Saturday, 15 September 2012
Friday, 14 September 2012
ဝီးကွာခြင်းမှာ အလွမ်းတိ သိုသိပ်နိုင်စီ ကားဝေ
ဝီးကွာခြင်းမှာ အလွမ်းတိ သိုသိပ်နိုင်စီ ဝေ
နားလည်မှုကိုယ်စီ ဝတ်ဆင်ယင်း
အိပ်မက်တိရာ ဟာမိုနီညီကတ်ကေ
ဘဝစွာ အနားသတ်ညီရေ ပန်းသီးတစ်လုံး ပ။
လျှပ်စစ်သံလိုက်လှိုင်းတိထဲမှာ
အနွီးထွီးဆုံး ငါရို့ ရင်ခုန်သံတိ ဟိရေ ...
တစ်ယောက်ကိုတစ်ယောက် သယ်ဆောင်ယင်း
ပန်းတိုင်ရာ အနာဂတ်တစ်ခုဆိုကေ
ငါရို့ ဖူးပွင့်ဖို့ ခြံဝင်းအိမ်ဖြူချေ တစ်လုံးတော့ လိုသိမ့်ရေ။
Pop သံစဉ် အအီးချေတိကြားကေ
ချစ်သူဆိုညည်းတတ်တေ တေးခြင်း စာသားတချို့ စွာ
ငါနန့်  တတူဟိနိန်တတ်တေ ...
ရခိုင်အပီသဆုံး အကြည့်တိနန့် 
ချစ်သူစွာ သဇင်ပန်းပွင့်တစ်ခိုင်
ဖြူဖြူစင်စင် လှလိုက်တေကား ဝေ။
နီညိုတိသန်းဗျာယ် ...
အိမ်ပြန်ရက်မှာ ဆန္ဒကျိုးကြီစတိမကန် ပြွတ်သိပ်ထမ်းပိုးယင်း
ပင်လယ် တစ်တန်
ကုန်းမြီတစ်တန်
ခရီးစွာ စံပယ်တိ အဆုပ်လိုက်ပွင့်ရေ မိုးညတစ်ညဖြစ်လိမ့်မယ်
ချစ်သူ သိစီ
နယ်မြီ ရပ်ခြား ...
ဝီးကွာခြင်းမှာ အလွမ်းတိ သိုသိပ်နိုင်စီ ကားဝေ။
ခိုင်ရမ္မာ(13/09/2012)
(ယုန်မချေ အတွက် ...)
အာဇာနည်မျိုး သီရိုးမဟိ( အသျှင်ဥတ္တမ
အာဇာနည်မျိုး သီရိုးမဟိ
ပြက္ခဒိန် ၇၂ ချပ် ဖြတ်ပြီးလခဗျာယ်
ဆရာတော် ဦးဥတ္တမ
အသျှင့် ခြီရာစွာ ကျနော်ရို့ နှလုံးသားထဲမှာ
လတ်ဆတ်ကြွရွလို့ သိမ့် ။
လွတ်လပ်ခြင်းဆိုစွာ လူမျိုးတိုင်း ခံစားထိုက်တေအရာ
ကိုယ့်ကြမ္မာ ကိုယ်ဖန်တီးခွင့်မဟိကေ
တန်းတူခွင့် မဟိကေ
ဖိနှိပ် ခွဲခြားခြင်းတိ ကြီးစိုးကေ
တိုက်ပွဲဝင်ရဖို့ ရာ ဖြစ်တေ ။
ဘာသာစကား ကိုးမျိုးတတ်တေ ။
နိုင်ငံစုံ ပတ်ပနာလား
ကမ္ဘာလုံးဆန်ရေ အသိတရားတိက
လွတ်လပ်ရေး အာသီသရဲ့ မီးရှူးတန်ဆောင်
ပြည်ထောင်စု တစ်ခွင်လုံး အမျိုးသားရေး ရောင်နီပျို့ အံစီခရေ ။
ကိုလိုနီ စစ်ဖိနပ်အောက်က နိန့် ရက်တိကို မုန်းရေ ...
နယ်ချဲ့ မိစ္ဆာကို မကြောက်
ဂရက်ဒေါက် Get Out!
