Wednesday 20 March 2013

ရန်သူတိနန့် တတူနိန်ထိုင်ခြင်း


ငါရို့ ပတ်ပတ်လည်မှာ
ငါရို့ နိန်ထိုင်ခြင်းတိကို သွီးလည်ပတ်ဖို့ ပိုင်
ရှောင်မရ ဆီးမရ ဇာဘုံဘဝကလူတိလဲ။

ယင်းသူရို့ ရေ ငါရို့ အနာဂတ်တိကို ယူထားကတ်တေ
ငါရို့ အတိတ်ကိုလည်း ဖျက်လိုဖျက်ဆီး
ငါရို့ ပစ္စုပ္ပန်လည်း ယင်းသူတိကြောင့် စုတ်ပြတ်သတ် ပဲ့ရွဲ့ နိန်ယင့်။

ယင်းသူတိရေ ငါရို့ နန့် ဓာတ်မတူရေ ဗိုင်းရပ်တိကို ရီလာမြောင်းပီးပနာ
သူရို့ ချည်နှောင်ရေ ခုံးတိုင်မှာ ငါရို့ တိကို မြဲစီဖို့ ကြိုးစားရေ
ဗိုင်းရပ်တိနန့် လည်း ထွီးရောချက်တင် ဟြှင်သန်စီလို့ 
ဗိုင်းရပ်တိက ငါရို့ ကို ကိုက်လိုကိုက် ...
ငါရို့ အသက်အိုးအိမ်စည်းစိမ်တိကို လုလိုလု လို့ 
သူရို့ တံခါးကိုတော့ သံထရံ အချပ်ပေါင်းမကန်နန့်  ကာထားလီရေ။

ယင်းသူရို့ က ငါရို့ တိစွာ သူရို့ ရဲ့ လုံးဝခွဲခြားလို့ မရရေ ညီအစ်ကိုတိလတ်
ယင်းပိုင်ပြောပနာ ငါရို့ တိပါးက တန်ဖိုးအဟိဆုံး ပစ္စည်းတိကို ယူလားကတ်တေ
ငါရို့ သွီးသားတိကိုလည်း မက်လုံးမျိုးစုံနန့်  သူရို့ လောင်းရိပ်အောက်ကို သိမ်းသွင်း
နောက်ဆုံး ငါရို့ အဆန်ဆုံးငါရို့ တိတောင် ငါရို့ အကြောင်းတိကို ယောင်ယောင်ဝါးဝါးဖြစ်လာကတ်တေ။

အားလုံးထဲမှာ အဆိုးဆုံး တစ်ခုက ငါရို့ တိစွာ ငါရို့ တိမဟုတ်ဆိုကား
ငါရို့ တိစွာလည်း ယင်းသူရို့ ဖြစ်တေလတ်
ယင်းပိုင်ပြောဖို့  ယင်းသူရို့ စွာ သူရို့ ပစကို ကာလာအမျိုးမျိုးဆိုး
သာမန်မဟုတ်တေ စပ်ရာတိမကန်နန့် ဝတ်ရို့ ကို ခြုံပနာ
မရှက်တန်း မကြောက်တန်း ခြီလှမ်းတိ လှမ်းနိန်လီရေ။

နေ့ တဓူဝ ငါရို့ ပတ်ပတ်လည်မှာ
ငါရို့ ထက် တစ်လက္မလောက်ထူရေ ဖိနပ်တိကို စီးပနာသူရို့ ဟိနိန်လီရေ
မျက်နှာဖုံး မျိုးစုံကို ဝတ်ဆင်လို့ 
တချို့ က လုပ်ဖော်ကိုင်ဖက်
တချို့ က အတန်းဖော်၊ဆရာ/ဆရာမ
တချို့ က သထီး၊အထက်အရာဟိ
တချို့ က ငါရို့ တိကို ကကောင်းကြင်နာရေ မိတ်ဆွေစစ် မိတ်ဆွေမှန်
ကြက်သီး ဖြဖြန်းထကောင်းထမန်း
တချို့ က ငါရို့ ခန္ဒာထဲကသွီးသားတိကို တစ်ဝက်၊သုံးပုံနှစ်ပုံထိအောင် ယူငင်နိန်ကတ်ယင့်။

