Tuesday 1 November 2011
သငယ်ချင်း...သို့ 
သို့ ...
     သငယ်ချင်း
     ငါသတိတရ စာရီးလိုက်တေ။ မတ်နိန်ကောင်းလား။ မတ်နန့် မတ်မိသားစု အားလုံးနိန်ကောင်းကတ်လိမေလို့  ငါမျှော်လင့်ရေ။
ငါ မတ်ကိုသတိရရေ။ မတ်နန့် အတူ ငါ့သငယ်ချင်းတိ အားလုံးကိုလည်း သတိရရေ။ မတ် အစစ အရာရာ အဆင်ပြေလား။မတ်ကောင်မချေ
နန့် ကား ဇာပိုင်လဲ။ ပုံမှန်လား။ ပုံမှန်ရာဖြစ်ဖို့ လို့ ငါယုံကြည်ရေ။ မတ်ရို့ နှစ်ယောက်က ယလောက်နားလည်မှုဟိကတ်စွာ။ဇာအရာတစ်ခုက
လည်း မတ်ရို့ တိကို စည်းမခြားနိုင်ဆိုစွာ ငါသိပြီးသားရာ။ ငါဝမ်းသာရေ ဝေး။
     ငါလည်း ပြည်ပရောက်စွာ ၂ နှစ်တောင်ဟိလားယာမလား။ တစ်ခုတောင် ကြာပိုင် မတွိလိုက်သိမ့်။ ရန်ကုန်က ငါထွက်လာရေနိန့် မတ်
ရို့ တိတောင် လီဆိပ်ကို လိုက်ပို့ ကတ်တေမလား။ ယင်းနိန့် ကို ငါသတိရ နိန်မိသိမ့်ရေ။ ယင်းနိန့် ကိုငါ ဟိုတစ်ရက်နိန့် ခါပိုင် ရာ  တွေးထင်နိန်မိသိမ့်ရေ။ ယင်းပိုင်ရာဝေ သငယ်ချင်း။ ဘဝဆိုစွာ ဂေါ်လီပိုင် ထိုလိမ့်ဒေလိမ့်။ တနိန့် နိန့် တော့ မတ်သငယ်ချင်းလည်း ကိုယ်ပြည်ကို ပြန်လိမ့် လာလိမေ။ ယင်းခါမှ ထိုင်နိန်ကျနိန်ရာချေမှာ ပြောနိန်ကျ စကားတိ ဆက်ပြောကတ်ဖို့ ပ။ ဟုတ်တေမလား။
     မတ် စာချေဘာချေ ရီးဖြစ်သိမ့်လား။ ကဗျာတိ...အက်ဆေးတိ...ဝတ္တုတိုတိ။ မတ်နန့် ငါနန့် က ရသလိုင်းတူကတ်စွာ မတ်ဖန်တီးမှုတိ အားလုံးကို ငါကြိုက်တေ သငယ်ချင်း။ မဂ္ဂဇင်းတိ ဘာတိကိုကား ပို့ ဖြစ်သိမ့်လား။ ပါကားပါလား။ ရန်ကုန်မှာက မတ်သိရေ အတိုင်းမလွယ်ဝေး သငယ်ချင်း။ အေး မတ်ကို ပြောရဖို့  ငါအဂု ဗမာစာထက် ရခိုင်စာကို ပိုရီးဖြစ်လားရေဝေး သငယ်ချင်း။ AMP ရို့ 
        ငါရို့ တိ ဗမာစာထက်ရခိုင်စာကို ရီးရဖို့ ဝေး။ ဇာဖြစ်လို့ လဲ လို့ မတ်မိန်းချင်မိန်းလိမေ။ ငါ့မှာ အဖြေဟိရေဝေး သငယ်ချင်း။ ရခိုင်သားတိ ရခိုင်စကားပြောကတ်တေ။ ပြီးကေ ဗမာစာကို ရီးကတ်တေ။ ရခိုင်စကားပြော ဗမာစာကို ရီးဆိုကေ အကတ် ပနံမရပိုင် ခံစားရရေ။ လုံးဝမရီး
ရလို့ တော့ မဆိုလိုပါဝေ။ လိုအပ်ကေ ရီးပ။ ယေလဲ လွန်ခါရေ နှစ်ကာလတိကဆိုကေ ရခိုင်သား ၈၀ ရာခိုင်နှုန်းလောက်က ယင်းအတိုင်း ဟိနိန်ခစွာ...။ ဇာဖြစ်လို့ လဲယင်းချင့်...။ ရခိုင်မှာ စာမဟိလို့ လား။ ရခိုင်တိ ရခိုင်စာကို မတတ်ကတ်လို့ လား။ မဟုတ်ဝေး သငယ်ချင်း။ ရခိုင်မှာ စာဟိရေ။ ရခိုင်စာကို ရခိုင်သားတိတတ်ကတ်တေ။ ဆိုကေ ဇာလို့ ရခိုင်သားတိ ရခိုင်စကားပြောပနာ ဗမာစာရီးနိန်ကတ်လဲ။ လူမျိုး
