Tuesday, 27 August 2013

မပြည့်စုံမှုတိ များလွန်းရေ ဘဝမှာ

မပြည့်စုံမှုတိ များလွန်းရေ ဘဝမှာ
ရောင့်ရဲတင်းတိန်ခြင်းဆိုစွာ 
ဒဏ်ရာ တစ်ခု ဖြစ်နိန်ဖို့လား
မျိုးရိုးဗီဇနန့် ပြောင်းပြန်အချိုးကျရေ
ဝပ်တွားခယခြင်း အတတ်ပညာ
ပြည်ပဖြစ်လို့ ထပ်ကွင်းမောင်းကွင်းချေနန့်မလား
နေ့တဓူဝ အလိုမကျမှုတိက 
ရီတခွန်ပိုင် ဒလဟောစီဆင်း
ယင်းမြစ်စွာ ... ဇာထိအောင်လဲ ဝေ

ခုနှစ်သက္ကရာဇ်တိက
ထောင်ခြံတိပိုင် တစ်ထပ်ပြီးကေ တစ်ထပ်
ဇာတ်တူသား ဝံလက်တိ
မဲတူးနိန်ရေ ကျကန်းတိ
ဒေါင်းတောင်တိ တကိုယ်လုံးနန့် ငှက်ဇာတ်ပျက်တိ
ထွီးရောယှက်တင်
ရုန်းထွက် လွတ်မြောက် ပျံသန်းဖို့
ထွက်ပေါက် မဟိဗျာယ်လား ဝေ

ကျိန်စာသင့် စာမျက်နှာထက်မှာ
အုပ်ပြိုတိ ထိုတစ်စု
အသိမ်းပိုက်ခံလိုက်ရရေ ဘုရားတစ်ပါး
အနာဂတ်တိ ရာသီတိုင်း အညွန့်ချိုးခံနိန်ရယင်း
ပုစ္ဆာအားလုံး အဖြေအားလုံးကိုပင် ငါရို့ အလွတ်ရနိန်ကတ်ဗျာယ်
ဘဝတိလည်း ရိုးအီဖျော့တော့
စိုက်ပျိုးယင်း သီဆုံး
သီဆုံးယင်း ထပ်စိုက်ပျိုးနိန်ကတ်ရဖို့
မြီနိန်ရာ တစ်ခုမှာ
ငါရို့ စွာလည်း သစ်ပင်တစ်မျိုးဆက် ဖြစ်လာကတ်ဖို့သိမ့်ရာ

မပြည့်စုံမှုတိ များနိန်သိမ့်ရေ ဝေ
ဟိမဲ့ စုမဲ့ ခွန်အားဆန္ဒတိကို ထုတ်ပိုးစုပုံ
လုံးဝမလဲသိမ့်ရေ အမျိုးသားအလံတော်အောက်မှာ
ငါရို့ အားလုံး ညီညီညာညာ
စည်းလုံးခြင်း
အနစ်နာခံခြင်း
မျိုးချစ်ခြင်း
ငါရို့ ဧ့ နုပျိုခြင်းလက်ချောင်းတိနန့် ခေတ်အသွီးအသားကို မလွတ်တမ်း ဆုပ်ကိုင်ကတ်မေ

အချိန်ကောင်း အခါကောင်း
အခွင့်အရေးတိ နှောင်းမလားခင်
ငါရို့ တိ တာထွက်မျဉ်းနားကို ရောက်အောင်လားကတ်မေဖိ ...

အဝီး

မလွမ်းချင်ပါ
ပန်းပါသောကြောင့်
စိုးကြောက်မိ၏။

မချစ်ချင်ပါ
အစွဲလမ်းကြီး
မေတ္တာမီးလေ။

ဝေး၍ဝေးသည်
အဝေးကမ္ဘာ
ဆွေးကန္တာမှာ
သူ့တစ်ယောက်သာ
ထာဝရ ပါလေ။

             15/08/13

အရှုံးသမား

ဇာပိုင်ပင်ဆိုဆို ငါရို့ တိကား အရှုံးသမားတိရာ
ရုပ်ဝတ္ထုပစ္စည်းတိ ဆုံးရှုံးခရရေ
စိတ်ဓာတ်တိ ဆုံးရှုံးခရရေ
နယ်မြီတိ ဆုံးရှုံးခရရေ
ဂုဏ်သိက္ခာတိ ဆုံးရှုံးခရရေ
အားလုံးနီးပါး ...
ငါရို့ တိကား အသက်ရှင်သန်ခြင်းတိပါ တဝက်တပျက်။

