Monday 7 November 2011

တိမ်းတိမ်းနိန်ပါ မောင်မောင်

မောင်မောင်
မတ် တိမ်းတိမ်းနိန်သင့်ရေ။
မတ် လုပ်စရာဟိစွာလုပ်
ဖတ်စရာဟိစွာဖတ်
ရီးစရာဟိစွာရီး
ဘဝစွာ မတ်ထင်သလောက်မလွယ်ဝေ။
ပြီးလမ်းမှန်ကိုရောက်ဖို့ 
မတ်ခြီထောက်တိစွာ သန်မာရိုးမှန်ယာလား
ဆန်းစစ် သုံးသပ်
တိုက်ပွဲစွာ လက်တစ်ကမ်းမှာ မတ်ကိုစောင့်နိန်လီယင့်။
မောင်မောင်
မတ် တိမ်းတိမ်းနိန်သင့်ရေ
မလိုအပ်စွာ မပြောဘဲ
မလိုအပ်စွာ မလားဘဲ
မလိုအပ်စွာ မလုပ်ဘဲ
ဘဝဆိုစွာ မတ်ထင်သလောက်မလွယ်ဝေ။
မတ် စိတ်တိကို ဖွင့်ထား
မတ် ဦးဏှောက်တိကို ရယ်ဒီလုပ်ထား
မတ် နှလုံးသားတိကို ယှင်းလင်းထား
အလင်းရောင်လာကေ ပန်းတိုင်အရောက် တာဝင် မှန်အောင်ပ။
မတ် ပြီးရဖို့ သိမ့်
မတ် တိုက်ပွဲဝင်ရဖို့ သိမ့်
မတ် စာမေးပွဲတိ ဖြေရဖို့ သိမ့်
မောင်မောင်
အသိနန့် သတိ မြဲဇီဝေ
ဇွဲမှန်မှန်နန့်  လောကဓံကို နပမ်းလုံးရဖို့ သိမ့်
သောကတိ လှိုင်ထုံရေ ညဇာတိကို နင်းဖြတ်ရဖို့ သိမ့်
မတ် စိတ်ပျော့မလားကေ့
မတ် သတ္တိနည်းမလားကေ့
မတ် ငြီးငွိ့ မလားကေ့
မောင်မောင်
မတ် တိမ်းတိမ်း နိန်သင့်ရေဝေ
ဘဝဆိုစွာ မတ်ထင်သလောက် မလွယ်ပါဝေ။
                                        ခိုင်ရမ္မာ(7/11/2011)

No comments:

Post a Comment