Tuesday 25 December 2012

မွီးနိန့် 


မနှစ်က ငါနန့်  ဒေနှစ်ငါ
နောက်တစ်နှစ်ငါနန့်  ဒေနှစ်ငါ
ငါ ...
ငါ ...
ငါ ...
အသက်တစ်နှစ် အပိုထပ်ရလိုက်လို့ 
ဂျီးတိ
အထုတ်တိ
ပြသနာတိ
ဝါသနာတိ
သံယောဇဉ်တိ
အချစ်တိ
အမုန်းတိ
သငယ်ချင်းတိ
သွီးစွာပိုလို့  အစီးမြန်လာရေလို့ တောင်ထင်မိရေ ...
၂၅ နှစ်ဆိုရေ မှတ်တိုင်စွာ
....................
သမရိုးကျ ...
တစ်ခန္ဒာလုံးကို ဖိုးထိုးမီကင်ဖို့ လိုသိမ့်ရေ။
                                        ခိုင်ရမ္မာ(12/08/2012)

ရမ်းဗြဲဆောင်း

ဒွင်းသား ကလီဇာထိအောင်ရာ
ခန္ဒာတစ်ခုလုံး ရခဲရိုက် ခံထားရစွာလား ထင်ရရေ
တုန်ယင်း တုန်ယင်း
တောင်လီ စစူးတစ်ချက်မှာ
နရွက်တိ ပြတ်ကျန်ခဗျာယ်လား.....
ခြီဖျားလက်ဖျား
အသဲကြား သွားကြားထိအောင်ချမ်းရေ.....
ကျွန်းဆိုကေလဲ
ချမ်းရေနီရာမှာ ကမ်းကုန်
ရခဲ အမှတ်အောက် ရီမခဲ စော်ရာ ဟိရေ....
မီးမြင်ကေ ပြီးဝင်ချင်ရေ ဆန္ဒ
တားမရ ဆီးမရ
ရမ်းဗြဲသားဘဝ ဒုက္ခ
တအောင့်ချေမဟုတ်
တစ်ဆောင်းတွင်းလုံး....။
                                    ခိုင်ရမ္မာ(၂၀၁၀)
                              (ရမ်းဗြဲဆောင်းကို လွမ်းနိန်မိရေ...)

Monday 24 December 2012

ဒီဇင်ဘာ

ချမ်းနိန်ကတ်တေ ...

ရာစုနှစ် ၂ ခုကျော်ဒဏ်ရာတိနန့် 
သီရာပါလားဖို့  စာမျက်နှာ

နှစ်တစ်နှစ် နောက်ဆုံးနိန့် မှာ
ဝေဒနာတိကို လက်ထိုးအန်ချ
ငါရို့ အားလုံးက
ကြမ္မာငင်နိန်ရေ ရီခမ်းငါးတိပိုင် ဘဝ

ဆောင်းလီရိုင်းတိ တိုက်ခတ်လာဗျာယ်

ဗဟိုစည်သံကို ငါကြားယင့်
မီးလောင်ပေါက်ကွဲသံတိကို ငါကြားယင့်
ငိုယို ပြီးလွှားသံတိကို ငါကြားယင့်

ဆုံးရှုံးမှုတိက ငါရို့ သွီးကို ခဲလားစီခရေ
ဖိုးဖီးစဉ်လာ
နန်းတော်
ဇာတိမာန်
သမိုင်း
ယဉ်ကျေးမှု
စာပီ
လူသား
မကန် မကန် မကန်

ငါရို့  ထပ်ပနာ ချမ်းနိန်ကတ်သိမ့်ရေ
ငါရို့  အဖသွီးထဲမှာ မိစ္ဆာဗိုင်းရပ်တိ သိုက်အုံဖွဲ့ လို့ 
ငါရို့ တိလည်း လူမမာပက်လက်
အချမ်းဒဏ်က ခံနိုင်ရေ ဒီဂရီစည်းကို ကျော်နိန်ဗျာယ်

