Saturday 31 December 2011
၃၁ ဒီဇင်ဘာ
၃၁ ဒီဇင်ဘာ
တစ်နှစ်မှာ တစ်ခါ
နိဂုံး ကမ္ပတ် အဆုံးသတ်ဖို့  မင်းရောက်ဟိလာခြင်းက
ငါရို့ တိအတွက် "နာကြင်စရာ ကမ္ဘာ"
သွီးတိနန့် ရီးလို့ 
သမိုင်းစွာ မြင့်မြတ်ခြင်းကနိန် လက်အောင်ခံ ဘဝသို့  လားရာလမ်း
နှင်းရိုင်းခခါးတိ ပြုံးလှောင် ရယ်မောနိန်ကတ်တေ...
နှစ်ပေါင်း ၅၀၀၀ကျော် ကိုယ့်ထီးကိုယ့်နန်းခရီး
ခလုတ်တစ်ချက် သွီးတစ်စက် ကွဲစွာနန့် 
လူမျိုးတစ်ရပ်လုံး ကျွန်တွင်းကို ရောက်ခရရေ ဖြစ်ရပ်
ပြန်စဉ်းစားတိုင်း ရင်နာရရေ ...
သြော် .... ... ... ၃၁ ဒီဇင်ဘာ
နှစ်ပေါင်း ၂၂၇ နှစ်တာထိ ရင့်ရော်လို့ 
မျိုးဆက်တိ တစ်ရာသီပြီး တစ်ရာသီ ကြွီပြုန်း
လောင်းရိပ်မိ ကျိန်စာဆိုး ပြဇာတ် တစ်ပုဒ်လို့ ရာ ဆိုချင်ရေ...
လွတ်မြောက်ချင်ဗျာယ် ဝေ...
ဇာသူ့ လက်အောက်မှာ ဇာဘဝနန့် လည်း မနိန်ချင်
ကိုယ့်သွီး ကိုယ့်သား
ဆန္ဒ ... .... ဘဝ
လက်ဟိ ပစ္စက္ခက အိပ်မက်ကို အရောင်ဆိုးခြင်းပိုင်ရာ
သြော် ... ...  ၃၁ ဒီဇင်ဘာ
သက္ကရာဇ်တစ်ခု အဆုံး
နှစ်သစ်တစ်ခု အစ
အတိတ်မှာ ကပ်ငြိနိန်ရေ သွီးတိကိုလည်း ဆီးပစ်ချင်ဗျာယ်...
စိတ်သစ် လူသစ်နန့် တူးဖော်လို့ 
နစ်မြုတ်ခြင်းမဲ့ စာမျက်နှာသစ်တိ
ငါ ယုံကြည်ရေ ...
၃၁ ဒီဇင်ဘာ
တစ်နိန့် တစ်ရက်မှာ  မင်းစွာ
ရခိုင်ပြည်သားတိ အတွက် နှစ်သစ်ကူး ရက်တစ်ရက် လုံးဝဖြစ်လာဖို့ ဆိုစွာ
ငါရို့ ယင်းနိန့် ကို မျှော်လင့်နိန် ယင့်ဝေ...
                                                          ခိုင်ရမ္မာ(၃၁.၁၂.၂၀၁၁)
No comments:
Post a Comment