ရဲရဲတောက် သတ္တီသွီးက အမျိုးမှန် မိုးယံထက်က ကြယ်
ဦးညွတ်မိ ပါရေ အသျှင် ။
ပြည်သူ အတွက် ရှင်သန်လာရေ ဘဝ
သံချီးသသော သံတိုင်ကြားက ကိုယ်တော်တစ်ပါးစွာ
မြန်မာပြည်က ပထမဆုံး နိုင်ငံရေး အကျဉ်းသား
ကိုယ်ကျိုးမဖက် တိုင်းပြည်အတွက်လောင်ကျွမ်းရေ ခန္ဒာ
တိုင်းပြည်ကျွန်ဖြစ်ကေ သာသနာလည်း ကျွန်သာသနာ
ယဉ်ကျေးမှုလည်း ကျွန်ယဉ်ကျေးမှု
စာပီစွာလည်း ကျွန်စာပီရာ ဖြစ်လိမ့်မယ် ။
မှောင်မှောင်မဲမဲ ညတိထဲ
အလင်းရောင် မီးတောက် ထွန်းညှိခရေ အသျှင်
မြန်မာပြည် တစ်ခုတည်းရာ မဟုတ်
အာရှတစ်တိုက်လုံး
The Light Of Asia ...
The Light Of Asia ...
The Light Of Asia ... ။
အာဇာနည်မျိုး သီရိုးမဟိပါ
ကမ္ဘာတည်သရွိ့  သမိုင်းပရဝုဏ်ထဲမှာ ထွန်းလင်းလို့ 
သူရဲကောင်းခြီရာ ထာဝရ မမိမ့်ပျောက် စကောင်းရာ
လေးစား ဂုဏ်ယူပါရေ အသျှင်
ဦးညွတ်အလေးပြုပါရေ အသျှင်
သက္ကရာဇ် ခြီရာတိကို သက်သီထားလို့ 
ထာဝရ ဦးခိုက်ပူဇော်ပါရေ အသျှင်ဘုရား ...
ထာဝရ ဦးခိုက်ပူဇော်ပါရေ အသျှင်ဘုရား ...
ခိုင်ရမ္မာ(07/09/2012)
(၇၃) ကြိမ်မြောက် ဆရာတော် ဦးဥတ္တမနိန့်  အထိမ်းအမှတ်

Friday, 24 August 2012
အလုပ်
လူကအလုပ်ကို
လုပ်နိန်စွာလား
အလုပ်က လူကိုလုပ်နိန်စွာလား
မသိ
ခြီတိစွာ
ပိုလို့ ပျိုင်းပါလတ်တေ
လမ်းဆုံးဖို
့ မိုင်ပေါင်း ထောင်သောင်း
ပန်းတိုင်မဲ့
ပြိုင်ပွဲက
ငါ့ကို ဇာလောက်ထိ
မောပန်းစီဖို့ သိလဲ ...
ပေသာစွာ အသက်နန်
့ဘဝကို ဝယ်ထားရေ ကျွန်ပိုင်ရှင်တစ်ယောက်
ငါ့ကို ထုသားပေသား
ကျကျလာစီရေ ...
နိန့် တိ
.. ရက်တိ .. လတိ .. နှစ်တိ
လူက အလုပ်ကို
လုပ်နိန်စွာလား
အလုပ်က လူကိုလုပ်နိန်စွာလား
ငါမဝေခွဲတတ်လိုက်ဗျာယ် ...
၂၅.၀၈.၂၀၁၂
Thursday, 23 August 2012
အဖိုးသျှင် ဆရာကြီး ... သို့ 
ဦးညွှတ်အလေးပြုပါရေ... အဖိုးသျှင် ဆရာကြီး
အမျိုးအတွက် ရဲရင့်ပြတ်သားရေ ဆရာကြီးစိတ်ဓာတ်
စစ်မှန်ရေ ရက္ခိတ မျိုးစောင့်တရား ဝိညာဉ်
ရဂ နှစ်တာ ကာလပတ်လုံး ဆရာကြီးနှလုံးသားစွာ
ရခိုင်ပြည်သားတိအတွက် အားပြင်းရေ မိုးကြိုးသွား တစ်ခုရာဖြစ်တေ...