ဒီဇင်ဘာ ...
ထပ်ပနာ ယင်းဝေဒနာတိကို မင်းမယူလာကေ့ဖိလား ဝေ။

ခိုင်ရမ္မာ
ဒီဇင်ဘာ ၊ ၂၀၁၂

ဆောင်း


ငါ့ အဖမြီမှာ
ငါချစ်တေ ငါ့မိသားစု၊ ငါ့သွီးသား၊ ငါ့လူမျိုး
ချမ်း ခခိုက်တုန်နိန်ကတ်ဖို့  ရာသီ
ကျိန်စာသင့် ဘဝတစ်ပတ်လည်အသက် ရှူသံ
မျှော်လင့်ချက်တိလည်း ဆီးနှင်း ဖုံးနိန်ကတ်လောက်တေ ...။

ရက်စက်တေ သက္ကရာဇ်တိမှာ
သာသနာမြီလဲ သွီးပင်လယ်ဖြစ်ရ
အနာဂတ်တိ ပြာအမှောင်ဖုံး
အမျိုးတစ်ခုလုံး လူဖြစ်ရှုံးနိန်ဗျာယ် ...။

ထပ်ပနာ မလာပါကေ့ဖိ ဝေ
အဆိုးဆုံး ကံကြမ္မာ
သမိုင်းထဲက ဒီဇင်ဘာ
သွီးမြီခ
အနာဂတ်တိ မြီခ
ကြွီပြုန်းခရေ အတိတ် ဘဝ ဘဝတိ
ဒေ နှင်းလီရိုင်းတိကို 
ဒေ ခုနှစ် သက္ကရာဇ်မှာ အဆုံးသတ်ပစ်ချင်ယာကား ဝေ။
                                          ခိုင်ရမ္မာ(၁၆/၁၁/၂၀၁၂)

ဂိုးချေ သို့  ...


ဂိုးချေ
နှုတ်ဆက်စကား ငါမဆိုဗျာယ် ...
ပြန်လိုက် လာလိုက်ဆိုစွာ အကတ်ဆန်းရေ ကိစ္စတော့ မဟုတ်
ဂိုးချေက အတောင်မပါရေ ငှက်ကားမဟုတ်
လီဟုန်ခွင်းဖို့ 
တောင်ပံကောင်းကောင်းပါစွာ ငါသိပြီးသားရာ
ဂိုးချေမှာ ဖြူစင်ရေ နှလုံးသားဟိရေ
ဂိုးချေမှာ မျိုးချစ်တတ်တေ ရခိုင်သွီးစစ်စစ် ဟိရေ
ဂိုးချေမှာ တော်ရုံနန့်  ထိုင်မလားတတ်တေ မျက်လုံးတစ်စုံဟိရေ
ဂိုးချေ ...
အနာဂတ်ကို စီးချင်းထိုးဖို့  ဒေချင့်က အချေကစပ်စွာလောက်ရာ
ငါ ယုံရေ
ငါ ပြောဝံ့ရေ
ငါ သိနိန်ရေ
လောကဓံတိကို နင်းဖြတ်လို့ 
လက်ခမောင်းခတ်သံ တညံညံ မိုးယံထက်ဖျား
အဖပြည်အတွက် ကြယ်ကိုဆွတ်ဖို့ လူငယ်
ဂိုးချေ ...
ပြန်လာဖို့ ရက်ကိုရာ မျော်နိန်မေ
ငါနှုတ်ဆက်စကား မဆိုဗျာယ်။
                                 ဘရားသား ခိုင်ရမ္မာ(13/12/2012

ငါရို့ လွတ်လပ်လားရေခါ


ငါရို့  လွတ်လပ်လားရေခါ
ငါရို့ ရယ်သံတိကို ငါရို့  ကြားကတ်ရဖို့ 
ငါရို့ အနာဂတ်တိကို ငါရို့ ဆုပ်ကိုင်နိုင်ကတ်ဖို့ 
ငါရို့  သမိုင်းတိကို ငါရို့  အသံကျယ်ကျယ် ဖတ်နိုင်ကတ်ဖို့  ...

