Saturday 24 March 2012

မြို့ပြ စင်္ကာပူရ

မြို့ပြ စင်္ကာပူရ ...
အလှအပတိကို ပင်လုံးပြည့် ပန်ဆင်လို့ 
အိနြေ္ဒရရ ထိုင်နိန်ရေ ကလေ့မေချေ တစ်ယောက် ပ။

မာယာ များရေ ...
ခေတ်မီ အရောင်အသွီးတိ ထိမ်ညီး
၂၁ ရာစု ရွှီရောင် အပြုံးပိုင်သျှင်မချေ တစ်ပါးလို့ လဲတင်စားချင်ရေ ဝေ။

ရီခြင်္သေ့မြို့ တော် ...
ကိုစမိုပိုလီတန် အသွီးအသားတိ ဖွာထ
အကျိုးပဲ့ ဘာသာစကားနန့် 
ခန္ဒာကိုယ် ဝဖိုင်းချင်တိုင်း ဝဖိုင်း
ငါရို့ တိ တစ်ဝမ်းတစ်ခါးအတွက် ကူးခတ်နိန်ကတ်တေ ပင်လယ်ပြင် ကမ္ဘာ။

မြို့ ပြ စင်္ကာပူရ ...
အမှတ်တရ Peninsula ညဇာသားတိမှာ
ငါရို့  ပျိုရွယ်မှုတိ
ငါရို့  ရင်ခုန်သံတိ
ငါရို့  ဘဝတိုးတက်ရာ တိုးတက်ကြောင်းတိ
ဟိမဲ့ စုမဲ့ ရက္ခိတ မျိုးစောင့်တရားတိကို ရင်မှာပိုက်လို့ 
ယင်း ... ကာလာစုံ လှိုင်းတိထဲမှာ
အဝေ ....
သမရိုးကျ ဖိုးဖီးစဉ်လာ တချို့ ကို သွီဖီ
ယင်း ကျွန်းနိုင်ငံချေ စီးကြောင်းထဲက
အနှစ်နှစ် ... အလလ
ဘဝ ဘဝ ... ဘဝတိ
စင်္ကာပူရ
မင်းစွာ အိနြေ္ဒရရေ ကလေ့မေချေ တစ်ယောက်ရာ ဖြစ်တေ ဝေ။

                                                             ခိုင်ရမ္မာ(စင်္ကာပူ)
                                                            (20/3/2012) 01:00am

No comments:

Post a Comment