Friday 14 September 2012

အာဇာနည်မျိုး သီရိုးမဟိ( အသျှင်ဥတ္တမ


အာဇာနည်မျိုး သီရိုးမဟိ
ပြက္ခဒိန် ၇၂ ချပ် ဖြတ်ပြီးလခဗျာယ်
ဆရာတော်  ဦးဥတ္တမ
အသျှင့် ခြီရာစွာ ကျနော်ရို့ နှလုံးသားထဲမှာ
လတ်ဆတ်ကြွရွလို့ သိမ့် ။

လွတ်လပ်ခြင်းဆိုစွာ လူမျိုးတိုင်း ခံစားထိုက်တေအရာ
ကိုယ့်ကြမ္မာ ကိုယ်ဖန်တီးခွင့်မဟိကေ
တန်းတူခွင့် မဟိကေ
ဖိနှိပ် ခွဲခြားခြင်းတိ ကြီးစိုးကေ
တိုက်ပွဲဝင်ရဖို့ ရာ ဖြစ်တေ ။

ဘာသာစကား ကိုးမျိုးတတ်တေ ။
နိုင်ငံစုံ ပတ်ပနာလား
ကမ္ဘာလုံးဆန်ရေ အသိတရားတိက
လွတ်လပ်ရေး အာသီသရဲ့ မီးရှူးတန်ဆောင်
ပြည်ထောင်စု တစ်ခွင်လုံး အမျိုးသားရေး ရောင်နီပျို့ အံစီခရေ ။

ကိုလိုနီ စစ်ဖိနပ်အောက်က နိန့် ရက်တိကို မုန်းရေ ...
နယ်ချဲ့ မိစ္ဆာကို မကြောက်
ဂရက်ဒေါက် Get Out!
ရဲရဲတောက် သတ္တီသွီးက အမျိုးမှန် မိုးယံထက်က ကြယ်
ဦးညွတ်မိ ပါရေ အသျှင် ။

ပြည်သူ အတွက် ရှင်သန်လာရေ ဘဝ
သံချီးသသော သံတိုင်ကြားက ကိုယ်တော်တစ်ပါးစွာ
မြန်မာပြည်က ပထမဆုံး နိုင်ငံရေး အကျဉ်းသား
ကိုယ်ကျိုးမဖက် တိုင်းပြည်အတွက်လောင်ကျွမ်းရေ ခန္ဒာ
တိုင်းပြည်ကျွန်ဖြစ်ကေ သာသနာလည်း ကျွန်သာသနာ
ယဉ်ကျေးမှုလည်း ကျွန်ယဉ်ကျေးမှု
စာပီစွာလည်း ကျွန်စာပီရာ ဖြစ်လိမ့်မယ် ။

မှောင်မှောင်မဲမဲ ညတိထဲ
အလင်းရောင် မီးတောက် ထွန်းညှိခရေ အသျှင်
မြန်မာပြည် တစ်ခုတည်းရာ မဟုတ်
အာရှတစ်တိုက်လုံး
The Light Of Asia ...
The Light Of Asia ...
The Light Of Asia ... ။

အာဇာနည်မျိုး သီရိုးမဟိပါ
ကမ္ဘာတည်သရွိ့  သမိုင်းပရဝုဏ်ထဲမှာ ထွန်းလင်းလို့ 
သူရဲကောင်းခြီရာ ထာဝရ မမိမ့်ပျောက် စကောင်းရာ
လေးစား ဂုဏ်ယူပါရေ အသျှင်
ဦးညွတ်အလေးပြုပါရေ အသျှင်
သက္ကရာဇ် ခြီရာတိကို သက်သီထားလို့ 
ထာဝရ ဦးခိုက်ပူဇော်ပါရေ အသျှင်ဘုရား ...
ထာဝရ ဦးခိုက်ပူဇော်ပါရေ အသျှင်ဘုရား ...
                                       ခိုင်ရမ္မာ(07/09/2012)
                     (၇၃) ကြိမ်မြောက် ဆရာတော် ဦးဥတ္တမနိန့်  အထိမ်းအမှတ်


No comments:

Post a Comment