Thursday 20 June 2013

ရေခြင်္သေ့မြို့တော်လေးမှာ

ခြင်္သေ့မြို့တော်လေး
မွန်းနေရှာပေါ့
မနက်ခင်းရဲ့ အာရုဏ်ဦးစမှာ
တာဝန်မဲ့ လူမိစ်ဆာတွေ
လွင့်ထုတ်လိုက်တဲ့ အဆိပ်ငွေ့များ
အေးချမ်းတဲ့ မြို့လေးကို ဖုန်းလွှမ်းသွားပေါ့။

အဲဒီ အစိမ်းရောင်မြို့တော်လေးဟာ
လှုပ်လှုပ်ရွှရွှနဲ့ စိတ်ညစ်သွားခဲ့ပေါ့
နှာခေါင်းစည်း ကိုယ်စီ
ဦးထုတ် ကိုယ်စီ
သက်ပြင်း ကိုယ်စီနဲ့
သန့်ရှင်း သပ်ယပ်တဲ့မြို့တော်လေး
အရုပ်ဆိုး အကျဉ်းတန်နေခဲ့ပေါ့။

ချောင်းတွေ တဟွတ်ဟွတ်ဆိုးကြ
အသက်ရှုလည်း မဝကြ
လမ်းတွေလည်း ဝေဝါးမဲမှောင်လလို့
ကားဟွန်းသံတွေလည်း ဆူညံ
ကျွတ်ထိုးသံတွေ ဆူညံ
ကလေးငိုသံတွေ ဆူညံ
မလှပတဲ့ နေ့ရက်ရာသီလေးပေါ့။

ဒီလိုနဲ့ အသက်ရှုမဝ ဖြစ်နေတဲ့
ရေခြင်္သေ့မြို့တော်လေး
မြူပြာတွေ အထပ်ထပ်
စိတ်ညစ် စိတ်ပျက်မှုတွေ အထပ်ထပ်
နိုင်ငံခြားသားတွေ အထပ်ထပ်
တိုးတက်ခေတ်မီမှုတွေ အထပ်ထပ်
ဘာသာတရားတွေ အထပ်ထပ်
အထပ်ထပ် အထပ်ထပ်
............... ................

ဒီ အစိမ်းရောင်မြို့တော်လေး
တာဝန်မဲ့ မိစ်ဆာတွေရဲ့ အဆိပ်ငွေ့ဒဏ်က
မြန်မြန် ကင်းလွတ်နိုင်ပါစေ ...။
၂၀၊၀၆၊၂၀၁၃

No comments:

Post a Comment