Saturday 5 November 2011

ညတု

ယင်း အိနြေ္ဒမဲ့ ကြဲချင်ပိုင် ကြဲနိန်ရေ မိုးကို မုန်းရေ။
ညတု
အဆိပ်သင့် အလင်းရောင်တုတိနန့် 
ညစွာ အမှောင်မဲ့ရာဆိုကေ ည မပီသ
ရယ်သံ ခခါးတိက တိုက်ကြိုတိုက်ကြား လျှပ်တိုက်ပြီးလွှားနိန်ကတ်တေ။
ဒေချင့် လူငယ်တစ်ယောက်လက်ထဲက ညလား
ဘုရား ဘုရား။

ပျော်ရွှင်မှုတိက
စာရွက်စုတ်တိပိုင် ကြွီမွှပြန့် ကြဲလို့ 
ရင်ခုန်သံ မဟိ
လဲလိုက် မှောက်လိုက်
အသက်ပြပြင်း ယှူပနာ ကိုကာကိုလာတစ်ငုံ စုပ်သောက်လို့ 
တောက်.... ဘဝက ညဥ့်နက်ဆန်လိုက်တေ။

သက်ပြင်းတိ အထိမ်းအကွပ်မဲ့ ကြွီကျလား
အုပ်ထရံကြားက လီရူးပျက်တိကလည်း အငြိမ်မနိန်
တိုးဝှိ့ ကျီစား.... လွန်းမသား စောက်ဆိုး
ပိုးစိုးပက်စက် ဆဲပလိုက်ချင်ရေ။

စိတ်က ဇာလို့ ဒေလောက် ကြွပ်ဆတ်နိန်လဲမသိ
ထလိုက် ထိုင်လိုက်
ခေါင်းကိုင်လိုက် သက်ပြင်းချလိုက်
ဝဝုန်းဒဒိုင်း ဆင်ရိုင်းဆိုးတစ်ကောင် ခေါင်းထဲဝင်ကြမ်းနိန်ရေ။
သတိ မဟိလိုက်ယာ
ယင်း အိနြေ္ဒမဲ့မိုးက ကြဲချင်ပိုင် ကြဲတုန်း
ညတု
အဆိပ်သီးတိ ပင်လုံးပြည့်နန့် ရာ။

No comments:

Post a Comment