တစ်မျိုးအတွက် စာပီစွာ ဇာလောက်အရေးကြီးစွာ အားလုံးသူ သိရေအတိုင်းရာမလား။ ယင်းချင့်လည်းပြောဖို့ ခခက်ခက်ဝေး။ ပြောကေ
ကောင်းရှည်လားဖို့ သိမ့် ထားလိုက်ဖိ။
         ဇာပိုင်ပင်ဆိုဆို ဒေ ၄  ၅နှစ်လောက်အတွင်းမှာတော့ ရခိုင်စာပီလည်း အတိုင်းတာတစ်ခုထိ ရုပ်လုံးပေါ်လာယာထင်ရေ။ မဂ္ဂဇင်းစာမျက်နှာတိထဲမှာ၊ အွန်လိုင်းစာမျက်နှာတိထဲမှာ ဒေတဂြိုင်း အားရရေဝေး သငယ်ချင်း။ မတ်လည်း ရခိုင်စာကို ရီးနိုင်အောင်လေ့
ကျင့်။ မတ်က မာန်အောင်သားဖြစ်လို့  မာန်အောင်ပုံစံနန့် စရီးဖို့ ငါ အကြံပီးချင်ရေ။ နောက်ပိုင်း ရီးယင်း ရီးယင်း ဖတ်ယင်းဖတ်ယင်း အဆင်ပြေပနာ အသားကျလားလိမေ။ ငါလည်း ရမ်းဗြဲသားဖြစ်ကေလဲ ရမ်းဗြဲပုံစံကို ကျော်လွန်ပနာ ရခိုင်တစ်ပြည်လုံး ပုံစံကို ဖော်ဆောင်ရေ အရီးအသားချေတိ ရီးဖို့ တတ်နိန်ဗျာယ်။ ယေလဲ ပြီးပြည့်စုံယာလို့ တော့ ငါမဆိုလိုသိမ့်။ ငါအများကြီးဆိုစွာထက် အများကြီးလို သိမ့်ရေ။
        ကိုလိုနီခေတ်နှောင်းပိုင်းက ဗမာတိအော်ခရေပိုင် ငါလည်း ရခိုင်ပုံစံချေနန့် အော်ဖို့ တတ်နိန်ယာဝေး။ ရခိုင်စာသည် ငရို့ စာ... ရခိုင်စကားစွာ ငရို့ စကား...ရခိုင်ပြည်စွာ ငရို့ ပြည်...။ ဘာညာပဝေး။ ဇာလဲ မတ်ရယ်နိန်လား။ နိုင်ငံရေးစကားပြောစွာမဟုတ်။ ဒေချင့် ငါရို့ တိ အခွင့်အရေး။ ငါရခိုင်လူမျိုးစွာ ရခိုင်စကားကို ပြောခွင့်ဟိရဖို့ ...ရခိုင်စာ ရခိုင်သမိုင်းကို သင်ခွင့်ဟိရဖို့ ..ရခိုင့်ပြည်အနာဂတ်ကို ဖန်တီးခွင့်ဟိရဖို့ ။ ပြောကေ မကန်ဝေး။ စာကကောင်းရှည်လားဖို့ ။
        အေးဝေး။ အားလုံးကို သတိရရေလို့ ပြောလိုက်ပါ။ သငယ်ချင်းတိ အားလုံးကို။ ငါလည်း နောက်နှစ်ခါ အဆင်ပြေကေ တစ်ခေါက်ပြန် လာဖို့ ။ အချိန်တိုင်း မတ်ရို့ တိကို လွမ်းနိန်ပါရေ။ စကားမစပ် ဟိုယုန်ုဖြူမချေနန့် ပတ်သက်လို့ ကား သတင်းတိ ကြားမိသိမ့်လား။ ကြားကေ ငါ့ကို ပြောပြ ဦး။ မတ်လည်းစာချေ ဘာချေပြန်ဝေး။ အားကေ ငါဖုန်းဆက်မေ။ တော်ယာဝေ...သငယ်ချင်း။
                                                                                            အဝီးက မတ်သငယ်ချင်း
                                                                                             ခိုင်ရမ္မာ
                                                                                             ၁.၁၁.၂၀၁၁(ညည့် ၁၁:၄၅)
                                                                                             စင်္ကာပူ
No comments:
Post a Comment