ငါရို့ တိစွာ လှုပ်မရ ရုန်းမရ
နှစ်ပေါင်း(၂၀၀)ကျော် ညောင်နွယ်ကြမ်းကြီးက ငါရို့ ခန္ဒာမှာ တင်းတင်းကျပ်ကျပ် ရစ်ပတ်
အထဲမှာ ငါရို့ ဆဲလ်နုနုတိနန့်  ဗိုင်းရပ်တိ ဗလဗွီထလို့ 
မွမ်းရေ ... အသက်ရှုကျပ်တေ
စိတ်ပျက်ဖို့ အကောင်းဆုံး နာရီလက်တံတိကို ထမ်းပိုးလို့ 
ဇာနိန့်  ဇာကာလ ဒေဘဝက လွတ်မြောက်နိုင်ဖို့ လဲဝေ။

                                              ခိုင်ရမ္မာ(၁၉.၀၃.၂၀၁၃)

Saturday 9 March 2013

ဝီးလားကတ်ရဖို့ ငါရို့ တိ

လမ်းကြုံ လမ်းဆုံပနာ 
တစ်ခါတစ်ခေါက် တွိဆုံခရရေ နိန်ရာ
ရင်မှာ အဖြူစင်ဆုံး
အနွီးထွီးဆုံး
ငါရို့ တိမှာ ဟာမိုနီညီပြီးသား နှလုံးသားကိုယ်စီနန့် မလား ။

သူငယ်ချင်း ...
စလုံးမြီစွာ အမှတ်တရ တစ်ခုထက်ပိုစီ ဝေ
ခင်ရေ မင်ရေ ... ယုံကြည်ရေ
အလုပ်တဖက်နိန့် ရက်တိကို ထမ်းပိုးလို့ 
ခံစားချက် ကိုယ်စီ
ဒုက္ခရသ ကိုယ်စီ
ငါရို့ တိဆုံကတ်တေ တနင်္ဂနွီတိုင်းကို သိမ်းထားဖို့ ဝေ ...
မင်း အိမ်ပြန်လားရေခါ
ယင်း ငါရို့ တွိနိန်ကျ နိန်ရာ နိန့် ရက်
စလုံးမြီစွာ ယင်းပုံရိပ်အမှတ်တရတိကို နဂိုအတိုင်းသိမ်းထားလီပတ်စီ
တနိန့် ငါရို့ ဝီးလားကတ်ရဖို့ ကားဝေ ...

လမ်းကြုံ လမ်းဆုံပနာ
တစ်ခါတစ်ခေါက် တွိဆုံခကတ်တေနိန်ရာ
နှစ်ကာလတိ ဇာလောက်ပြောင်းပြောင်း
ဒေနိန်ရာ ဒေအမှတ်တရချေတိအကြောင်းကိုကား
ငါ ... အခွင့်သင့်တိုင်း တူးဆွနိန်မိဖို့ သိမ့် ဝေ ။

ခိုင်ရမ္မာ(၂၂.၀၂.၂၀၁၃)

(လူငယ်) ပျံသန်းခြင်း


လူငယ်တစ်ယောက်စွာ 
ပျံသန်းခြင်းတောနက်ထဲကို ပြီးထွက်လားရေခါ
သူ့ တောင်ပံတိ မာကျောဖို့ အခွင့်အရေး ရပါလတ်တေ။
လွတ်လပ်ခြင်း လွတ်မြောက်ခြင်း
လောကက သင်ပီးရေ သင်ခန်းစာရေ
အမှန်နဲ့ အမှား
အကောင်းနန့် အဆိုး
အစစ်နန့် အတု 
သင်ယူတတ်မြောက် လူလားမြောက်လားရေနိန့် ပ

ညတိတဖြုတ်ဖြုတ်ကြီပနာ
နိန့် တိ တခမ်းတနား ဖူးပွင့်လာကတ်တေ။

လူငယ်တစ်ယောက်မှာ 
အစွန်းထင်း ကင်းရေ အဖြူရောင်စာမျက်နာတစ်ခုဟိရေ
နုပျိုခြင်း ရဲရင့်ခြင်း
လောင်ကျွမ်းအား အကောင်းဆုံးသမိုင်းတိကိုရီးဖို့ 
လူငယ်ဆိုစွာ နီမင်းရဲ့ မဟာမိတ်ဖြစ်တေ
လူငယ်ဆိုစွာ ပျံသန်းခြင်းမြှားတစ်စင်းရဲ့ ထိပ်ဖူးဖြစ်တေ
ယေတင်မက လူငယ်ဆိုစွာ လွတ်မြောက်ခြင်းတိုက်ပွဲတိရဲ့ ဇာတ်လိုက်လဲဖြစ်တေ။

