Tuesday 27 August 2013

မြီးနိ

အသက်တစ်နှစ်ကြီးပါလတ်တေ။

ဖင်လှည့် ခေါင်းလှည့်
တောပြော တောင်ပြော
ပြောင်းလဲခြင်းက ဒုံရင်းထက် ၁လက္မသာသာ။

ထိပ်တိ ပိုပြောင်ပါလတ်တေ
ကြောင့်ကြစိတ်တိ ပိုများပါလတ်တေ
နိုင်ငံခြားက တရုတ်ကုလားစာတိပိုစားပနာ
ဝမ်းချေပါ ဖောင်းဖာလတ်တေ။

သွီးထဲမှာ ၁၀၀% သခင်စိတ်
ဘဝက ၁၀၀% ကျွန်
အလုပ်ကလည်း ကျွန်
နိုင်ငံခြားရောက်လာလို့  ကျွန်နှစ်ထပ်ကွင်း
စိတ်ဓာတ်တိက ကျစရာနိန်ရာလဲ မဟိပါယာဝေ။

မွိးနိ လတ်
အုပ်ကြားမြက်သာသာ ဂုဏ်ဒြပ်တိနန့် 
တနင်္လာ ...
လကုန်ခါနီး
နိုင်ငံခြား
နှစ်သစ်ကို တိုက်ပွဲဝင်ဖို့ 
လက်နက်ခဲယမ်းတိ လိုလာပြန်ယာမလားယေ။

၁၂/၀၈/၂၀၁၃

No comments:

Post a Comment