ကျန်ခရေ ရုပ်ဝတ္ထုပစ္စည်းတိစွာ
ငါရို့ တိအတွက် ... နာကြင် ငိုကြွီးစရာလား
(သို့ မဟုတ်) ပြန်ပနာ ထရပ်ဖို့ ခွန်အားတိလား
နောက်ဆုံးစဉ်းစားလိုက်ကေ ...
ငါရို့ ရွီးစရာလမ်းက ........... ???

လောင်းရိပ်မိ သစ်ပင်တိပိုင်
မွန်းကျပ်ပိတ်လှောင်ခြင်း ဒဏ်ရာတိနန့် ဆန့် ငင်ဆန့် ငင်
ဗိုင်းရပ်တိက ထရံတိုင်းမှာ သောင်ကျန်းထ
အရှုံးသမားဘဝက
ခွန်အား မဟိ
အမှန်တရား မဟိ
အလှအပ မဟိ
ဟိမဲ့စုမဲ့ ... မျိုးစောင့်မျိုးချစ်တရားပါ ပျက်သုန်းလားကေ
ဝေ ... ဇာခါ ငါရို့ အလင်းကို ထပ်မြင်ရနိုင်ပါဖို့ သိမ့်လဲ။
                                   ၁၁/၀၈/၂၀၁၃

မြီးနိ

အသက်တစ်နှစ်ကြီးပါလတ်တေ။

ဖင်လှည့် ခေါင်းလှည့်
တောပြော တောင်ပြော
ပြောင်းလဲခြင်းက ဒုံရင်းထက် ၁လက္မသာသာ။

ထိပ်တိ ပိုပြောင်ပါလတ်တေ
ကြောင့်ကြစိတ်တိ ပိုများပါလတ်တေ
နိုင်ငံခြားက တရုတ်ကုလားစာတိပိုစားပနာ
ဝမ်းချေပါ ဖောင်းဖာလတ်တေ။

သွီးထဲမှာ ၁၀၀% သခင်စိတ်
ဘဝက ၁၀၀% ကျွန်
အလုပ်ကလည်း ကျွန်
နိုင်ငံခြားရောက်လာလို့  ကျွန်နှစ်ထပ်ကွင်း
စိတ်ဓာတ်တိက ကျစရာနိန်ရာလဲ မဟိပါယာဝေ။

မွိးနိ လတ်
အုပ်ကြားမြက်သာသာ ဂုဏ်ဒြပ်တိနန့် 
တနင်္လာ ...
လကုန်ခါနီး
နိုင်ငံခြား
နှစ်သစ်ကို တိုက်ပွဲဝင်ဖို့ 
လက်နက်ခဲယမ်းတိ လိုလာပြန်ယာမလားယေ။

၁၂/၀၈/၂၀၁၃

Saturday, 22 June 2013

ဂျိုဟိုးဘာရူး

ကျနော်ရောက်လားရေခါ
ဂျိုဟိုးစွာ ကျားသစ်တစ်ကောင်ပိုင် ဖစင်းဝပ်နိန်ရေ
ဒုက္ခသည် အကျီ င်္ကိုဝတ်ဆင်လို့ ငါ့သွီးသားတိ
ရီသစ်မြီသစ်ကို တိုးထွက်လာကတ်တေ ကာလာစုံငှက်တိ
မျက်စီတစ်ဆုံး ကွင်းပြင်ထဲ
အစားအစာ တူးဆွ ရှာဖွီစားသောက်လို့ ။

ဂျိုဟိုးစွာ မဟာသီယာမက်တေ အိပ်မက်တစ်ခု
ဂျိုဟိုးစွာ စင်္ကာပူကျွန်းကို မှီထားရေ ခေါင်းအုန်းတစ်လုံး
ဂျိုဟိုးစွာ မလေးရှားနိုင်ငံက ပါးစပ်ပေါက် တစ်ပေါက်လည်းဖြစ်တေ။

