Wednesday 18 July 2012

ကိုယ့်ကြမ္မာ ကိုယ်ဖန်တီးခွင့်

လူမျိုးတိုင်း ကိုယ့်မြီမှာ ကိုယ့်ကြမ္မာကိုယ်ဖန်တီးခွင့် ဟိရဖို့ 
လွတ်လပ်ခြင်းစွာ ရနံ့ ထုံသင်းရေ ပန်းတစ်ပွင့်ရာ ဖြစ်တေ။

ကိုယ့်စာပီကို ကိုယ်သင်ယူခွင့်
ကိုယ့်ရာဇဝင်မှန်ကို ကိုယ်သိခွင့်
ကိုယ့်ဘာသာစကားကို ကိုယ်ပြောခွင့်
ကိုယ့်မြီကို ကိုယ်ကာကွယ်ခွင့်
ယင်းပိုင် အလှပဆုံး အမျိုးသားရေ အရံအတားတိ။

အလင်းနည်းရေ လမိုက်ညကို
အမှန်တရားလို့  ဇာပိုင်သတ်မှတ်ရဖို့ လဲ
ဂုတ်သွီးစုပ် တောင်ပံခတ်သံရေ
ငှက်ဆိုးတစ်ကောင်ရဲ့ ကောက်ကျစ်စဉ်းလဲမှုတိရာ ဖြစ်တေ။

အလင်းကို ငါရို့ တောင့်တရေ
လွတ်လပ်ခြင်းကို ငါရို့ ငတ်မွတ်တေ
မျိုးဆက်သစ်တိတလျှောက်လုံး လှပစီဖို့ 
ငါရို့ တိ ...
သွီးထွက်သံယို နိန့် ရက်တိကိုလည်း  ကွိ့ ရှောင်လားလီဖို့ မဟုတ်
ကိုယ့်ကြမ္မာကိုယ်ဖန်တီးခွင့်ရေ ငါရို့ လုံးဝရရဖို့  အမှန်တရားရာ ဖြစ်တေ။

                                                          ခိုင်ရမ္မာ(15/7/2012)

No comments:

Post a Comment