တာဝန်ကျီခပါရေ ဆရာကြီး
အသက်ထွက်ခါနီး နာရီပိုင်းအထိ
ရခိုင်ပြည်အရီး၊ ရခိုင်လူမျိုးတိ အရီးကို မိန်းနိန်ခစွာ
ဆရာကြီးစွာ အမျိုးမှန်ရေ သဇင်ရိုးတံကောင်း တစ်ခက်ရာဖြစ်တေ...
ဦးညွှတ် အလေးပြုပါရေ ဆရာကြီး
ဆယ်စုနှစ် ၈ခု ဆိုစွာ လူတစ်ယောက်အတွက် ရှည်လျှားပနာ မောပန်းနွမ်းနယ် လောက်တေ ကာလပါ
ယေလဲ မပြီးပြတ်သိမ့်ရေ ရခိုင်ပြည်အရီးအတွက်
ဆရာကြီးထွက်လားစွာ စောရေလို့ ပြောချင်ရေ...
ဆရာကြီးစွာ ရခိုင်ပြည်အတွက် ဓူဝံကြယ်ကြီး တစ်စင်းရာဖြစ်တေ
နှစ်ကာလတိ မကန် လမ်းညွှန် ထွန်းလင်းလို့ 
ယင်း ဓူဝံကြယ်ကြီး ကြွီကျလားရေခါ
ကျနော်ရို့ တိ နှမြှောတသ ယူကျုံးမရ ဖြစ်စွာ ဆန်းလား...
ဆရာကြီး ရခိုင်ပြည်သားတိနန့် တတူ ဟိနိန့် ခသင့်သိမ့်ရေ
ဆရာကြီး နောက်ဆုံးဟိနိန် ခရေ အမေရိကန်နိုင်ငံ နယူးယောက်မြို့ 
ဆရာကြီးချစ်တေ ရခိုင်ပြည်နန့် ရခိုင်လူမျိုး
ဇာပိုင်ပင်ဆိုဆို ဆရာကြီးပိုင် ပုဂ္ဂိုလ်တစ်ပါးစွာ ရခိုင်မြီမှာရာ ခေါင်းချလားသင့်ရေ...
ထပ်ပနာ ဦးညွှတ် အလေးပြုပါရေ ဆရာကြီး
ကမ္ဘာတည်သရွိ့  ရခိုင်ပြည်နန့် ရခိုင်လူမျိုးတိ ဟိသရွိ့  ဆရာစွာဟိနိန်ရေ
အသျှင်ဦးမြတ်ဝါ
အသျှင်မဟာပညာကျော်
ဆရာကြီးအဖိုးဦးဦးသာထွန်းရို့ နန့် တတူ
ဆရာကြီးစွာလည်း ရခိုင့် သူရဲကောင်းတစ်ဆူ
ရခိုင်အာဇာနည် ဗိမ္မာန်မှာ ကမ္ဘာတည်သရွိ့ ဟိနိန်စီရဖို့ 
ဦးညွှတ်အလေးပြုပါရေ ဆရာကြီး...
တာဝန်ကျီခပါရေ ဆရာကြီး...
သမိုင်းထဲမှာ မော်ကွန်းပြယုဂ်ထိုးလို့  ရခိုင့်သူရဲကောင်းပီသပါရေ ဆရာကြီး...
ထာဝရ သူရဲကောင်းပီသလျှက်ပါ...။
ခိုင်ရမ္မာ
၂၂.၁.၂၀၁၂
(၁၉.၁.၂၀၁၂ မှာ ကွယ်လွန်လားခရေ ဆရာကြီး ဒေါက်တာအေးကျော် အမှတ်တရ)
ဆောင်းသွီးစက်
ဆောင်းရာသီက ကြဲချပီးလိုက်တေ
သွီးစက်တိစွာ
ငါ့နှလုံးသားမှာ ပြန့်ကြဲ
အစီအစဉ်မဲ့....
အကာအရံမဲ့...
ငါ့ရင်ခွင်မှာ ဝေဒနာတိရာ ပွင့်လန်းလာရေ...။
မိပစ်ဖို့ ကြိုးစားထားကေလဲ
အတိတ် အရိပ်ဆိုး တွန်ကြူးသံရေ
ငါ့အိပ်မက်တိကို ယိမ်းခါထိုးအောင်လှုပ်နိုး
ငါပိုင်ဆိုင်ထားခရေ ညဥ့်က
ဇီးရိုးအောက် အနုတ် ၉၉ လောက် ကျရောက်လို့.....။
မျက်စိ ဖွင့်ခွင့်မရ
လလွတ်လလပ် ရုန်းကန်ခွင့်မရ
စိတ်ဟိတိုင်းရာ အော်ခွင့်ရဖို့ဆိုကေ
တစ်ကမ္ဘာလုံး ကျကျွဆူလာအောင်
ခြီကန်လက်ဆုပ် အားကုန်ထုတ်ပနာငါအော်ပစ်ချင်ရေ...
