်ထား...
အူထဲ အသဲထဲကပင် ငါရွံလိုက်တေ ဒီဇင်ဘာ
ငါ ဂသိုင်းကျလိုက်တေ မင်းကို...။

ကျေးဇူးပြုပနာ မင်းအယင်ထွက်လားပါ
မင်းနန့် တတူ ငါရို့ မျိုးနွယ်တစ်ခုလုံးကို မင်းလွှမ်းခြုံထားရေ အအီးဆိပ်ခခါးကိုလည်း ယူလားပီးပါ
ဒီဇင်ဘာ
နှစ်ပေါင်း ၂၂၇ နှစ်ဆိုစွာ ငါရို့ လွတ်လပ်သင့်ရေ အချိန်ပါဝေ
မင်း ထွက်လားပီးပါ...
မင်း အယင်ထွက်လားပီးပါ ...
မင်းနန့် တတူ ငါရို့ မလွတ်လပ်ခြင်းတိကိုလည်း ယူလားပီးပါ ဒီဇင်ဘာ...။
                                                              ခိုင်ရမ္မာ(၂၅.၁၂.၂၀၁၁)

No comments:

Post a Comment