လူငယ်တိ ပျံသန်းတတ်တေ ကောင်းကင်မှာ
သင်ယူခြင်း ... တတ်မြောက်ခြင်း
ဟြှာဖွီခြင်း ... တွိဟိခြင်း
မလွတ်လပ်ခြင်း ... တော်လှန်ခြင်း
အဖျက်ဆီးခံရဖြင်း ... ပြန်ပနာတည်ဆောက်ခြင်း
လူငယ်ဆိုစွာ ခေတ်သစ်တိကိုရီးထိုးတတ်တေ ကလောင်တံတိဖြစ်တေ။

သြော် ... လူငယ် 
တတူတူ ပျံသန်းခြင်း တောနက်ထဲ
တက်ညီ လက်ညီ
အားပြိုင် သံပြိုင် နှလုံးသားပါပြိုင်လို့ 
ခေတ်ကိုပါ တစ်ခါတည်း တတူတူမောင်းနှင်ကတ်မေ
လာဝေ ... လွတ်မြောက်ခြင်း နိန့် သစ်တိဘားသို့  ... ။

                                             ခိုင်ရမ္မာ(၀၅.၀၃.၂၀၁၃)

ငှက်တိ အကြောင်း



ငှက်တစ်အုပ် ဟိရေ ...
လွတ်မြောက်ရီးငှက်တိ ပ
ယင်းငှက်တိမှာ သမိုင်းသစ်ကို ပျံသန်းဖို့ ခံယူချက်တစ်ခုစီပါကတ်တေ
ကောင်းကင်ဆန်ရေ သခြင်းတိကို သံပြိုင်သီကျူးလို့ 
ယင်းငှက်တိ ယေ
မြင့်မြင့်ပျံတက်ဖို့  တောင်ပံတိကိုလည်း ပြပြင်းထထန် ဝှိ့ ယမ်းနိန်ကတ်ယင့်။

အုပ်စုဖွဲ့  ညဇာသားတိမှာ
လှောင်အိမ်ဆန်ရေ သူရို့ မွီးရပ်မြီအကြောင်း
ဥခွံခတ်မာမာထဲမှာ ပိတ်မိနိန်သိမ့်ရေ သူရို့ မျိုးနွယ်တိအကြောင်း
သမိုင်းအဆက်ဆက် လွတ်လပ်စွာမပျံသန်းနိုင်ခရေ သူရို့ သက္ကရာဇ်တိ အကြောင်း
ငှက်ဆန်ဆန်သူရို့ စကားဝိုင်းက လွတ်မြောက်မှုအာသီသတိအပြည့်
သူရို့ ရေ မုန်တိုင်းခရီးကြမ်းအတွက်လည်း ပျံသန်းဖို့ အသင့်ဖြစ်နိန်ကတ်တေ။

သူရို့ တိရေ သူရို့ အနာဂတ်အတွက် ဖီးနစ်ငှက်တိ ဖြစ်ကတ်တေ
သူရို့ တိရေ သူရို့ အချင်းချင်းအတွက် အောက်ချင်းငှက်တိဖြစ်ကတ်တေ
သူရို့ တိရေ ရန်သူအတွက် ဝံလက်ငှက်တိ ဖြစ်ကတ်တေ
ပျံသန်းခြင်းနန့် ဘဝကိုပေါင်းစပ်လို့ 
တာတို တာရှည် အုပ်လိုက်ပျံကတ်ဖို့  သူရို့ အားမာန်
သူရို့ မြီစွာ သူရို့ ပျံသန်းခြင်းအတွက် ကဗျည်းအက္ခရာတိထွင်းထုလို့ ဟိနိန်လီရေ။

ငှက်တစ်အုပ် ဟိရေ
တော်လှန်ရေး ငှက်တိ ပ
လွတ်မြောက်ခြင်းတေးသံတိ သံပြိုင်သီကျူးကတ်တေ
လှောင်အိမ်ကမ္ဘာအတွက် ကမ္ဘာမကျေအလံတိ လွင့်ထူကတ်တေ
ယင်းငှက်တိ ယေ
သမိုင်းသစ်ခရီးကို ပျံထွက်ထိုးဖောက်ဖို့ 
သူရို့ တောင်ပံတိကိုလည်း တဘြုန်းဘြုန်းခတ် ဝှိ့ ယမ်းနိန်ကတ်ယင့် ဝေ။

                                                 ခိုင်ရမ္မာ(၁၀/၀၃/၂၀၁၃