Tuesday 10 April 2012

သင်္ကြန်အလွမ်း

ပိတောက်တိ ပွင့်ဗျာယ်
ဥသြတိ တွန်ဗျာယ်
ရွက်ခြောက်တိ ကြွီဗျာယ်
ယင်း နွီ ခကြမ်းကြမ်း တစ်ထည်မှာ ...

လီရူးတိ မြူးကြွ
အပူဟိတ်နန့်  တငွိငွိထနိန်ရေ မြူခိုး
ရွက်ပြတ်ပင်အိုတိကြား
တိတ်ဆိတ်ခြင်းစွာ အထီးကျန်ခြင်းလားဝေ ...

အတာနှစ်ကူးလို့  နာမည်ရရေ
တူးပို့ တူးပို့ တေးနန့် 
ရိုးတွင်းခြင်ဆီ ထိအောင် တောင့်တရေ ပွဲတော်
နွီဦး အခင်းအကျင်းလို့  ပြောရဖို့ လား
ယဉ်ကျေးမှုတစ်ခု ဆုံရပ်လို့ ဆိုရဖို့ လား
ငါမပြောတတ် ဗျာယ် ...

ယင်းပိုင်
ငွီဖလားတစ်လုံးက ပီးရေ သံစဉ်
ပိတောက်တစ်ခက် ရနံ့ 
သံဂျပ်တစ်ပုဒ် ကာရန်အလှ
ရခိုင်မချေ တစ်ယောက် ဇာတိဟန်အပြုံး
ယင်းဆင်နွဲခြင်း မဏ္ဍပ်ချေထဲမှာ
အအေးပတ်လားရေ နှလုံးသားတစ်ခုစွာ
နွီဦးအဆိပ်သင့် မျက်ဝန်းတစ်စုံကြောင့်ရာဖြစ်တေ ...

ပိတောက်တိ ပွင့်ဗျာယ်
ဥသြတိ တွန်ဗျာယ်
ရွက်ခြောက်တိ ကြွီဗျာယ်
တူးပို့ တူးပို့ တေးနန့် 
ယင်း နှစ်ကူးပြောင်း အတာပွဲတော်မှာ
ငါစွာ ရီလောင်းခွင့်တိကို မြုံသီယင်း
အလွမ်းတိ တဖြဖြုတ်ကြွီနိန်ရေ အဝီးက အဖော်ကွဲငှက်ချေတစ်ကောင် ...

                                                                ခိုင်ရမ္မာ(၁၃.၄.၂၀၁၁)

No comments:

Post a Comment