ဟာလာလုပ်ပြီးသား ထမင်းဆိုင်တစ်ဆိုင်မှာထိုင်ယင်း
ခေါင်းမြီချုံထားရေ ပန်းတိကို ငေးမူ
ရာသီစက်ဝန်းက
အဆိပ်ပြင်းရေ မြွှီစိမ်းရနံ့ 
မိစ္ဆာမျက်ဝန်းတိ မိုးသားပိုင်ပြိုဆင်းလာကတ်ယင့်။

ဂျိုဟိုးမှာ မဆိတ်သသောနန့်  ဗိုင်းရပ်၊ ဘက်တီးရီးယားတိ မကန်တွိခရေ
ဂျိုဟိုးမှာ ကိုယ့်မျက်ရည်ကို ကိုယ်သောက်လို့ ပြည်ထောင်စု သမချေတိ မကန်တွိခရေ
ဂျိုဟိုးမှာ ကတီပါဖိနပ်စီး၊ သနပ်ခါးလိမ်း၊ ခတောင်းဝပ်ပနာ မျိုးချစ် ပြည်ချစ်တိလည်း ဇာချားတွိခရေ
ဂျိုဟိုးစွာ ဝက်သားရောင်းနိန်ရေ မလေးသျှားးနိုင်ငံသားတစ်ယောက်
ဂျိုဟိုးစွာ ချမ်းသာနိန်ရေ တရုတ်တမိသား
ဂျိုဟိုးမှာ အိမ်ထောင်ကျနိန်ရေ ငယ်သူငယ်ချင်း တစ်ယောက်လည်း တွိခရေ။

ငါ ဂျိုဟိုးကို ရောက်လားရေခါ
ဂျိုးဟိုးစွာ စင်္ကာပူကို လာအလုပ်လုပ်နိန်ရေ မလေးတစ်ယောက်
တတိယနိုင်ငံကို လားဖို့ တန်းစီနိန်ရေ ရခိုင်တော်လှန်ရေးသမားတစ်ဦး
အသားအရီကို ဗန်းပြပနာ ဂိုဏ်းစတားလုပ်စားနိန်ရေ မှင်းဂျိုင်သီးကုလားတစ်ကောင်
မြန်မာပြည်စစ်အုပ်ချုပ်ရေးကြောင့် ဘဝတိ ညညက်ကြီပနာ ကုလားလက်ထဲမှာ ရောက်နိန်ရရေ   ဗုဒ္ဓဘာသာမမ့ချေ တစ်ယောက်
အိမ်ပေါင်၊ ယာပေါင်၊ အုန်းခင်းတိပေါင်လို့ 
ကျီးလန့် စာစား ရုန်းကန်နိန်ကတ်ရရေ မြန်မာတိုင်းရင်းသား တရွီ
ဂျိုဟိုးစွာ ရင်းဂစ် အသစ်စက်စက်တိနန့် ငါ့ကိုကြိုဆိုနိန်ရေ
ဂျိုဟိုးစွာ အရှိအာရှက ဖစင်းဝပ်ပနာသန်းရှာနိန်ရေ ကျားသစ်တစ်ကောင်
ငါ့ ယင်းသူ့ နောက်ကုန်းကို နောက်ဆုံး နင်းမိရေခါ
ဂျိုဟိုးစွာ ငါ့ကိုသွားခြဲပြ
နောက်တစ်ခေါက် ပြန်လာလည်ဖို့ အတွက်
သူ့ ပုံတူ နှလုံးသားတစ်စုံကိုလည်း လက်ဆောင်ပီးလိုက်လီရေ။
                                                               ခိုင်ရမ္မာ(၀၇.၀၆.၂၀၁၃)

Thursday, 20 June 2013

ရေခြင်္သေ့မြို့တော်လေးမှာ

ခြင်္သေ့မြို့တော်လေး
မွန်းနေရှာပေါ့
မနက်ခင်းရဲ့ အာရုဏ်ဦးစမှာ
တာဝန်မဲ့ လူမိစ်ဆာတွေ
လွင့်ထုတ်လိုက်တဲ့ အဆိပ်ငွေ့များ
အေးချမ်းတဲ့ မြို့လေးကို ဖုန်းလွှမ်းသွားပေါ့။

