Saturday 25 February 2012

ကလမတီ ည

သမရိုးကျ ညတစ်ခုရာ...
ရိုးစင်း လှပလို့ 
အမ်အာတီ ပြီးသံ သသဲတိ ကြားနိန်ရရေ...
စလုံးည...
ဖောရိန်းည...
စနီနိန့် ည...
အလင်းနန့် အမှောင်ရို့ အားပြိုင်နိန်ကတ်တေ ညပ။
ရခိုင်မုန့် တီ နံ့ ချေတိ သျှူသျှိုက်ရရေ...
ရခိုင်စကားသံ ပပေါက်တိ ကြားရရေ...
ရခိုင်သမ အလှပလချေတိ မြင်ရရေ...
တစ်ခါတစ်လီ ရခိုင်သခြင်းသံတိကြား ငရို့ တိ လွင့်မျောလို့ 
ယင်းညစွာ အာရက္ခည
ယင်းညစွာ သဇင်ပန်းတိ အခိုင်လိုက်ပွင့်နိန်ရေည
ယင်းညစွာ မိုင်ထောင်သောင်းအဝီးက ရခိုင်ပြည်ည
ငါချစ်လိုက်တေ ဝေ...
ကလမတီည...
ရခိုင်သားည...
စလုံးည...
ဘဝတိ ပိုလို့  ရခိုင်ဆန်ပါလတ်ကတ်တေ...။
                                            ခိုင်ရမ္မာ(၂၈.၁.၂၀၁၂)

နွီနီကြမ်း

တစ်နိန့် ထက်တစ်နိန့် 
ဘဝစွာ နွီရာသီ ဆန်ပါလတ်တေ...
ခြောက် သွိ့  ပြိုင်း ရိုင်း
အထီးကျန် လမ်းမအို
တစိမ်း အာဂန္တု အရပ်
မိုးတစ်ဆုံး မြီတစ်ဆုံး
အလွမ်းစွာ ဂြိုလ်ဆိုးတစ်လုံးရာြ့ဖစ်တေ။
နီညိုတိုင်း ဗျိုင်းအုပ်ဖြူတိနန့် တတူ အိမ်ပြန်ဖို့ 
တိမ်စိုင်တိကြား မျက်ရည် ညဇာသားအလှ
လူသားစွာ အဖော်မဲ့လာလီ ပျော့ညံ့ပါလာလီလတ်...
ဟုတ်တေ... ငါပျော့ညံ့ပါလတ်တေ
ရီပြာပင်လယ် ပတ်ဝိုင်း
ရိုင်းစိုင်းရေ မွန်းတည့်နီ လက်ချောင်းကြမ်းတိ
နိုင်ငံရပ်ခြား...
လူငယ်၊ ဘဝ၊ အလုပ်၊ ပေသာ၊ အောင်မြင်မှု
ဟူးးးးး
တစ်နိန့် ထက် တစ်နိန့် 
ဘဝစွာ နွီရာသီဆန်ပါလတ်တေ ဝေ...။
                                     ခိုင်ရမ္မာ(၉/၂/၂၀၁၂)

(နွီ)အလွမ်း

နွီသစ်ရွက်ခြောက်တိနန့် တတူ လွင့်ဖို့ 
ငါစွာ အဝီးရောက် ဆောင်းခိုငှက်တစ်ကောင်ရာ ဖြစ်တေ။
ပျံယင်း...
ပျံနိန်ယင်း...
ခါတော်မီ မွီးရပ်အလွမ်းတိက မပြယ်
ကမ္ဘာရွာကြီး တစ်နိန်ရာက ညချေတစ်ညထဲမှာ ပ၊
လီညှင်းတိ သင်း
အားတင်းထားရေ မြှားတစ်စင်း အာသီသ ရီစီးသံ
ဥသြသံတိကြား အမောဆို့  ခရီးပန်းနိန်ပေါင်းလဲ များဗျာယ်။
လွမ်းရေ...
နွီသရုပ် နွီသံသရာ
ရွက်သစ်နုလာဖို့  ကာလကို တူရူယင်း
ဆောင်းခိုငှက် တောင်ပံခတ်သံ ခပြင်ပြင်း တစ်ချက်
ဒေရာသီ မကုန်ခင်တော့ ကိုယ်မြီကို တစ်ခေါက် ပြန်ရောက်ချင်ယင့် ဝေ။
                                                     ခိုင်ရမ္မာ(၂၁/၂/၂၀၁၂)