အကြွင်မဲ့ ဒီဇင်ဘာဆန္ဒ....။
လီပြင်းမှာ သစ်ရွက်စိမ်းတိ တဖြုတ်ဖြုတ်ကြွီ
နောက်ကွယ် စုန်းကဝေမ ပြုစားချက်နန့်
တုတ်နှောင်ခြင်း သမိုင်းဒဏ်ရာ
မွစာကြဲအောင် နင်းခြွီခြင်းမှာ
မျက်ရည် စီးကြောင်းက ငါ့အသဲတတည့်ကို စီးဆင်း
ငါဇာပိုင် ခံနိုင်ဖို့လဲ...။
သျှိက်သံတိနန့်
ကျကျစ်ပါအောင်ဆုပ်ထားရေ ဒေါသ
ပင်လယ်ပြင်တဆုံး လက်ပစ်ကူးဖို့
မီးဟဟုန်းတောက် ခြီလှမ်း
ကန္တာရ ခြီသံတိနန့်
အပြင်းထန်းဆုံး မောင်းနှင်မယ်...
လှိုင်းထိုး လီခွဲ
ငါ့ရင်ထဲ....ဆောင်းသွီးစက်တိ....တဖွဲဖွဲကျ။
ခိုင်ရမ္မာ(၂၀၁၀)
သွီးစက်တိစွာ
ငါ့နှလုံးသားမှာ ပြန့်ကြဲ
အစီအစဉ်မဲ့....
အကာအရံမဲ့...
ငါ့ရင်ခွင်မှာ ဝေဒနာတိရာ ပွင့်လန်းလာရေ...။
မိပစ်ဖို့ ကြိုးစားထားကေလဲ
အတိတ် အရိပ်ဆိုး တွန်ကြူးသံရေ
ငါ့အိပ်မက်တိကို ယိမ်းခါထိုးအောင်လှုပ်နိုး
ငါပိုင်ဆိုင်ထားခရေ ညဥ့်က
ဇီးရိုးအောက် အနုတ် ၉၉ လောက် ကျရောက်လို့.....။
မျက်စိ ဖွင့်ခွင့်မရ
လလွတ်လလပ် ရုန်းကန်ခွင့်မရ
စိတ်ဟိတိုင်းရာ အော်ခွင့်ရဖို့ဆိုကေ
တစ်ကမ္ဘာလုံး ကျကျွဆူလာအောင်
ခြီကန်လက်ဆုပ် အားကုန်ထုတ်ပနာငါအော်ပစ်ချင်ရေ...
အကြွင်မဲ့ ဒီဇင်ဘာဆန္ဒ....။
လီပြင်းမှာ သစ်ရွက်စိမ်းတိ တဖြုတ်ဖြုတ်ကြွီ
နောက်ကွယ် စုန်းကဝေမ ပြုစားချက်နန့်
တုတ်နှောင်ခြင်း သမိုင်းဒဏ်ရာ
မွစာကြဲအောင် နင်းခြွီခြင်းမှာ
မျက်ရည် စီးကြောင်းက ငါ့အသဲတတည့်ကို စီးဆင်း
ငါဇာပိုင် ခံနိုင်ဖို့လဲ...။
သျှိက်သံတိနန့်
ကျကျစ်ပါအောင်ဆုပ်ထားရေ ဒေါသ
ပင်လယ်ပြင်တဆုံး လက်ပစ်ကူးဖို့
မီးဟဟုန်းတောက် ခြီလှမ်း
ကန္တာရ ခြီသံတိနန့်
အပြင်းထန်းဆုံး မောင်းနှင်မယ်...
လှိုင်းထိုး လီခွဲ
ငါ့ရင်ထဲ....ဆောင်းသွီးစက်တိ....တဖွဲဖွဲကျ။
ခိုင်ရမ္မာ(၂၀၁၀)
Subscribe to:
Posts (Atom)