ငါရို့  လွတ်လပ်လားရေခါ
ငါရို့ တိရေ ကမ္ဘာကြီးထက်က လူတိဖြစ်လာကတ်တေ
ငါရို့ သခြင်းတိကို ငါရို့ ဆိုကတ်တေ
ငါရို့ စကားတိကို ငါရို့ ပြောကတ်တေ
ငါရို့  အိမ် ကျောင်း ဘုရား ပုထိုး
အရာအရာစွာ ငါရို့ လက် ငါရို့ ခြီ ...

ငါရို့ လွတ်လပ်လားရေခါ
ငါရို့ ပင်လယ်ပြင်ရေ အသန့် ရှင်းဆုံး လီးညှင်းတိ တိုက်ခတ်လိမ့်မယ်
ငါရို့ ကောင်းကင်ပြင်လဲ ကြင်လင်ဝင်းပ
အနာဂတ်ကြယ်ပွင့်ချေတိ ထိုတစ်ပွင့် ဒေတစ်ပွင့်
ယင်းချင့်စွာရာ ငါရို့ ဘဝစစ်စစ်တိ ဖြစ်လိမ့်မယ် ...

ငါရို့ လွတ်လပ်လားရေခါ
ဖိနှိပ် ဂုတ်သွီးစုပ်မှုတိ မီးလောက်ပြာကျ
နိန့် သစ်ကိုစတင်ရေ ပန်းချေတိလည်း မကန် နမ်းသျှိုက်ခွင့်ရလိမ့်မယ်
အကြောက်တရားတိ ရာသက်ပန်ပျောက်ဆုံး
ခေတ်တစ်ခေတ် နိဂုံး ... သို့ မဟုတ်
ခေတ်တစ်ခေတ် နိဒါန်း ပ
ငါရို့  လွတ်လပ်လားရေခါ
ငါရို့ တိရေ အမှန်တကယ် ငါရို့ တိ ဖြစ်လာကတ်လိမ့်မယ် ...။
                                             ခိုင်ရမ္မာ(17/12/2012)

တော်လှန်တတ်စီ ဝေ


တော်လှန်တတ်စီ ဝေ သူငယ်ချင်း
လူငယ်ပပီ
ခေတ်ကို အသားနားဆုံး ခွစီးလို့ 
လွတ်လပ်ခြင်း အနုပညာကို ခံစားတတ်စီ ...
ဖိနှိပ်ခြင်းတိ ဟိကေ တွန်းလှန်မှုတိ ဟိရဖို့ 
ခွဲခြားခြင်းတိဟိကေ ပေါက်ကွဲထွက်ခြင်းတိ ဟိရဖို့ 
သတ္တိ ဗျတ္တိ ဆိုစွာထက်
လူဆိုစွာ လူသားဆန်ဆန် အသက်ရှင်ခွင့်ရဖို့ ရာ အရေးကြီးရေ
ကိုယ့်အခွင့်အရေး သူ့ အခွင့်အရေး
သူ့ ဘဝ ကိုယ့်ဘဝ
လောကစွာ တန်းတူညီမျှဆိုကေ ဇာလောက်ကောင်းဖို့ လဲ
ယေလဲ 
ညီမျှခြင်းဆိုစွာ သင်္ချာစာအုပ်ထဲမှာရာဟိရေ
လက်တွိဘဝ ညီမျှခြင်းက သွီးတိအလိမ့်လိမ့်နန့် 
သူငယ်ချင်း ...
တော်လှန်တတ်စီ ဝေ
လူပီသဖို့  ဖိနှိပ်ခြင်းတိကို ငါရို့ တော်လှန်ရဖို့ 
ခွဲခြားခြင်းတိကို ငါရို့ တော်လှန်ရဖို့ 
ဂုတ်သွီးစုပ်ခြင်းတိကို ငါရို့ တော်လှန်ရဖို့ 
သူငယ်ချင်း ...
လူငယ်ပပီ တော်လှန်တတ်စီ ဝေ ...
                                                      ခိုင်ရမ္မာ(၁၈/၁၂/၂၀၁၂)