အဲဒီ အစိမ်းရောင်မြို့တော်လေးဟာ
လှုပ်လှုပ်ရွှရွှနဲ့ စိတ်ညစ်သွားခဲ့ပေါ့
နှာခေါင်းစည်း ကိုယ်စီ
ဦးထုတ် ကိုယ်စီ
သက်ပြင်း ကိုယ်စီနဲ့
သန့်ရှင်း သပ်ယပ်တဲ့မြို့တော်လေး
အရုပ်ဆိုး အကျဉ်းတန်နေခဲ့ပေါ့။

ချောင်းတွေ တဟွတ်ဟွတ်ဆိုးကြ
အသက်ရှုလည်း မဝကြ
လမ်းတွေလည်း ဝေဝါးမဲမှောင်လလို့
ကားဟွန်းသံတွေလည်း ဆူညံ
ကျွတ်ထိုးသံတွေ ဆူညံ
ကလေးငိုသံတွေ ဆူညံ
မလှပတဲ့ နေ့ရက်ရာသီလေးပေါ့။

ဒီလိုနဲ့ အသက်ရှုမဝ ဖြစ်နေတဲ့
ရေခြင်္သေ့မြို့တော်လေး
မြူပြာတွေ အထပ်ထပ်
စိတ်ညစ် စိတ်ပျက်မှုတွေ အထပ်ထပ်
နိုင်ငံခြားသားတွေ အထပ်ထပ်
တိုးတက်ခေတ်မီမှုတွေ အထပ်ထပ်
ဘာသာတရားတွေ အထပ်ထပ်
အထပ်ထပ် အထပ်ထပ်
............... ................

ဒီ အစိမ်းရောင်မြို့တော်လေး
တာဝန်မဲ့ မိစ်ဆာတွေရဲ့ အဆိပ်ငွေ့ဒဏ်က
မြန်မြန် ကင်းလွတ်နိုင်ပါစေ ...။
၂၀၊၀၆၊၂၀၁၃

Tuesday, 18 June 2013

စလုံးနွီ(၂)

စလုံးနွီ ပူလိုက်လီခြင်း
ချွေးဒီးဒီးကျပနာ
လီပူ နီပူ
စီတ်ပူ ပတ်ဝန်းကျင်ပူ
အပူတိ စုရေရာသီ မနား။

စလုံးနွီမှာ
ဥသြ မဟိ
အရိုးပြိုင်းပြိုင်း သစ်ခြောက်ပင်မဟိ
လီရူးမဟိ
ငှက်ခါးနန့် ဂြိုးတိမဟိ
စလုံးနွီစွာ ခေတ်မီရေ ရယ်ဒီမိတ်တစ်ခု။

စလုံးနွီမှာ
နိုင်ငံခြား အလုပ်သမားတိ မကန်
အလူမီနီယံနန့် မှန်တပ်တိုက်တာတိ မကန်
ကား အသစ်စက်စက်ချေတိ မကန်
ပေါင်တံဖြူဖြူနန့် တရုတ်မချေတိ မကန်
သန်းကြွယ်သထီးတိ မကန်
နောက်ဆုံးပေါ် မိုဘိုင်းဖုန်းတိ မကန်
လူမျိုး တရတဖာသာတိ မကန်
မကန် မကန် မကန် ...

စလုံးနွီစွာ
သက်ပြင်းနန့် အနာဂတ်ရို့ အားပြိုင်ရေ အရပ်
စလုံးနွီမှာ 
လကားထိုက်တိ ဟိရေ
စလုံးနွီမှာ 
ကိုယ်ပျောက်နွံအိုင်တိ ဟိရေ။

စလုံးနွီစွာ ဘဝစစ်မြီပြင်တစ်ခု
တိုက်သံ ခိုက်သံ
အော်သံ ကြွီးသံ
ရယ်သံ ကြုံးဝါးသံ
စလုံးနွီ ...
ဆူလိုက်တေ
စလုံးနွီ ...
ပူလိုက်တေ ကား ဝေ။
                                  ခိုင်ရမ္မာ