Sunday 22 July 2012

ရခိုင် - ဖြစ်တည်ခွင့်

ဘဝမှာ တံဆိပ်တပ်ခွင့် ရခရေ ...
"ရခိုင်"
အကြွင်းမဲ့ ကြေနပ်မှုတိက သံသယဖြစ်စရာ မဟိ
ဘဝစွာ ရခိုင်ဖြစ်တေ
အသက်စွာ ရခိုင်ဖြစ်တေ
အနာဂတ်စွာလည်း ရခိုင်ဖြစ်တေ
ငါချစ်လိုက်တေ ငါ့အဖပြည်။

ဒေဘဝတင်မက ...
နောက်ဘဝဆက်တိုင်းလည်း ရခိုင်ဘဝဖြစ်ရေးကိုရာ ငါဆုတောင်းဖို့ 
ငါ့အမိ ရခိုင်
ငါ့အဖရခိုင်
ငြါ့မီရခိုင်
ငါ့နှလုံးသားစွာလည်း သွီးသားပြည့်ဝရေ ရခိုင်ရာဖြစ်လီ ယေ။

ငါမြတ်နိုးရေ ရခိုင်
သမိုင်းကျိန်စာအောက်မှာ ပြုန်းပြုန်းကုန်အောင် အတိုက်စားခံလားရကေလဲ
ငါကား ရခိုင်ဘဝကို ညဉ်းညူလားလီဖို့ မဟုတ်
ရခိုင်သားစွာ သမိုင်းဟိရေ လူမျိုး ဖြစ်တေ
ရခိုင်သားစွာ ဇဟိရေ လူမျိုးဖြစ်တေ
စိတ်မပျက်ကတ်ပါကေ့
သွီးမကြောင်လားကတ်ပါကေ့
အဖရခိုင် ဆောက်ခြင်ထထိုင်နိုင်ဖို့  ငါရို့ အားထုတ်ကတ်ပါမေ
အဖရခိုင် ပြန်ပနာ နလံထလာစီဖို့  ငါရို့ စွန့် စားကတ်ပါမေ
ငါရို့ တိရေ ... အမှန်တရားအတွက် ပီးဆပ်ဝံ့ရေ လူမျိုးတိ ဖြစ်သင့်ရေ မလား။

ဘဝမှာ "ရခိုင်"ဆိုရေ ဖြစ်တည်ခွင့်တစ်ခုအတွက် သင့်ကြေနပ်တေ မလား
ရခိုင် ဆိုရေ လူမျိုးတစ်ခု ဆက်ပနာ ဂုဏ်သရေဟိဟိ ရပ်တည်ခွင့်ရချင်ရေ မလား
အနာဂတ် ရခိုင် မျိုးဆက်သစ်တိ ဘဝ လှပစီချင်ရေ မလား ...
ယင်းပိုင်ဆိုကေ ...
သြော် မျိုးချစ်ရခိုင် ... ပီးဆပ်ခြင်းရာ သမိုင်းသက်သီဖြစ်လိမေ
သြော် မျိုးချစ်ရခိုင် ... စွန့် လွတ်ခြင်းရာ သမိုင်းသက်သီဖြစ်လိမေ
သြော် မျိုးချစ်ရခိုင် ... ငါရို့ တိ နာကြင်မှု၊ ဒဏ်ရာ၊ သွီး၊ ချွေးတိစွာ သမိုင်းအတွက် သက်သီဖြစ်လိမေ ဝေ။

                                                       ခိုင်ရမ္မာ(၂၁/၀၇/၂၀၁၂)

No comments:

Post a Comment