Monday 23 January 2012

အဖိုးသျှင် ဆရာကြီး ... သို့ 


ဦးညွှတ်အလေးပြုပါရေ... အဖိုးသျှင် ဆရာကြီး
အမျိုးအတွက် ရဲရင့်ပြတ်သားရေ ဆရာကြီးစိတ်ဓာတ်
စစ်မှန်ရေ ရက္ခိတ မျိုးစောင့်တရား ဝိညာဉ်
ရဂ နှစ်တာ ကာလပတ်လုံး ဆရာကြီးနှလုံးသားစွာ
ရခိုင်ပြည်သားတိအတွက် အားပြင်းရေ မိုးကြိုးသွား တစ်ခုရာဖြစ်တေ...
တာဝန်ကျီခပါရေ ဆရာကြီး
အသက်ထွက်ခါနီး နာရီပိုင်းအထိ
ရခိုင်ပြည်အရီး၊ ရခိုင်လူမျိုးတိ အရီးကို မိန်းနိန်ခစွာ
ဆရာကြီးစွာ အမျိုးမှန်ရေ သဇင်ရိုးတံကောင်း တစ်ခက်ရာဖြစ်တေ...
ဦးညွှတ် အလေးပြုပါရေ ဆရာကြီး
ဆယ်စုနှစ် ၈ခု ဆိုစွာ လူတစ်ယောက်အတွက် ရှည်လျှားပနာ မောပန်းနွမ်းနယ် လောက်တေ ကာလပါ
ယေလဲ မပြီးပြတ်သိမ့်ရေ ရခိုင်ပြည်အရီးအတွက်
ဆရာကြီးထွက်လားစွာ စောရေလို့ ပြောချင်ရေ...
ဆရာကြီးစွာ ရခိုင်ပြည်အတွက် ဓူဝံကြယ်ကြီး တစ်စင်းရာဖြစ်တေ
နှစ်ကာလတိ မကန် လမ်းညွှန် ထွန်းလင်းလို့ 
ယင်း ဓူဝံကြယ်ကြီး ကြွီကျလားရေခါ
ကျနော်ရို့ တိ နှမြှောတသ ယူကျုံးမရ ဖြစ်စွာ ဆန်းလား...
ဆရာကြီး ရခိုင်ပြည်သားတိနန့် တတူ ဟိနိန့် ခသင့်သိမ့်ရေ
ဆရာကြီး နောက်ဆုံးဟိနိန် ခရေ အမေရိကန်နိုင်ငံ နယူးယောက်မြို့ 
ဆရာကြီးချစ်တေ ရခိုင်ပြည်နန့် ရခိုင်လူမျိုး
ဇာပိုင်ပင်ဆိုဆို ဆရာကြီးပိုင် ပုဂ္ဂိုလ်တစ်ပါးစွာ ရခိုင်မြီမှာရာ ခေါင်းချလားသင့်ရေ...
ထပ်ပနာ ဦးညွှတ် အလေးပြုပါရေ ဆရာကြီး
ကမ္ဘာတည်သရွိ့  ရခိုင်ပြည်နန့် ရခိုင်လူမျိုးတိ ဟိသရွိ့  ဆရာစွာဟိနိန်ရေ
အသျှင်ဦးမြတ်ဝါ
အသျှင်မဟာပညာကျော်
ဆရာကြီးအဖိုးဦးဦးသာထွန်းရို့ နန့် တတူ
ဆရာကြီးစွာလည်း ရခိုင့် သူရဲကောင်းတစ်ဆူ
ရခိုင်အာဇာနည် ဗိမ္မာန်မှာ ကမ္ဘာတည်သရွိ့ ဟိနိန်စီရဖို့ 
ဦးညွှတ်အလေးပြုပါရေ ဆရာကြီး...
တာဝန်ကျီခပါရေ ဆရာကြီး...
သမိုင်းထဲမှာ မော်ကွန်းပြယုဂ်ထိုးလို့  ရခိုင့်သူရဲကောင်းပီသပါရေ ဆရာကြီး...
ထာဝရ သူရဲကောင်းပီသလျှက်ပါ...။
                                                    ခိုင်ရမ္မာ
                                                  ၂၂.၁.၂၀၁၂
(၁၉.၁.၂၀၁၂ မှာ ကွယ်လွန်လားခရေ ဆရာကြီး ဒေါက်တာအေးကျော် အမှတ်တရ)